မွတ်စလင်အစွန်းရောက်တွေအကြမ်းဖက်နေရတာ အနောက်နိုင်ငံတွေရဲ့ပေါ်လစီအမှားတွေကြောင့် ဆိုတာလည်းအပြည့်အ၀မှန်ချင်မှမှန်မယ်ဗျ။ အနောက်နိုင်ငံတွေကအရှေ့အလယ်ပိုင်းမှာ ကိုယ်ကျိုးစီးပွားအတွက်ချယ်လှယ် နေတာကတော့မငြင်းနိုင်ပါဘူး။ သို့သော်ပြီးခဲ့တဲ့အပတ်ကစကားဝိုင်းတခုမှာ Richard Dawkins ပြောသလိုဘဲ အနောက်နိုင်ငံတွေ အစ္စရေးတွေမရှိလဲ သူတို့အချင်းချင်းဆော်နေမှာဘဲဗျ။ ရှီအိုက်-ဆွန်နီလေ့လာကြည့်ရင် တဖက်ဖက်ကအကုန်သေတဲ့အထိဆော်နေမှာဘဲ။ နောက်အဲဒီနိုင်ငံတွေက ဘုရင်တွေစော်ဘွားမိသားစုတွေ ဘာသာရေးအခြေခံဝါဒီတွေ နဲ့ စစ်တပ်တွေက တယောက်ကိုတယောက်အလစ်ပေးလို့မရဘူးဖြစ်နေတာဘဲ။ လစ်ရင်တယောက်နဲ့တယောက်ဆော်မှာဘဲ။ တကယ်တမ်းအလ္လာဟာတယောက်တည်း ကိုရမ်ဟာတအုပ်တည်းဆိုတဲ့မူအောက်မှာ သူတို့အဆင်ပြေပြေညီညီညွတ်ညွတ်ရှိရင် အရှေ့အလယ်ပိုင်းဒေသမှာ အနောက်နိုင်ငံတွေလဲထင်သလိုစွက်ဖက်လို့ဘယ်ရမလဲ။ အဲဒီလိုဖြစ်ဖို့ဆိုတာလည်းသူတို့ကိုယ်တိုင်ယုံတာမှမဟုတ်ဘဲ။ အီဂျစ်အာဏာသိမ်းတာ နဲ့ ဆီးရီးယားပြည်တွင်းစစ်ကိစ္စနှစ်ခုမှာ အဲဒီဒေသကမွတ်စလင်နိုင်ငံတွေရဲ့ ထောက်ခံတာ ကန့်ကွက်တာ တွေကိုကြည့်ရင် crossing တွေဘဲဗျ။ အကုန်မျက်စိလည်သွားမယ်။ အခုဆော်ဒီအစိုးရက အမေရိကန်က ဆီးရီးယားကိုမဆော်တော့ အိုဘားမားအစိုးရနဲ့ ဆက်ဆံရေးမကောင်းတော့ဘူး။ ဆော်ဒီဘုရင်မိသားစုက ရီပတ်ဘလစ်ကန်ပါတီနဲ့ ပိုနီးစပ်တယ်။နောက်လာမဲ့ သမ္မတရွေးကောက်ပွဲကျရင် ဆော်ဒီကုမ္ပဏီတွေ ရီပတ်ဘလစ်ကန်ပါတီကို ငွေတွေနဲ့လှိမ့်ထောက်ခံဖို့များတယ်။ မင်းသားဂျော့ကလူးနီးက အိုဘာမားကို ဘယ်နိုင်ငံအတွက်ညဖက်အိပ်မပျော်နိုင်ဖြစ်ရသလဲလို့မေးတော့ ပါကစ္စတန်လို့ဖြေတယ်။ ဒေါ်စု ပြောတဲ့ ဂလိုဘယ်မွတ်စလင်ပါဝါဆိုတာ နိုင်ငံရေးဖိအားကြောင့်ပြောသလား သူကိုယ်တိုင်ယုံယုံကြည်ကြည်နဲ့ပြောသလား ဆိုတာတော့မသိဘူး။ ဂလိုဘယ်မွတ်စလင်ပါဝါ ဆိုတာလည်း စကားလုံးထွင်ပြောသွားသလိုဘဲ။ အဲဒီစကားလုံးကမရှိဘူး။ပြောချင်ရင် နိုင်ငံတကာအစ္စလမ်မစ်အစွန်းရောက်အန္တရယ် ဒါမှမဟုတ် အစ္စလမ်ဖြစ်အောင်သိမ်းသွင်းခြင်း တခုခုကိုသာရည်ညွှန်းပြောရမှာဖြစ်တယ်။
No comments:
Post a Comment