Yaung Ni Oo
အဘ သခင်ဦးလှကြိုင်အတွက် စေတနာရှင်များလှူဒါန်း
ငွေများကို ၎င်း၏ ဆန္ဒအရ ၊ဘဏ်တွင် အဘ၏ နံမည်
ဖြင့်ငွေစုစာအုပ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည် ။
အဘ ၏ ငွေစုစာအုပ် အတွင်းမှ ငွေထုတ်/သွင်း ပြုလုပ်
ရေးကိုလည်း စံနစ်တကျရှိစေရေး အောက်ဖော်ပြပါပုဂ္ဂိုလ်
များပါဝင်သော အဖွဲ့က ကြီးကြပ်ပေးသွားမည်ဖြစ်ပါသည်-
(၁)ဦးလှတင်ဦး၊ အထက်တန်းရှေ့နေ-(ဥက္ကဌ)
(၂)ဦးသက်နိုင်ဦး၊မန်နေဂျာ(ကမ္ဘာရတနာဘဏ်)ပဲခူးဘဏ်ခွဲ-(အဖွဲ့ဝင်)
(၃)ဦးကျော်ကျော်၊ရှင်စောပုရပ်ကွက်အုပ်ချုပ်ရေးမှူး-(အဖွဲ့ဝင်)
(၄)ဦးသန်းဇော်၊ မဇင်းရပ်ကွက်အုပ်ချုပ်ရေးမှူး-(အဖွဲ့ဝင်)
(၅)ဗိုလ်ကြီးကျော်သိုက်၊ပဲခူးစစ်မှူ့ထမ်းဟောင်းအဖွဲ့ဝင်(အတွင်းရေးမှူး)
ယနေ့ရုံးပိတ်ရက်ဖြစ်သောကြောင့် ငွေစုစာအုပ်ဖွင့်လှစ်နိုင်ခြင်း
မရှိသေးကြောင်းနှင့် တနင်္လာနေ့တွင် ငွေစုစာအုပ်ဖွင့်လှစ်ပြီးပါ
ကစာအုပ်အမှတ်ကိုအချိန်နှင့်တပြေးညီတင်ပြသွားမည်ဖြစ်ကြောင်း
အစီရင်ခံအပ်ပါသည် ။

posted from Bloggeroid
No comments:
Post a Comment