Saturday, November 30, 2013

မနက်က နိုင်ငံတော်သမ္မတနဲ့ လူထုအခြေပြုအဖွဲ့အစည်းများတွေ့ဆုံတဲ့အကြောင်း တင်လို်က်တဲ့ ပို့စ်အောက်မှာ ကို ထွန်းထွန်းဆိုသူက အခုလို လာရေးသွားပါတယ်။

Ko Tun Tun
ဦးခင်ဗျား ..... Scientist Myanmar မှာ ဦးနဲ့ဦးမိသားစုအကြောင်း သတင်း တစ်ပုဒ် တင်ထားပါတယ် ....ဦး အချိန်ရရင် ဖတ်ကြည့်စေချင်ပါတယ် .....

အော် သိပ္ဗံနဲ့ ငါ ဘာများဆိုင်ပါလိမ့်မလို့ သွားဖတ်လိုက်တော့ ဦးရဲထွဋ် မိသားစု အရှုတ်တော်ပုံပေါ်ပြီ ဆိုပြီး ရေးထားပါတယ်။

ကျွန်တော်အနေနဲ့မိမိယုံကြည်ရာကို ပွင့်ပွင့်လင်းလင်းပြောပါတယ်။ အမြင်မတူရင် ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့် ဂေါက်မရိုက်တတ်တဲ့ ကျွန်တော်ကို မဆီမဆိုင်သတင်းဖြန့်တာ၊ ဘာမှ မပတ်သက်တဲ့ မိသားစုကို ဂုဏ်သိက္ခာကျဆင်းအောင်ရေးတာ သင့်၏။ မသင့်၏ စာဖတ်သူများပဲ ဆုံးဖြတ်ပေးကြပါ။

ကျွန်တော်တို့မိသားစုမှာ ဖုံးကွယ်စရာ ဘာမှမရှိပါဘူး။အဲဒီအတင်းအဖျင်းသတင်းများဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ဆိုတာ မိတ်ဆွေများဆုံးဖြတ်နိုင်အောင်
မူရင်းသတင်းလင့်ခ်ကို မျှဝေပေးလိုက်ပါတယ်။


သိပ္ဗံအမည်ခံထားတဲ့ ဆိုက်ဒ်မှာ အဲဒီလို သတင်းတွေတင်တာ၊ လက်ခံတာတွေ့ရတော့ အံ့သြမိပါတယ်။



https://www.facebook.com/pages/Scientist-Myanmar/471509459552892 Scientist Myanmar
knowledge sharing

posted from Bloggeroid

No comments: