Thursday, November 28, 2013

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အ ဆင်ပြေချောမွေ့စေ ရန် အတွက် လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်မှ ပေးပို့သော မေတ္တာရပ် ခံစာနှင့်ပတ် သက်ပြီး နိုင်ငံတော်သမ္မတ၏ ယင်းစာအပေါ် သဘောထားမှာ အောက်ပါ အတိုင်း ဖြစ် ကြောင်း သိရှိရသည်။

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့ပေးပို့သော ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့ စေရေး အတွက် ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့ လေးပွင့် ဆိုင်တွေ့ဆုံဆွေး နွေး ရန် မေတ္တာရပ်ခံသောစာကို လက်ခံ ရရှိပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်၏ စာထဲတွင် ပါသည့်အတိုင်း နိုင်ငံသူနိုင်ငံသားများအ တွက် အသက်တမျှ အရေးကြီးလှသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအဆင် ပြေချောမွေ့စေရေးအတွက် ဝိုင်းဝန်းညှိ နှိုင်း ဖြေရှင်းပူးပေါင်းဆောင်ရွက်သည့် အစီ အစဉ်သည် ကောင်းမွန်သင့်မြတ်သော အစီအစဉ်ဖြစ်ပါသည်။

၃။ ဒေါ်အောင်ဆန်းစုကြည်က အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအနေဖြင့် တင်ပြလာသည့်အတွက် မှတ်ပုံတင်ထား သော နိုင်ငံရေးပါတီပေါင်း ၅၈ ပါတီရှိရာ ကျန်ရှိနေသော နိုင်ငံရေးပါတီများ၏ သ ဘောထားနှင့် အကြံပြုချက်များကိုလည်း အလေးထား ဆောင်ရွက်သင့်ပါသည်။

၎။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နှင့် စပ်လျဉ်းပြီး အခြေခံဥပဒေအရ အခွင့် အာဏာအပ်နှင်းထားသော ပြည်ထောင် စုလွှတ်တော်သည် လက်ရှိအချိန်တွင် အခြေ ခံဥပဒေပြင်ဆင်ရေး လေ့လာ သုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါကော်မတီက ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆောင် ရွက်နေရာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသော ပြည်ထောင်စု လွှတ် တော်၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်မဆောင် ရွက်မိစေဖို့ အထူးသတိပြုသင့်ပါသည်။

၅။ သို့ဖြစ်ပါ၍ အဆိုပါကော်မတီ၏အစီ ရင်ခံစာ ထွက်ပေါ်လာသည် အထိ စောင့် ဆိုင်းပြီးမှသာ လေးပွင့်ဆိုင်ဆွေးနွေးရေး ကိစ္စကို စဉ်းစားဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်သမ္မတက သဘောထားရှိပါ သည်။

News Link=>http://goo.gl/1FG4HW အခြေခံ ဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးမည့်အစီအစဉ် သင့်မြတ်ကောင်းမွန်သော်လည်း �
ရန်ကုန် ။ ။အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အ ဆင်ပြေချောမွေ့စေရန်အတွက် လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစ...

posted from Bloggeroid

No comments: