Friday, November 29, 2013

တစ်ပတ်အတွင်း စီးပွားရေးသတင်း သုံးသပ်ချက် – စောကျော်မြတ်ငြိမ်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁။ ငြိမ်းချမ်းရေးကား ရောင်းမှား ၀ယ်မှား မဖြစ်အောင် သတိထား

အခုတလော ရန်ကုန်တိုင်းထဲက မြို့နယ် ရဲစခန်းတွေထဲမှာ ငြိမ်းချမ်းရေးအဖွဲ့ နံပါတ်တပ် ကားတွေကို ဖမ်းဆီးထားတာ အတော်များနေပါပြီ။ တချို့ကားနံပါတ် ဖော်ပြချက်တွေမှာတော့ K9/ —- တချို့ ကားတွေမှာတော့ K7/—— နံပါတ် တပ်ထားတာတွေပါ။ တကယ်တော့ အစိုးရဟာ ဒီလိုနံပါတ်မျိုးနဲ့ ကားလိုင်စင် ထုတ်ပေးထားတာတွေ မရှိပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က လူတွေ၊ ဒါမှမဟုတ် အဲဒီလူတွေနဲ့ ဆက်နွှယ် သူတွေဟာ ဘာမှ သိပ်မသိကြတဲ့ ပြည်သူတွေကို ပုံစံအမျိုးမျိုးနဲ့ ကားတွေ လိမ်လည် ရောင်းချ နေတာပါ။ အဲဒီ အာမခံချက်မရှိတဲ့ လိုင်စင် (လိုင်စင်မဟုတ်၊ ထောက်ခံစာလောက်)နဲ့ ကားတွေဝယ် ယူမိတဲ့ ပြည်သူတွေပဲ ကားလည်း အဖမ်းခံ၊ အသိမ်းခံရ၊ တချို့လူတွေလည်း ဖမ်းဆီးတရားစွဲခံရတဲ့ အခြေအနေ ဆိုက်နေကြတာပါ။

အဖြစ်မှန်က ဒီလိုပါ။ လက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်ဆဲ ကာလမှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ဟာ မြို့တွင်း သွားလာတဲ့အခါ သူတို့ကားတွေကို သုံးခွင့်ပေးဖို့ အစိုးရဘက် တင်ပြလာတာတွေ ရှိပါတယ်။ ဒီအခါ အစိုးရဘက်က အရင် အပစ်ရပ် ကာလက ဖြစ်ပေါ်ခဲ့တဲ့ လိုင်စင်မဲ့ကား ပြဿနာတွေကို သင်ခန်းစာယူပြီး လက်နက်ကိုင် အဖွဲ့တွေအလိုက် သူတို့ကားတွေကို လိုင်စင် လုပ်နိုင်မယ့် ပါမစ်တွေ ထုတ်ပေးခဲ့ပါတယ်။ လက်နက်ကိုင် အဖွဲ့ အကြီးအသေးအလိုက် ပါမစ် အနည်းအများ ခွဲဝေပေးခဲ့တာပါ။ ဥပမာအားဖြင့် ကေအန်ယူ ဆိုရင် ပါမစ် အစောင် ၁၂၀ ရပါတယ်။ အစောင် ၄၀ ဟာ လုံးဝ အခွန်လွတ် ဖြစ်ပြီး အစောင် ၈၀ ကတော့ ၄၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ဖြစ်ပါတယ်။ ပြောရရင် အဲဒီ လက်နက်ကိုင် အဖွဲ့တွေဟာ ကိုယ့်မှာရှိတဲ့ လိုင်စင်မဲ့ကား (ဘာအမျိုးအစား ဘာမော်ဒယ်မဆို) တရားဝင် ဖြစ်အောင် သွားပြီး မှတ်ပုံတင်ကြဖို့ပါ။ ဒါဆိုရင် တရားဝင် လိုင်စင်နဲ့ ကားဖြစ်သွားပြီး မြန်မာပြည် ဘယ်နေရာကိုမဆို သွားနိုင်၊ လာနိုင်တဲ့အပြင် လွှဲပြောင်းခွင့် ရောင်းချခွင့်တွေလည်း ရှိသွားတဲ့ သဘောပါ။ အဲဒီ ကားတွေဟာ လိုင်စင်လုပ်ပြီးရင်တော့ ၉င/—- နံပါတ်တွေနဲ့ ထွက်လာပါ လိမ့်မယ်။…

ဒါပေမဲ့ မြန်မာပြည်မှာ ဖြစ်မြဲ ဓမ္မတာ ထုံးစံအတိုင်း အဲဒီ ပါမစ် လက်လွှဲရောင်းချမှုနဲ့ ဈေးကွက် ဖြစ်လာပါတယ်။ ဒါလည်း မထူးဆန်းပါဘူး။ တချို့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တပ်ဖွဲ့ ရန်ပုံငွေရအောင် ပါမစ်ကို လက်လွှဲ ရောင်းစားကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရက ထုတ်ပေးတဲ့ လိုင်စင် နံပါတ်ပြား မရခင် ၀ယ်ရမယ့် သူတွေအဖို့ အတော်လေးကို သတိထားဖို့ လိုပါတယ်။ အကောင်းဆုံး ကတော့ အဲဒီ ပါမစ်ဝယ်တာ၊ ရောင်းတာကို ဈေးကွက် ထဲက ကျွမ်းကျင်သူတွေပဲ လုပ်ဖို့ သင့်တော်ပြီး ပြည်သူတွေအနေနဲ့ကတော့ ငြိမ်းချမ်းရေး ကားဖြစ်ဖြစ်၊ တခြား ကားဖြစ်ဖြစ် လိုင်စင်အတိအကျ ထွက်ပြီးမှ ၀ယ်တာက ပိုသင့်တော် ပါလိမ့်မယ်။ အခု ဖြစ်နေတာက ငြိမ်းချမ်းရေး လူလိမ်တချို့က ငြိမ်းချမ်းရေးအဖွဲ့က တာဝန်ရှိသူ တစ်ယောက်ယောက် နာမည်သုံးပြီး ထောက်ခံ စာနဲ့ ကားရောင်း ကြတာပါ။ လိုင်စင်ရမယ့် ကားဆိုပြီး လိမ်ရောင်းကြတာပါ။ ဒီ ပြဿနာတွေရှိတဲ့ အကြောင်း KNU/KNLA ငြိမ်းချမ်းရေး ကောင်စီက တရားဝင် သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ထုတ်ပြန် ကြေညာ ပြီးသွားပါပြီ။ သူတို့ပြောတဲ့ အဲဒီ မသမာသူ၊ လူလိမ်ဟာ ကားအစီး ဘယ်လောက် အဲလိုလုပ်သလဲ၊ ပြည်သူတွေ လက်ထဲ ဘယ်နှစီး ရောက်သွားသလဲ သူတို့တောင် ကောင်းကောင်း မသိပါဘူး။ ဒီလို ကား အသိမ်း၊ လူအဖမ်းခံရတဲ့ အထဲ ဂျာနယ် အယ်ဒီတာချုပ် တစ်ယောက်တောင် ပါသွားပါသေးတယ်။

ဒီအတွက် ပြည်သူတွေအနေနဲ့ အစိုးရ ကညန က ထုတ်ပေးတဲ့ တရားဝင် လိုင်စင်ရပြီးသား ကားကိုပဲ ၀ယ်ကြဖို့၊ ဘယ်ငြိမ်းအဖွဲ့က ဘယ်ဗိုလ်ချုပ်၊ ဘယ်ဗိုလ်မှူးရဲ့ ကားနဲ့ဆိုင်တဲ့ ထောက်ခံချက် ဆိုတာတွေကို မယုံကြည်ကြဖို့ ဒီနေရာကနေ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။

၂။ နောက်ဆုံးတော့ ဂျပန်တွေ ၀င်လာပြီ

မြန်မာသမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ တာဝန်ရှိသူတွေဟာ ဂျပန်နိုင်ငံက ထိပ်တန်း အစိုးရ အရာရှိကြီးတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ လာရောက်တိုင်း ထားဝယ် အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ အကြိမ်တိုင်း တိုက်တွန်းခဲ့ပါတယ်။ အခုတော့ ပထမဦးဆုံးအဖြစ် ရင်းနှီးမြှုပ်နှံမယ့် သတင်း ထွက်လာပါပြီ။ တကယ်ရင်းနှီး မြှုပ်နှံတော့လည်း မြန်မာပြည် အတိုင်းအတာနဲ့ဆို အကြီးဆုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံကြီး ဖြစ်နေတာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းဟာ ထိုင်းအစိုးရ လျှပ်စစ်စွမ်းအား အာဏာပိုင်အဖွဲ့၊ အီတာလျံထိုင်း ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ထားဝယ် အထူး စီးပွားရေးဇုန်မှာ ဒေါ်လာ ၁၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးတစ်ခု တည်ဆောက် မယ်လို့ ထိုင်းနိုင်ငံထုတ် သည်နေးရှင်း သတင်းစာမှာ ဖော်ပြပါတယ်။ ၂၀၁၄ မှာစမယ့် အဲဒီ စီမံကိန်းမှာ မစ်ဆူဘီရှီက ၃၀ ရာခိုင်နှုန်း ထိုင်းစွမ်းအင် အာဏာပိုင် အဖွဲ့က ၅၀ ရာခိုင်နှုန်းနဲ့ အီတာလျံ ထိုင်း ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း ထည့်ဝင်ကြမှာ ဖြစ်ပါတယ်။ စက်ရုံမှာ ကျောက်မီးသွေး လောင်စာကို အဓိက အသုံးပြုမှာ ဖြစ်ပေမယ့် သဘာဝဓာတ်ငွေ့ ကိုလည်း ၂၀ ကနေ ၃၀ ရာခိုင်နှုန်း အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီ လျှပ်စစ်ဓာတ်အားပေး စက်ရုံပြီးသွားရင် ဓာတ်အားမီဂ္ဂါဝပ် ၇၀၀၀ ထွက်လာမှာ ဖြစ်ပြီး ၃၀၀၀ ကို ထားဝယ် အထူး စီးပွားရေးဇုန်မှာ အသုံးပြုပြီး ကျန်တာထိုင်းကို တင်ပို့မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီ လျှပ်စစ် ဓာတ်အားပေး စက်ရုံ စီမံကိန်း ဘယ်လောက် ကြီးသလဲဆိုရင် လက်ရှိ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ စက်ရုံပေါင်းစုံက ထွက်ပြီး တစ်နိုင်ငံလုံး သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အား ပမာဏဟာ မဂ္ဂါဝပ် ၂၀၀၀ ကျော်ပဲ ရှိပါတယ်။ နွေရာသီကာလ အသုံးများလာတဲ့ အချိန်ရောက်မှ လိုတာ မဂ္ဂါဝပ် ၂၅၀၀ ၀န်းကျင်ပါ။ ဒီတော့ အခု ထိုင်းစွမ်းအင် အာဏာပိုင် အဖွဲ့နဲ့ မစ်ဆူဘီရှီ ပေါင်းလုပ်မယ့် အဲဒီ စီမံကိန်းဟာ လက်ရှိ မြန်မာတစ်နိုင်ငံလုံး ပမာဏရဲ့ (၃) ဆ လောက်ရှိတဲ့ လျှပ်စစ်ထုတ် စီမံကိန်းပါ။ ထွက်လာတဲ့အထဲက မဂ္ဂါဝပ် ၃၀၀၀ လောက် ထားဝယ် စီမံကိန်းမှာ သုံးမယ်ဆိုရင်တောင် အဲဒီ ပမာဏက လက်ရှိ တစ်နိုင်ငံလုံး သုံးနေတာ ထက် များပါတယ်။

ခုဆိုရင် မြန်မာနိုင်ငံ စီးပွား ဖွံ့ဖြိုး တိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက် လာရေးမှာ လျှပ်စစ်ဓာတ်အား ရရှိရေးဟာ တကယ့် အရေးကြီးကိစ္စ ဆိုတာ အားလုံးက အသိအမှတ် ပြုကြပြီး ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတကာ ကနေ မြန်မာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍအတွက် ဒေါ်လာတွေ ဘီလီယံနဲ့ချီ ၀ိုင်းဝန်း ကူညီကြဖို့ နိုဝင်ဘာ ၂၇ ရက် နေ့မှာ ကမ္ဘာ့ဘဏ်ကနေ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

၃။ ဆီးဂိမ်း မကြည့်ကြမှာလည်း စိုးရိမ်တယ်

ပြန်ကြားရေး ၀န်ကြီးဌာနဟာ မကြာမီ ကျင်းပတော့မယ့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးကို ပြည်သူတွေ ကြည့်နိုင်အောင် ငွေကုန်ကြေးကျ အများကြီးခံပြီး လုပ်နေပါပြီ။ ဒီ ဆီးဂိမ်းပြိုင်ပွဲ ပွဲစဉ်တွေကို မြန်မာ့ရုပ်သံနဲ့ ဆက်စပ်လိုင်းတွေ၊ ဖော်အဲဗားဂရုက ထုတ်လွှင့်မယ့်လိုင်းတွေနဲ့ စကိုင်းနက်က ထုတ်လွှင့်မယ့် ဆက်စပ် ရုပ်သံလိုင်းတွေကနေ လွှင့်ပါမယ်။ ဖော်အဲဗားနဲ့ စကိုင်းနက်ဟာ အခပေး ရုပ်သံလိုင်းတွေ ဖြစ်ကြ တာကြောင့် သာမန် အများပြည်သူတွေ ကြည့်ရှုခွင့်ရဖို့ မလွယ်ပါဘူး။ ဒါကြောင့် ဆင်းရဲပြီး တီဗွီရှိတဲ့ မိသားစုတွေ ဆီးဂိမ်း အပါအ၀င် အစိုးရက ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေကို ကြည့်ရှုနိုင်ဖို့ ဒီဂျစ်တယ် Set-Top Box တွေ အခမဲ့ ဖြန့်ဖြူး ....

http://myanmarthandawsint.com/2013/11/29/%E1%80%90%E1%80%85%E1%80%B9%E1%80%95%E1%80%90%E1%80%B9%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B-12/ တစ်ပတ်အတွင်း စီးပွားရေးသတင်း သုံးသပ်ချက် - စောကျော်မြတ်ငြိမ်း
၁။ ငြိမ်းချမ်းရေးကား ရောင်းမှား ၀ယ်မှား မဖြစ်အောင် သတိထား အခုတလော ရန်ကုန်တိုင်းထဲက မြို့နယ် ရဲစခန်းတွေထဲမှာ ငြိမ်းချမ်းရေးအဖွဲ့ နံပါတ်တပ် ကားတွေကို ဖမ်းဆီးထားတာ အတော်များနေပါပြီ။ တချို့ကားနံပါတ် ဖေ...

posted from Bloggeroid

No comments: