မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, November 5, 2013
ဒေါက်တာဘိုင်အို
ဒေါက်တာဘိုင်အို အမည်ကို အလွှဲသုံးစားလုပ်ပြီး လိမ်လည်နေသူကို ဖမ်းဆီး
------------------------------------------------
ကျွန်တော်က ဒေါက်တာစိုးဝင်းဦးပါ ကျွန်တော့်ကို
နိုင်ငံလုံးက ဒေါက်တာဘိုင်အိုလို့ပဲသိကြပါတယ်
ဆရာဝန် စာရေးဆရာအလုပ်တွေအပြင် ၉တန်း
၁၀တန်း တွေအတွက် ဘိုင်အိုစာအုပ်တွေအမြောက်
အများရေးခဲ့လို့ဖြစ်ပါတယ် ကလေးတွေကိုဒေါက်တာ
ဘိုင်အိုအမည်နဲ့စာပြခဲ့တာလည်း နှစ်၂၀ကျော်မက
ရှိပါပြီ ခု၁နှစ်၂နှစ်အတွင်း ကျွန်တော်မဟုတ်ဘဲနဲ့
အခြားတစ်ဦးတစ်ဖွဲ့ဟာ ဒေါက်တာဘိုင်အိုဆိုပြီးတော့
အယောင်ဆောင်ဆောင်ကာ အထက အလက
ကျောင်းတွေမှာ နိုင်ငံအနှံ့လိုက်လံပြီး ကျန်းမာရေး
ပညာပေးဟောပြောနေတယ် အမှန်လက်တွေ့က
ဟန်ပြဟောပြောပြီး အိမ်သာဖျန်းဆေး ကြမ်းပိုးသတ်
ဆေးတွေညာရောင်းနေတယ်ဆိုတဲ့သတင်းကိုကြား
လာရပါတယ် ဒါနဲ့ အချိန်ယူတည်ဆောက်ပြီးဖမ်းဆီး
ဖို့လုပ်ရတော့တာပေါ့ ဒီနေ့တော့ သတင်းရထားလို့
ရန်ကုန်က ဒဂုံမြို့သစ်အရှေ့ပိုင်း အထက၁မှာ မနက်
၉နာရီသွားစောင့်ဖမ်းပါတယ် ကျောင်းအုပ်ကြီး ပညာ
ရေးမှူး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သက်သေခံ နဲ့ပါ
၉နာရီခွဲမှာတင်လူလိမ်ရောက်လာပြီး သူ့ကိုယ်သူ
ဒေါက်တာဘိုင်အိုပါ ဆရာဝန်ပါ စာရေးစာအုပ်ထုတ်သူ
ပါဆိုပြီး အားလုံးရှေ့မှာမိတ်ဆက်တော့မှ အမိဖမ်းပြီး
ဒဂုံအရှေ့ရဲစခန်းပို့အမှုဖွင့်ခဲ့ရတယ် တကယ်တော့
သူက၈တန်းပဲတတ်ပါတယ် ကြံခင်းမြို့နယ် အမက
ကျောင်းတစ်ခုက အထွေထွေလုပ်သားဟောင်းပါ
ခုလိုလိုက်လိမ်စားနေတာ ၂၀၀၈ကတည်းကလို့ဝန်ခံ
ခဲ့ပါတယ် သူ့  နံမည်က ဦးဝင်းမြင့်ပါ ဆက်လက်စစ်
ဆေးပြီး ရုံးတင်တရားစွဲပါမယ် ကဲ သူ့အလိမ်ခံဖူးသူ
မေလ ဘယ်လောက်နစ်နာခဲ့ကြပါသလဲ ဒီသတင်းကို
မျှဝေပေးကြပါရန် ပန်ကြားပါတယ်
( ဓါတ်ပုံ-လိမ်လည်သူ ၀င်းမြင့်)
Drbio Drsoewinoo
https://www.facebook.com/drbio.drsoewinoo
Subscribe to:
Post Comments (Atom)
No comments:
Post a Comment