Thursday, November 28, 2013

စိမ်းလန်းကြည်လင် ချစ်စိတ်ရွှင် အောင်စိတ်မွေးထား မြန်မာ့အားကစား
=====================================

ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည် နိုင်ငံတော်ကို စစ်ရေးဖြင့် ကာကွယ် စောင့်ရှောက်နေကြ သကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနည်းလမ်းများဖြင့် နိုင်ငံတော်စွမ်းရည် တိုးတက်အောင်

တည်ဆောက်နေကြပြီး အချို့နိုင်ငံများသည် နိုင်ငံစီးပွားရေး တိုးတက်အောင် အားကစားဖြင့် ဆောင်ရွက်နေကြသည့် နိုင်ငံများလည်း ရှိနေကြောင်း တွေ့ရသည်။ နိုင်ငံတကာ အားကစား ပြိုင်ပွဲများမှာလည်း ခေတ်နှင့်အညီ နည်းစနစ်၊ နည်းပညာနှင့် တစ်ဦးချင်းအရည် အသွေးများ တိုးတက်လာကြကာ ယှဉ်ပြိုင်မှုပိုမို အားကောင်းလာနေကြပြီ ဖြစ်သည်။ ကမ္ဘာ့မိသားစုဝင် မြန်မာနိုင်ငံ အနေဖြင့်လည်း မြန်မာ့အားကစားမှ အာရှအားကစားသို့၊ အာရှအားကစားမှ ကမ္ဘာ့အားကစားသို့ဟူသော ရည်မှန်းချက်ဖြင့် အားကစား အဆင့်မြှင့်တင်ရေး ကြိုးပမ်းနေချိန် ဖြစ်သည်။

အားကစားမြှင့်တင်ခြင်းနှင့် အားကစားသမားတို့၏ စွမ်းဆောင်နိုင်မှုများသည် အမျိုးသားရေး ဂုဏ်သိက္ခာကို မြှင့်တင်ပေးသကဲ့သို့ နိုင်ငံတော်ကို ကာကွယ်စောင့် ရှောက်နေခြင်းလည်း ဖြစ်သည်။ အားကစား အောင်မြင်မှုသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အဆင့်အတန်းကို ရောင်ပြန်ဟပ်စေပြီး လူမျိုး၏ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ညွှန်းနေသည်။ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ၍ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ စည်ကား သိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရန် အားကစား ဝန်ကြီးဌာနနှင့် အခြားဆက်နွှယ်သော ဝန်ကြီးဌာနတို့ ပူးပေါင်းပြင်ဆင်လျက် ရှိသည်။ ပြိုင်ပွဲတွင် အားကစားနည်း ၃၃ နည်းကို နေပြည်တော်၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်တို့တွင် ကျင်းပသွားရန် နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့က စိတ်အားထက်သန်စွာ ပါဝင်ကူညီ ပံ့ပိုးမှုများကြောင့် ယခုအချိန်တွင် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစား အဖွဲ့များနှင့် နိုင်ငံတကာမှ လာရောက်ကြမည့် ဧည့်သည်များ အတွက်ပါ တည်းခိုနေထိုင်ရေးနှင့် သွားလာရေးတို့အတွက် ဧည့်ဝတ်ကျေပွန်ရန် အသင့်ဖြစ်နေကြောင်း တွေ့ရသည်။ အားကစားပြိုင်ပွဲ ကျင်းပမည့် နေရာများတွင် နေပြည်တော်ရှိ ဇေယျာသီရိ အားကစား ကွင်းကြီးသည်လည်း အပါအဝင်ဖြစ်သည်။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်၊ မြန်မာ့အားကစားမှကမ္ဘာ့ အားကစားသို့ဆိုသော ရည်မှန်းချက်များဖြင့် အားကစား အဆင့်အတန်း မြင့်မားလာအောင် ကြိုးပမ်းမြှင့်တင်ရာတွင် တပ်မတော် အားကစား သမားများလည်း ပါဝင်နိုင်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ တပ်တွင်းအားကစား လှုပ်ရှားမှုသည် တပ်မတော် အားကစား အဆင့်အတန်း မြင့်မားတိုးတက်ရေးအတွက် အထောက်အပံ့ ကောင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် အားကစားသမားများ မွေးဖွားပေးရာ အရင်းအမြစ်လည်း ဖြစ်သည်။ ထို့ကြောင့် နေပြည်တော် ဇေ ယျာသီရိမြို့နယ်၌ ဇေယျာသီရိ အားကစားကွင်း စီမံကိန်းကို ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီ ၁ဝ ရက်တွင် စတင်ဆောက်လုပ်ခဲ့သည်။ ရည်ရွယ်ချက်မှာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးကို ခမ်းနားထည်ဝါစွာ လက်ခံ ကျင်းပနိုင်ရေး၊ တပ်မတော် အားကစားကဏ္ဍ တိုးတက်မြင့်မားလာရေးနှင့် နိုင်ငံတကာ ပြိုင်ပွဲများကို အဆင့်အ တန်းမြင့်မြင့် ကျင်းပနိုင်ရေးတို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဇေယျာသီရိ တပ်မတော် အားကစားရုံကြီးကို ဧရိယာ ၁၃၄ ဧကပေါ်၌ တည်ဆောက်ထားပြီး စုစုပေါင်း ၁၅၉ ခန်းနှင့် လေး ဖက်လေးတန် ပွဲကြည့်စင်များတွင် ပရိသတ် ၂၉၇၅၈ ဦး ကြည့်ရှုနိုင်ရန် ထိုင်ခုံများ တပ်ဆင်ထားသည်။ အားကစား ပြိုင်ပွဲများကို နေ့ရောညပါ ကျင်းပနိုင်စေရန် လျှပ်စစ်မီးလုံး မီးဆိုင်းများနှင့် အဆင့်မြင့် မီးသတိပေး စနစ်များ တပ်ဆင်ထားသည်။ IAAS Class II Certificate ၊ FIFA နှင့် AFC တို့မှနိုင်ငံတကာ အားကစားပြိုင်ပွဲများ

Read More > http://www.myawady.net.mm/stories/storiesforall/item/31267-2013-11-28-09-22-48

posted from Bloggeroid

No comments: