Friday, November 29, 2013

Friday, November 29, 2013

ယနေ့ညနေက ၂၀၁၄ အာရှအမျိုးသမီး ချန်ပီယံလိဂ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမည့် ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့မှာ
အုပ်စုပွဲစဉ် များကို မဲခွဲမှု ပြုလုပ်ခဲ့ပါသည်။ အိမ်ရှင် ဗီယက်နမ်အသင်းကတော့ ကမ္ဘာ့ချန်ပီယံဟောင်း ဂျပန်၊ လက်ရှိ အာရှချန်ပီယံ သြစထလီယား
နှင့် ဂျော်ဒန်အသင်းတို့နှင့်အတူ အုပ်စု (A) မှာ တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရပါသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကတော့ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်း တို့နှင့်အတူ အုပ်စု (B) တွင်
အတူတူ ပါဝင်ခဲ့ပါသည်။ အဆိုပါ အာရှအမျိုးသမီးဘောလုံးပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ပြိုင်ပွဲရလဒ်အရ သြစထလီယား၊ ဂျပန်၊ တရုတ် နှင့် တောင်ကိုရီးယားအသင်းတို့က တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပြီး၊
မြန်မာအပါအ၀င် ထိုင်း၊ အိမ်ရှင် ဗီယက်နမ် နှင့် ဂျော်ဒန်အသင်းတို့က ခြေစစ်ပွဲ အုပ်စုများမှာ အုပ်စုဗိုလ်အဖြစ် အသီးသီးရပ်တည်နိုင်ခဲ့ပြီး ယခုပြိုင်ပွဲကို ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့ခြင်းလည်း ဖြစ်ပါသည်။ ယခုကျင်းပမည့် အာရှအမျိုးသမီး ချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲတွင် အဆင့် (၁) မှ (၅) အတွင်းဝင်သည့် ဘောလုံးအသင်းများသည် ၂၀၁၅ ဂျွန်လ ၆ ရက် မှ ဇူလိုင်လ ၅ ရက်ထိ ကနေဒါနိုင်ငံတွင် ကျင်းပပြုလုပ်မည့်
ကမ္ဘာ့ဖလားအမျိုးသမီး ဘောလုံးပြိုင်ပွဲဆီသို့ တိုက်ရိုက်ဝင်ခွင့် ရရှိမည့် အခွင့်အရေးတရပ်လည်းရှိနေသည့်မို့ ထိုင်း၊ အိမ်ရှင် ဗီယက်နမ်၊ ဂျော်ဒန် နှင့် မြန်မာအမျိုးအသီးအသင်းတို့ အဆိုပါ အခွင့်အရေးကို
ရယူနိုင်ဖို့ အခွင့်အရေးကိုယ်စီရှိနေကြပါသည်။

မိုးတိမ်
http://www.football-cafe.com/

posted from Bloggeroid

No comments: