Monday, November 25, 2013

ညီမလေး........ အလှတွေကြောင့်မာန်ဝင့် မျက်နှာမှာ ပန်းရိုက်ဆေးပေါင်းစုံနဲ့ မြှောက်ပင့်သူ လူအများကြားမှာ င့ါညီမသာယာတတ်ပြီလား။ ညီမလေး......... ငါ့အလှ၊ငါ့မာနကြောင့် ခြေရင်းမှာ ခယဝပ်ဆင်း ကျားပေါင်းစုံကို အပေါ်စီးကကြိုးကိုင် ငါနိုင်ပြီရယ်လို့များ ထင်မှတ်မှား ငါ့ညီမ ရမ္မက်တွေမှာ ယစ်မူးတတ်ပြီလား။ ညီမလေး.............. ငွေတွေကို ရေလိုသုံး အဆိပ်ပင်ကိုရေလောင်းလို့ ပိုက်မိတဲ့ ခါးပိုက်ထဲငွေ မြွေရယ်လို့မသိ အပျော်တောမှာ နယ်ကျွံရင်း ငါ့ညီမ မိန်းမောတွေဝေတတ်ပြီလား။ ညီမလေး........... မှောက်မှားတဲ့သံသရာ၊ ဖောက်ပြားတဲ့စိတ်ဆန္ဒနဲ့ အမှားကို မင်းမမြင်ခင်တော့ တဏှာနွံမှာ မင်းကျွံလိမ့်အုံးမယ်။ တကယ်ဆိုညီမလေးရယ်....... ဆူးခတဲ့နှင်းဆီနီ ကြူကြူမွှေးသလို နှင်းပွင့်လို စံပယ်ဖြူအလှလည်း ငြိမ်းအေးကြောင်း မင်းလေးနားဝင်အောင် ဘယ်လိုနားချရမလဲ။ မင်းထင်သလို အပေါ်ယံပကာသနတွေနဲ့မှမဟုတ် မင်းလေးဘဝလှပအောင်...... မှတ်ထားလိုက်ပါ့ ညီမလေးရယ် မေတ္တာခြုံမှ လုံလိမ့်မယ်.
by အောင်မျိုးမင်း

posted from Bloggeroid

No comments: