Tuesday, November 5, 2013

ဒေါ်စုအတွက်မေးခွန်းများ

ဒေါ်စုအတွက် မေးခွန်းများ ၁။ NLD ပါတီက ဘယ်က ရန်ပုံငွေတွေနဲ့ ပါတီ ရဲ့ အသုံးစရိတ်တွေကို အသုံးပြုနေကြပါသလဲ?? ၂။ ဒေါ်စု အနေဖြင့် ရရှိထားတဲ့ ဆုပေါင်း သောင်းခြောက်ထောင်သည် မြန်မာနိုင်ငံကို ကိုယ်စားပြုတာလား၊ အင်္ဂလန်နိုင်ငံကို ကိုယ်စားပြု ရတာလား၊ အကယ်၍ မြန်မာနိုင်ငံကို ကိုယ်စားပြုရသည် ဆိုလျှင် ဆုငွေ အားလုံး မြန်မာနိုင်ငံ ဘဏ်မှာ ပဲ အပ်ထားပါသလား?? ၃။ အခြေခံ ဥပဒေတွင် ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သော ပုဒ်မ (၁၀) ပြဌာန်းချက်မှာ နိုင်ငံခြား အထောက်အပံ့ ယူထားသူ။ နိုင်ငံခြားသား နှင့် အိမ်ထောင်ပြုထားသူ နိုင်ငံခြား တိုင်းပြည်တွင် လခစား လုပ်ကိုင်ခဲ့သူ တို့ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံ ပိုင်ခွင့် မရှိဟု ပြဌာန်းထားပါသည်။ ဒေါ်စုပြင်ဆင်ရေးဆွဲမည့် အခြေခံ ဥပဒေမှာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရေး သွားတဲ့ ပုဒ်မ (၁၀) ကို ဖျက်မှာလား?? ၄။ ဒေါ်စု နိုင်ငံရေး ဇာတ်ခုံပေါ် တက်လာသည့် အချိန်မှ ယနေ့အထိ ပြောတာတွေက များပါပြီ။ ဗုဒ္ဓမြတ်စွာ ဘုရား ဟောကြားခဲ့သော မေတ္တာသုတ်မှာ လူအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေ၊ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်း ကြပါစေ၊ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ ဤအချက် ၃ ချက်နှင် ပြောခဲ့တာတွေ လွတ်ပါသလား?? ၅။ ဒေါ်စု သည် အခြေခံ ဥ့ဒေရေးဆွဲစဉ် စစ်အစိုးရ နှင့် လမ်းခွဲပြီး အခြေခံ ဥပဒေရေးဆွဲရေး ညီလာခံမှ ထွက်ခွာသွားခဲ့ပါသည်။ ယခုတဖန် အခြေခံ ဥပဒေရေးဆွဲရေး အတွက် အသစ်ရေးဆွဲရေး ပြင်ဆင်ရေး ဆိုပြီး အော်နေပြန်ပါသည်။ ငွေကြေး ကုန်ကျမှု စရိတ်အတွက် ဒေါ်စု ရရှိထားတဲ့ ဆုငွေထဲမှာ သုံးပြီး ရေးဆွဲမှာလား?? ဦးကျော်နိုင် ( ၁၂/အစန(နိုင်)၀၂၂၅၀၈) အမှတ်(၂/က)၊တပင်ရွေထီးလမ်း၊ အနန်းပင်ရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်။

No comments: