မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, November 3, 2013
မွတ်စလင်အစွန်းရောက်တွေအကြမ်းဖက်နေရတာ
အနောက်နိုင်ငံတွေရဲ့ပေါ်လစီအမှားတွေကြောင့်
ဆိုတာလည်းအပြည့်အ၀မှန်ချင်မှမှန်မယ်ဗျ။
အနောက်နိုင်ငံတွေကအရှေ့အလယ်ပိုင်းမှာ
ကိုယ်ကျိုးစီးပွားအတွက်ချယ်လှယ်
နေတာကတော့မငြင်းနိုင်ပါဘူး။
သို့သော်ပြီးခဲ့တဲ့အပတ်ကစကားဝိုင်းတခုမှာ
Richard Dawkins ပြောသလိုဘဲ
အနောက်နိုင်ငံတွေ အစ္စရေးတွေမရှိလဲ
သူတို့အချင်းချင်းဆော်နေမှာဘဲဗျ။
ရှီအိုက်-ဆွန်နီလေ့လာကြည့်ရင်
တဖက်ဖက်ကအကုန်သေတဲ့အထိဆော်နေမှာဘဲ။
နောက်အဲဒီနိုင်ငံတွေက ဘုရင်တွေစော်ဘွားမိသားစုတွေ
ဘာသာရေးအခြေခံဝါဒီတွေ နဲ့ စစ်တပ်တွေက
တယောက်ကိုတယောက်အလစ်ပေးလို့မရဘူးဖြစ်နေတာဘဲ။
လစ်ရင်တယောက်နဲ့တယောက်ဆော်မှာဘဲ။
တကယ်တမ်းအလ္လာဟာတယောက်တည်း
ကိုရမ်ဟာတအုပ်တည်းဆိုတဲ့မူအောက်မှာ
သူတို့အဆင်ပြေပြေညီညီညွတ်ညွတ်ရှိရင်
အရှေ့အလယ်ပိုင်းဒေသမှာ
အနောက်နိုင်ငံတွေလဲထင်သလိုစွက်ဖက်လို့ဘယ်ရမလဲ။
အဲဒီလိုဖြစ်ဖို့ဆိုတာလည်းသူတို့ကိုယ်တိုင်ယုံတာမှမဟုတ်ဘဲ။
အီဂျစ်အာဏာသိမ်းတာ နဲ့ ဆီးရီးယားပြည်တွင်းစစ်ကိစ္စနှစ်ခုမှာ
အဲဒီဒေသကမွတ်စလင်နိုင်ငံတွေရဲ့
ထောက်ခံတာ ကန့်ကွက်တာ တွေကိုကြည့်ရင်
crossing တွေဘဲဗျ။ အကုန်မျက်စိလည်သွားမယ်။
အခုဆော်ဒီအစိုးရက အမေရိကန်က
ဆီးရီးယားကိုမဆော်တော့ အိုဘားမားအစိုးရနဲ့
ဆက်ဆံရေးမကောင်းတော့ဘူး။
ဆော်ဒီဘုရင်မိသားစုက ရီပတ်ဘလစ်ကန်ပါတီနဲ့
ပိုနီးစပ်တယ်။နောက်လာမဲ့ သမ္မတရွေးကောက်ပွဲကျရင်
ဆော်ဒီကုမ္ပဏီတွေ ရီပတ်ဘလစ်ကန်ပါတီကို
ငွေတွေနဲ့လှိမ့်ထောက်ခံဖို့များတယ်။
မင်းသားဂျော့ကလူးနီးက အိုဘာမားကို
ဘယ်နိုင်ငံအတွက်ညဖက်အိပ်မပျော်နိုင်ဖြစ်ရသလဲလို့မေးတော့
ပါကစ္စတန်လို့ဖြေတယ်။
ဒေါ်စု ပြောတဲ့ ဂလိုဘယ်မွတ်စလင်ပါဝါဆိုတာ
နိုင်ငံရေးဖိအားကြောင့်ပြောသလား
သူကိုယ်တိုင်ယုံယုံကြည်ကြည်နဲ့ပြောသလား
ဆိုတာတော့မသိဘူး။
ဂလိုဘယ်မွတ်စလင်ပါဝါ ဆိုတာလည်း
စကားလုံးထွင်ပြောသွားသလိုဘဲ။
အဲဒီစကားလုံးကမရှိဘူး။ပြောချင်ရင်
နိုင်ငံတကာအစ္စလမ်မစ်အစွန်းရောက်အန္တရယ်
ဒါမှမဟုတ် အစ္စလမ်ဖြစ်အောင်သိမ်းသွင်းခြင်း
တခုခုကိုသာရည်ညွှန်းပြောရမှာဖြစ်တယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment