Wednesday, November 27, 2013

ဒေါ်စု

ပုဒ်မ (၁၈) နှင့် ဒေါ်စု
---------------------


နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၌ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန်ရှိသော အခြေခံဥပဒေ ဆိုင်ရာဟောပြောမှုနှင့် ပြည်သူ့ဆန္ဒခံယူပွဲအတွက် ငြိမ်းချမ်းစွာစုဝေးခွင့် တင်ပြခြင်းကို ခွင့်မပြုနိုင်ကြောင်း အကြောင်းပြချက်နှစ်ရပ်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးက လက်မှတ်ထိုး၍ နိုဝင်ဘာလ ၁၄ ရက်နေ့က အကြောင်းပြန်လိုက်စဉ် ငြိမ်းချမ်းစွာစုဝေး ခွင့်ပြုရန် လျှောက်ထားမှုတွင် လျှောက် ထားခြင်းပုံစံ(၁)ပါအတိုင်း အချက်အလက်များ ပြည့်စုံစွာမပါရှိခြင်းနှင့် ကျင်းပမည့် နေရာသည် ပျဉ်းမနား-တောင်ညိုသွား ကားလမ်းဘေးဖြစ်ပြီး ကျင်းပမည့်ရက်သည် တနင်္လာနေ့ရုံးဖွင့်ရက် ဖြစ်ခြင်း၊ နေပြည်တော်ကောင်စီရုံးနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ၊ ဌာနဆိုင်ရာရုံးများ၊ တရားရုံးများနှင့် နီးကပ်စွာရှိခြင်း ကျင်းပမည့်အချိန်သည် ရုံးသွား၊ ရုံးလာများ၊ အများပြည်သူများ သွားလာမှုများသည့်အချိန် နံနက်(၉)နာရီမှ (၁၂)နာရီအတွင်း ဖြစ်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများဖြစ်ပွားလာနိုင်ခြင်း၊ လုံခြုံရေး တာဝန်ထမ်းဆောင်ရမည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အခက်အခဲရှိခြင်းစသည့်ဖြင့် ထောက်ပြထားသည်။ သို့သော် ထိုအကြောင်းကြား စာတွင်ပင် ငြိမ်းချမ်းစွာစုဝေးခွင့်ပြုရန် ပုံစံ(၁)ပါအတိုင်း အချက် အလက်များ ပြည့်စုံ စွာဖြင့် ပြန်လည်တင်ပြလျှောက်ထားရန်နှင့် အခြားသင့်တော်သည့်နေရာ အား ပြောင်းရွှေ့၍ ဥပဒေနှင့် အညီ တင်ပြလျှောက်ထားလာပါက ခွင့်ပြုပေးသွားမည်ဟု ပါရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှရေးဆွဲ၍ ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သော ငြိမ်းချမ်းစွာစုဝေးလှည့်လည် ခွင့်နည်းဥပဒေများသည် ဒီမိုကရေစီနှင့်ကိုက်ညီမှုမရှိကြောင်း ဝေဖန်ပြောကြားမှုများရှိနေပြီး အဆိုပါဥပဒေပါ ပုဒ်မ(၁၈)အရလည်း ဆန္ဒပြသူအများအပြား တရားစွဲဆိုခံနေရခြင်း၊ လွတ်လပ်စွာစုဝေးခွင့်၊ ဟောပြောခွင့်တို့ မရှိဘဲ ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်မှုများကို မြို့နယ်ရဲတပ်ဖွဲ့မှူးက အဆုံးအဖြတ်ပြုသည်မှာ မသင့်တော်ခြင်း တို့ကို တစ်ညီတစ်ညွတ်တည်း ဝေဖန်လျက်ရှိကြရာ လက်ပံခါးလှပြဿနာကြောင့် ပုဒ်မ(၁၈)နှင့်ဒေါ်အောင်ဆန်း စုကြည်တို့ ထိပ်တိုက်တွေ့ပြီဟု ပြောဆိုမှုများရှိခဲ့သည်။

NLD ပါတီ၏ နေပြည်တော် အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြဿနာသည် ပုဒ်မ(၁၈)နှင့် အဓိက ပတ်သက်သည်။ နေပြည်တော်ကောင်စီမှ ဥပဒေပါအတိုင်း အချက်အလက်တိတိ ကျကျ ဖြည့်စွက် ရန် နှင့်နေရာပြောင်းရွှေ့ရန် အကြောင်းပြန်ခဲ့သည်ကို NLD ပါတီမှလက်မခံဘဲ မူလအတိုင်း ဆက်လုပ်သွားမယ် ဆိုပြီးထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ “စကားပြောကြပါ၊ ညှိနှိုင်းကြပါ”ဟု တဖွဖွပြောနေသည့် ဒေါ်အောင်ဆန်း စုကြည်၏ မိန့်ခွန်းပြောကြားချက်များနှင့် သူမ၏ လုပ်ဆောင်ချက်များက အပြောနဲ့အလုပ် အလွဲကြီးလွဲ နေသည်။

နေပြည်တော်ကောင်စီ၏ အကြောင်းပြချက်မှာ အများပြည်သူသွားလာမှု ထိခိုက်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နှင့် အချက်အလက်မပြည့်စုံမှုဖြစ်သည်။ NLD ပါတီ ရဲ့ အကြောင်းပြချက်မှာ အခြေခံဥပဒေပါ အခွင့် အရေးအရ လွတ်လပ်စွာပြောဆိုလုပ်ကိုင်ခွင့်ဖြစ်သည်။ ထို့ကြောင့် NLD ပါတီမှ ငြိမ်းချမ်းစွာ တန်းစီလှည့်လည် ခွင့်ဥပဒေ (ပုဒ်မ - ၁၈) ကို အသိအမှတ်မပြု (သို့) မလိုက်နာနိုင်ဟု အဓိပ္ပါယ် သက်ရောက် လျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မှ တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်လျှက်ရှိပြီး နှုတ်မှ “တရားဥပဒေ စိုးမိုးရေး” ဟူသည့် စကားလုံးကို တစ်ဖွဖွ ပြောဆိုနေသော်လည်း တရားဥပဒေနဲ့အညီ ပြဌာန်းထားတာကို ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ၏ အပြောနှင့် အလုပ် မညီသည့် သဘောကို ဖော်ပြရာရောက်နေသဖြင့် အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ်သွားပါက…?…။

ငြိမ်းချမ်း

posted from Bloggeroid

No comments: