Sunday, February 21, 2016

စိတ္ႀကိဳက္ တည္ေဆာက္ႏုိင္ေသာ စမတ္ဖုန္း (သို႔မဟုတ္) Project Ara

စိတ္ႀကိဳက္ တည္ေဆာက္ႏုိင္ေသာ စမတ္ဖုန္း (သို႔မဟုတ္) Project Ara ========== စာဖတ္သူတုိ႔ အေနနဲ႔ ယခုလက္ရွိ သံုးေနတဲ႔ ဖုန္းေတြဟာ မိမိကိုယ္တုိင္ စိတ္ႀကိဳက္ တပ္ဆင္လို႔မရဘဲ ထုတ္လုပ္တဲ့ ကုမၸဏီက ေပးတဲ႔အတုိင္းသာ ဝယ္ယူရတာကို သတိျပဳမိမွာပါ။ ကိုယ္ကဖုန္းကို ဗီဒီယုိဇာတ္ကားေတြ ေကာင္းေကာင္း ၾကည့္ဖို႔အတြက္ HD display ကိုသာ လိုခ်င္တယ္။ အျခား Camera တုိ႔ ဘာတုိ႔ကို ပံုမွန္ပဲ လုိခ်င္တယ္။ ဒါေပမဲ႔ Storage ေလးေတာ့ မ်ားမ်ားရွိဦးမွ။ ဒါေပမဲ့ RAM အျမင့္ႀကီးေတာ့ မလုိျပန္ဘူး။ အဲ့လိုစိတ္ကူးနဲ႔ ကိုယ့္စိတ္ႀကိဳက္ဖုန္းကို ရွာေပမယ့္ ရွာမေတြ႕တာကို ႀကံဳဖူးမွာပါ။ ကိုယ့္စိတ္ႀကိဳက္ Specification ေတြ ပါဝင္တဲ့ဖုန္းကုိ ကုိယ္တုိင္စိတ္ႀကိဳက္ တပ္ဆင္ႏုိင္ရင္ ေကာင္းမွာပဲလုိ႔ စိတ္ကူးယဥ္မိဖူးမွာပါ။ ဟုတ္ကဲ့။ ဒါဆုိရင္ေတာ့ Project Ara ဟာ စာဖတ္သူရဲ႕ အိပ္မက္ေတြကို အမွန္တကယ္ ျဖစ္ေပၚလာေစမယ့္ ပေရာဂ်က္တစ္ခုပါပဲ။ ထိပ္တန္းနည္းပညာ ကုမၸဏီႀကီး Google ကေန ဦးေဆာင္ၿပီး ျပဳလုပ္ေနတဲ့ Project Ara ဟာ အသံုးျပဳသူကို မိမိစိတ္ႀကိဳက္ specification သို႔မဟုတ္ အစိတ္အပုိင္းေတြနဲ႔ စမတ္ဖုန္း တစ္ခုကို မိမိစိတ္ႀကိဳက္ တည္ေဆာက္ႏုိင္ေစဖုိ႔ ရည္ရြယ္ပါတယ္။ ကုမၸဏီေတြက ထုတ္တဲ့ပံုစံအတုိင္း အသံုးျပဳသူေတြက ဝယ္ယူေနရတဲ့ အေျခအေနကို ေရွာင္လႊဲႏုိင္ဖို႔ ျဖစ္ပါတယ္။ စာဖတ္သူအေနနဲ႔ Project Ara ရဲ႕ သေဘာတရားေတြကို သိရွိႏုိင္ဖုိ႔ ေအာက္မွာေဖာ္ျပ ေပးလုိက္ပါတယ္။ ယခုလက္ရွိ ေပၚထြက္ေနတဲ့ စမတ္ဖုန္းေတြဟာ ေျပာင္းလဲလို႔မရဘဲ တစ္ပံုစံတည္းသာရွိတဲ့ ဖုန္းေတြျဖစ္ပါတယ္။ အသံုးျပဳသူေတြဟာ ဘက္ထရီကိုေတာင္မွ တျခားအမ်ိဳးအစား မတူတဲ့ဘက္ထရီကို အစားထုိးထည့္သြင္းလို႔ မရပါဘူး။ ဒီလိုမ်ိဳး အေျခအေနကို Google က သေဘာမက်ပါဘူး။ သူက ဖုန္းတစ္ခုရဲ႕ Software ေရာ hardware ပါ။ အသံုးျပဳသူ စိတ္ႀကိဳက္ဖန္တီးႏုိင္တဲ့ အေနအထားမ်ဳိးကိုသာ လိုခ်င္ပါတယ္။ ဒါဟာ Project Ara ကိုျပဳလုပ္ရတဲ့ ရည္ရြယ္ခ်က္ပါပဲ။ အသံုးျပဳသူေတြဟာ ပထမဆံုးဖုန္းရဲ႕ အေျခခံ Frame ကိုဝယ္ယူမယ္။ ၿပီးရင္ ကိုယ္ႀကိဳက္တဲ့ Specification ေတြရွိတဲ႔ CPU, RAM, storage, battery, camera ေတြကို ဝယ္ယူၿပီး တပ္ဆင္လိုက္မယ္။ ဒါဟာ Project Ara စမတ္ဖုန္းရဲ႕ အေျခခံ သေဘာတရားပါပဲ။ Project Ara စမတ္ဖုန္းေတြဟာ ဘယ္လိုပံုစံမ်ိဳးေတြလဲ Project Ara စမတ္ဖုန္း တစ္ခုကို သံုးစြဲသူစိတ္ႀကိဳက္ ဝယ္ယူထားတဲ့ module (CPU, RAM စတဲ့အစိတ္အပိုင္း) ေတြကို 'Endoskeleton' လုိ႔ေခၚတဲ့ Frame ထဲမွာ တပ္ဆင္လုိက္႐ုံနဲ႔ အသံုးျပဳသူ ကိုယ္တုိင္တည္ေဆာက္ ႏုိင္ပါတယ္။ Frame ကို လက္ရွိအဆိုအရ Google ကထုတ္လုပ္ ေပးမွာျဖစ္ၿပီး Module ေတြကိုေတာ့ အျခားကုမၸဏီေတြက ထုတ္လုပ္မွာပါ။ Frame တစ္ခုဟာ 15 ေဒၚလာေလာက္သာ က်သင့္မွာ ျဖစ္ပါတယ္။ Module ေတြကေတာ့ Specification ေပၚမူတည္ၿပီး ေစ်းႏႈန္းအနည္းအမ်ား ရွိမွာပါ။ Frame ကို ေလာေလာဆယ္မွာေတာ့ အေသးစားနဲ႔ အလတ္စားဆုိၿပီး ႏွစ္မ်ဳိးပဲထုတ္ဖို႔ Google ကစီစဥ္ထားပါတယ္။ အေသးစား Frame တစ္ခုရဲ႕ အရြယ္ဟာ Nokia 3310 ဖုန္းအရြယ္ျဖစ္ပါတယ္။ အလတ္စားကေတာ့ LG Nexus 5 ဖုန္းရဲ႕ အ႐ြယ္အစားနဲ႔ တူပါတယ္။ အနာဂတ္မွာ Samsung Galaxy Note 3 အရြယ္အႀကီးစား Frame ေတြ ထုတ္လုပ္ဖုိ႔ ရည္ရြယ္ထားတယ္လုိ႔လည္း ဆုိပါတယ္။ Frame ရဲ႕အေရွ႕ဘက္မွာေတာ့ Display module အတြက္ ေနရာေပးထားပါတယ္။ အေနာက္ဘက္မွာေတာ့ CPU, RAM နဲ႔ Battery စတဲ့ module ေတြ ထည့္တဲ့ေနရာ ရွိပါတယ္။ ၂၀၁၅ ခုႏွစ္က ထုတ္ျပခဲ့တဲ့ ေရွ႕ေျပးပံုစံ Spiral 2 မွာ module ေတြအတြက္ ေနရာ ၁၁ ခုသာ ရွိပါတယ္။ ဒါေပမဲ့့ ယခုလက္ရွိ အခ်ိန္မွာေတာ့ နည္းပညာ အဆင့္ျမႇင့္လိုက္မႈေၾကာင့္ ေနရာအေရအတြက္ ပိုမ်ားလာပါၿပီလို႔ Google က ထုတ္ေဖာ္ေျပာဆုိ ထားပါတယ္။ Module ေတြကို Frame နဲ႔ၿမဲၿမံစြာ တြယ္ဆက္ေနေစဖို႔အတြက္ electro-permanent magnet ေတြကို အသံုးျပဳထားပါတယ္။ သံုးစြဲသူေတြက Project Ara ဖုန္းေတြကို ဘယ္လိုဝယ္ယူ ရမွာလဲ လက္ရွိအစီအစဥ္ အရေတာ့ သံုးစြဲသူေတြဟာ Frame ကို Google ကေန ဝယ္ယူရမွာပါ။ Module ေတြ အတြက္ကေတာ့ Google ကေန Play Store လုိပံုစံမ်ိဳး Online Store တစ္ခုတည္ေထာင္ ေပးမွာပါ။ Play Store မွ apps ေတြကို ဝယ္ယူရသလို Module Store မွာလည္း module ေတြ ဝယ္ယူလို႔ရမွာပါ။ Play Store လုိဘဲ Module Store မွာ ကုမၸဏီေတြက ထုတ္တဲ႔ Module တစ္ခုခ်င္းစီရဲ႕ user review ေတြ၊ comment ေတြကို ဖတ္ႏုိင္ေရးႏုိင္မွာပါ။ ဘယ္ကုမၸဏီေတြက Project Ara အတြက္ ျပင္ဆင္ထုတ္လုပ္ ေနသလဲ ကုမၸဏီအေတာ္ မ်ားမ်ားကေတာ့ Project Ara စမတ္ဖုန္း ေတြအတြက္ module ေတြကို လက္ရွိအခ်ိန္မွာ သုေတသနျပဳ ထုတ္လုပ္ေနၾကပါၿပီ။ အခ်ဳိ႕ကုမၸဏီေတြဆုိ module အခ်ဳိ႕ကိုေတာင္ ထုတ္ေဖာ္ျပသ ၿပီးသြားပါၿပီ၊ ခိုင္မာတဲ႔ သတင္းအခ်က္ အလက္ေတြအရ Marvell နဲ႔ Nvidia က application processor module ေတြ၊ Toshiba က Camera, display, activity measurement နဲ႔ အျခား module ေတြ၊ Vestigen က health module ေတြ၊ Yezz က module မ်ိဳးစံု၊ Innolux က display module ေတြ၊ Phison နဲ႔ Kingston က data storage module ေတြ၊ Intersoft Eurasia က radiation sensor module ေတြ၊ Sennheiser က audio module ေတြ စသျဖင့္ အသီးသီးထုတ္လုပ္ ေနၾကပါတယ္။ Project Ara စမတ္ဖုန္းေတြ ဘယ္အခ်ိန္မွ ေစ်းကြက္ထဲ ေရာက္မွာလဲ Projcet Ara ကို စတင္ခဲ့တာဟာ ၂၀၁၃ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔ ကတည္းကပါ။ ယခု ဇန္နဝါရီလ အထိဆုိရင္ သံုးႏွစ္နီးပါး ၾကာေနပါၿပီ။ ၂၀၁၄ ခုႏွစ္ ဧၿပီလ ၁၅ ကေန ၁၆ ရက္အထိ ပထမအႀကိမ္ေျမာက္ ကြန္းဖရန္႔ကို က်င္းပခဲ့ပါတယ္။ ဒုတိယအႀကိမ္ေျမာက္ ကြန္းဖရန႔္ကိုေတာ့ ၂၀၁၅ ခုႏွစ္ ဇန္နဝါရီလထဲမွာ က်င္းပခဲ့ပါတယ္။ ဒုတိယအႀကိမ္ ကြန္းဖရန္႔မွာ ေရွ႕ေျပးပံုစံ Spiral 2 ကို မိတ္ဆက္ျပသ ခဲ့ပါတယ္။ ဒါေပမဲ့ ကံမေကာင္းစြာဘဲ ဖုန္းဟာ Boot Screen မွာပဲ ရပ္သြားပါတယ္။ ၂၀၁၅ ခုႏွစ္ ဇန္န၀ါရီလထဲမွာ Google က Project Ara ကို ႏွစ္ကုန္ပိုင္းေလာက္မွာ Puerto Rico မွာ စမ္းသပ္မွာ ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ သို႔ေပမယ့္ ထုိစမ္းသပ္မယ့္ အစီအစဥ္ကို ၂၀၁၆ ခုႏွစ္သို႔ ေရႊ႕ဆုိင္းလိုက္ေၾကာင္း ၾသဂုတ္လမွာ ေၾကညာခဲ႔ပါတယ္။ ဒါေၾကာင့္ေစ်းကြက္ထဲ ေရာက္ဖို႔အတြက္ အခ်ိန္အနည္းငယ္ေတာ့ ေစာင့္ဆုိင္းရဦးမွာ ျဖစ္ပါတယ္။ Project Ara ဖုန္းေတြ ဘာလုိ႔စိတ္ဝင္စားစရာ ေကာင္းတာလဲ Project Ara ဖုန္းေတြဟာ စိတ္ႀကိဳက္လဲ လွယ္တပ္ဆင္ႏိုင္ခြင့္ကို အဆံုးစြန္အထိ လုပ္ေဆာင္ႏိုင္ေစ ပါတယ္။ သံုးစြဲသူတစ္ဦးအေနနဲ႔ စိတ္ႀကိဳက္အေရာင္၊ စိတ္ႀကိဳက္ဒီဇိုင္းနဲ႔ စိတ္ႀကိဳက္အရည္အေသြး (specification) ရွိတဲ့ module ေတြကို ေ႐ြးခ်ယ္တပ္ဆင္ ႏိုင္ပါတယ္။ ဒါ့အျပင္ သံုးစြဲသူအေနနဲ႔ ေငြကိုလည္း ေခြၽတာႏိုင္ပါေသးတယ္။ ဥပမာအားျဖင့္ သီခ်င္းနားေထာင္ ရတာကိုသာ အဓိကထားလိုတဲ့ သုံးစြဲသူတစ္ေယာက္ဟာ speaker module ကိုသာ အဆင့္ျမင့္တာဝယ္ၿပီး က်န္တဲ့ camera, cpu module ေတြကို ေစ်းသက္သာတဲ့ဟာကို ေ႐ြးခ်ယ္ႏိုင္ပါလိမ့္မယ္။ ဒါ့ေၾကာင့္ ဘယ္ေနရာအတြက္ ဘယ္ေလာက္ကို သံုးစြဲမယ္ဆိုတဲ့ ေ႐ြးခ်ယ္ပိုင္ခြင့္ကို ရရွိလာပါမယ္။ Speaker ေကာင္းေကာင္းေလး တစ္ခုသာ ရခ်င္႐ံုနဲ႔ အစိတ္အပိုင္း အားလံုးကို အေကာင္းခ်ည္း တပ္ဆင္ထားတဲ့ high-end စမတ္ဖုန္း တစ္လံုးကို မလိုအပ္ဘဲ ဝယ္ယူရတဲ့ အျဖစ္ကေန ေရွာင္လႊဲႏိုင္ပါလိမ့္မယ္။ ဒါ့အျပင္ Project Ara မွာ အျခားအ့ံအားသင့္ဖြယ္ feature တစ္ခုရွိပါေသးတယ္။ အဲ့ဒါကေတာ့ module ေတြကို ဖုန္းပါဝါ ပိတ္စရာမလိုဘဲ လဲလွယ္ႏိုင္တဲ့ 'hot-swapping' ဆိုတဲ့ feature ပါပဲ။ CPU, Display စတဲ့ module တခ်ဳိ႕မွအပ က်န္ module မ်ားဟာ ဖုန္းကိုသံုးေနရင္း ခ်က္ခ်င္းလဲလွယ္ ႏိုင္ပါတယ္။ ဒါေၾကာင့္ သံုးစြဲသူဟာ အေျခအေနအလိုက္ လိုအပ္တဲ့ အစိတ္အပိုင္းကို လဲလွယ္တပ္ဆင္ ႏိုင္မွာပါ။ ဥပမာသူဟာ အပန္းေျဖခရီး ထြက္ေတာ့မယ္ဆိုရင္ သူ႔ဖုန္းမွာ တပ္ဆင္ထားတဲ့ megapixel နိမ့္တဲ့ camera module ကိုျဖဳတ္ၿပီး megapixel ပိုျမင့္တဲ့ module ကို လဲလွယ္တပ္ဆင္ ႏိုင္ပါလိမ့္မယ္။ ဒါမွမဟုတ္ သူဟာက်န္းမာေရးအတြက္ ႏွလံုးခုန္ႏႈန္း တိုင္းခ်င္တယ္ဆိုရင္လည္း heart-rate sensor module ကို တပ္ဆင္ႏိုင္ပါ လိမ့္မယ္။ ေနာက္ထပ္ စိတ္ဝင္စားစရာ ေကာင္းတာကေတာ့ အသစ္အသစ္ေသာ နည္းပညာေတြကို အသံုးျပဳႏိုင္ဖို႔အတြက္ ဖုန္းတစ္ခုလံုး လဲလွယ္ဖို႔ မလိုေတာ့တာပါဘဲ။ ဒါ့အျပင္ အခ်ိန္အၾကာႀကီးလည္း ေစာင့္စရာမလိုေတာ့ပါဘူး။ ဒါဟာ နည္းပညာ ဝါသနာအိုးေတြအတြက္ တြက္ေျခကိုက္ ေစပါတယ္။ မိမိက CPU နည္းပညာ အသစ္ေတြကိုသာ စိတ္ဝင္စားတယ္ဆိုရင္ CPU နည္းပညာ အသစ္တစ္ခု ထြက္လာတာနဲ႔ ေကာက္တပ္လိုက္႐ံုပါပဲ။ အားနည္းခ်က္ေတြ၊ ျပႆနာေတြ မရွိေတာ့ဘူးလား ဟုတ္ကဲ့။ Project Ara ဖုန္းေတြဟာ ေျခာက္ျပစ္ကင္း သဲလဲစင္ေတာ့ မဟုတ္ပါဘူး။ သူ႔မွာလည္း အားနည္းခ်က္ေတြ၊ ျပႆနာေတြ ရွိပါတယ္။ ပထမတစ္ခ်က္အေနနဲ႔ Project Ara ဖုန္းေတြဟာ module တစ္ခုစီ ဝယ္ရတာ ျဖစ္တာေၾကာင့္ အားလံုးေပါင္းလိုက္တဲ့ အခါမွာ specification ခ်င္းတူတဲ့ သာမန္ဖုန္းတစ္လံုးထက္ ေစ်းပိုႀကီးသြားတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ module ေတြနဲ႔ frame ေတြကို အရွင္ဆက္ထားတာ ျဖစ္တဲ့အတြက္ လြတ္က်တာေတြ၊ ေရစိုတာေတြကို သိပ္ခံႏိုင္မွာ မဟုတ္ပါဘူး။ Module ေတြဟာ ကုမၸဏီ တစ္ခုထဲက ထုတ္လုပ္ထားတာ မဟုတ္ဘဲ ကုမၸဏီေပါင္းမ်ားစြာက ထုတ္လုပ္ထားတာျဖစ္လို႔ module ေတြ အားလံုး တစ္ခုနဲ႔တစ္ခု အေကာင္းဆံုးခ်ိတ္ဆက္ ေဆာင္႐ြက္ႏိုင္မယ္လို႔ အာမမခံႏိုင္ပါဘူး။ ဒါ့အျပင္ အခ်ိဳ႕ေသာ module ေပါင္းစပ္ပံုေတြဟာ အလုပ္မျဖစ္တာကိုလည္း သတိျပဳရပါဦးမယ္။ ဥပမာ display module ကို full HD အဆင့္သံုးထားၿပီး CPU module ကိုေတာ့ လိပ္လိုေႏွးတာ သံုးမယ္ဆိုရင္ သံုးစားရမွာ မဟုတ္ပါဘူး။ ဘာပဲျဖစ္ျဖစ္ ဒီျပႆနာေတြ ရွိေနလို႔ Project Ara ကို မေကာင္းဘူးလို႔ ေျပာလို႔မရပါဘူး။ နည္းပညာ ကုမၸဏီႀကီး Google ကလည္း ႀကိဳးစားျပင္ဆင္ေပးမွာပါ။ ဘာပဲေျပာေျပာ အနာဂတ္ရဲ႕ နည္းပညာတစ္ခု အေနနဲ႔ ရင္ခုန္စြာ ေစာင့္ေမွ်ာ္ဖို႔ရာ ထိုက္တန္ပါတယ္လို႔ ကြၽန္ေတာ္ကေတာ့ ထင္ပါတယ္။ References: itpro.co.uk, modularphonesforum.com, androidpit.com, cnet.com http://www.internetjournal.media/article/5448 xxxxxxxxxxxxxxxx စိတ်ကြိုက် တည်ဆောက်နိုင်သော စမတ်ဖုန်း (သို့မဟုတ်) Project Ara ========== စာဖတ်သူတို့ အနေနဲ့ ယခုလက်ရှိ သုံးနေတဲ့ ဖုန်းတွေဟာ မိမိကိုယ်တိုင် စိတ်ကြိုက် တပ်ဆင်လို့မရဘဲ ထုတ်လုပ်တဲ့ ကုမ္ပဏီက ပေးတဲ့အတိုင်းသာ ဝယ်ယူရတာကို သတိပြုမိမှာပါ။ ကိုယ်ကဖုန်းကို ဗီဒီယိုဇာတ်ကားတွေ ကောင်းကောင်း ကြည့်ဖို့အတွက် HD display ကိုသာ လိုချင်တယ်။ အခြား Camera တို့ ဘာတို့ကို ပုံမှန်ပဲ လိုချင်တယ်။ ဒါပေမဲ့ Storage လေးတော့ များများရှိဦးမှ။ ဒါပေမဲ့ RAM အမြင့်ကြီးတော့ မလိုပြန်ဘူး။ အဲ့လိုစိတ်ကူးနဲ့ ကိုယ့်စိတ်ကြိုက်ဖုန်းကို ရှာပေမယ့် ရှာမတွေ့တာကို ကြုံဖူးမှာပါ။ ကိုယ့်စိတ်ကြိုက် Specification တွေ ပါဝင်တဲ့ဖုန်းကို ကိုယ်တိုင်စိတ်ကြိုက် တပ်ဆင်နိုင်ရင် ကောင်းမှာပဲလို့ စိတ်ကူးယဉ်မိဖူးမှာပါ။ ဟုတ်ကဲ့။ ဒါဆိုရင်တော့ Project Ara ဟာ စာဖတ်သူရဲ့ အိပ်မက်တွေကို အမှန်တကယ် ဖြစ်ပေါ်လာစေမယ့် ပရောဂျက်တစ်ခုပါပဲ။ ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီး Google ကနေ ဦးဆောင်ပြီး ပြုလုပ်နေတဲ့ Project Ara ဟာ အသုံးပြုသူကို မိမိစိတ်ကြိုက် specification သို့မဟုတ် အစိတ်အပိုင်းတွေနဲ့ စမတ်ဖုန်း တစ်ခုကို မိမိစိတ်ကြိုက် တည်ဆောက်နိုင်စေဖို့ ရည်ရွယ်ပါတယ်။ ကုမ္ပဏီတွေက ထုတ်တဲ့ပုံစံအတိုင်း အသုံးပြုသူတွေက ဝယ်ယူနေရတဲ့ အခြေအနေကို ရှောင်လွှဲနိုင်ဖို့ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ Project Ara ရဲ့ သဘောတရားတွေကို သိရှိနိုင်ဖို့ အောက်မှာဖော်ပြ ပေးလိုက်ပါတယ်။ ယခုလက်ရှိ ပေါ်ထွက်နေတဲ့ စမတ်ဖုန်းတွေဟာ ပြောင်းလဲလို့မရဘဲ တစ်ပုံစံတည်းသာရှိတဲ့ ဖုန်းတွေဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ ဘက်ထရီကိုတောင်မှ တခြားအမျိုးအစား မတူတဲ့ဘက်ထရီကို အစားထိုးထည့်သွင်းလို့ မရပါဘူး။ ဒီလိုမျိုး အခြေအနေကို Google က သဘောမကျပါဘူး။ သူက ဖုန်းတစ်ခုရဲ့ Software ရော hardware ပါ။ အသုံးပြုသူ စိတ်ကြိုက်ဖန်တီးနိုင်တဲ့ အနေအထားမျိုးကိုသာ လိုချင်ပါတယ်။ ဒါဟာ Project Ara ကိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ပါပဲ။ အသုံးပြုသူတွေဟာ ပထမဆုံးဖုန်းရဲ့ အခြေခံ Frame ကိုဝယ်ယူမယ်။ ပြီးရင် ကိုယ်ကြိုက်တဲ့ Specification တွေရှိတဲ့ CPU, RAM, storage, battery, camera တွေကို ဝယ်ယူပြီး တပ်ဆင်လိုက်မယ်။ ဒါဟာ Project Ara စမတ်ဖုန်းရဲ့ အခြေခံ သဘောတရားပါပဲ။ Project Ara စမတ်ဖုန်းတွေဟာ ဘယ်လိုပုံစံမျိုးတွေလဲ Project Ara စမတ်ဖုန်း တစ်ခုကို သုံးစွဲသူစိတ်ကြိုက် ဝယ်ယူထားတဲ့ module (CPU, RAM စတဲ့အစိတ်အပိုင်း) တွေကို 'Endoskeleton' လို့ခေါ်တဲ့ Frame ထဲမှာ တပ်ဆင်လိုက်ရုံနဲ့ အသုံးပြုသူ ကိုယ်တိုင်တည်ဆောက် နိုင်ပါတယ်။ Frame ကို လက်ရှိအဆိုအရ Google ကထုတ်လုပ် ပေးမှာဖြစ်ပြီး Module တွေကိုတော့ အခြားကုမ္ပဏီတွေက ထုတ်လုပ်မှာပါ။ Frame တစ်ခုဟာ 15 ဒေါ်လာလောက်သာ ကျသင့်မှာ ဖြစ်ပါတယ်။ Module တွေကတော့ Specification ပေါ်မူတည်ပြီး စျေးနှုန်းအနည်းအများ ရှိမှာပါ။ Frame ကို လောလောဆယ်မှာတော့ အသေးစားနဲ့ အလတ်စားဆိုပြီး နှစ်မျိုးပဲထုတ်ဖို့ Google ကစီစဉ်ထားပါတယ်။ အသေးစား Frame တစ်ခုရဲ့ အရွယ်ဟာ Nokia 3310 ဖုန်းအရွယ်ဖြစ်ပါတယ်။ အလတ်စားကတော့ LG Nexus 5 ဖုန်းရဲ့ အရွယ်အစားနဲ့ တူပါတယ်။ အနာဂတ်မှာ Samsung Galaxy Note 3 အရွယ်အကြီးစား Frame တွေ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။ Frame ရဲ့အရှေ့ဘက်မှာတော့ Display module အတွက် နေရာပေးထားပါတယ်။ အနောက်ဘက်မှာတော့ CPU, RAM နဲ့ Battery စတဲ့ module တွေ ထည့်တဲ့နေရာ ရှိပါတယ်။ ၂၀၁၅ ခုနှစ်က ထုတ်ပြခဲ့တဲ့ ရှေ့ပြေးပုံစံ Spiral 2 မှာ module တွေအတွက် နေရာ ၁၁ ခုသာ ရှိပါတယ်။ ဒါပေမဲ့့ ယခုလက်ရှိ အချိန်မှာတော့ နည်းပညာ အဆင့်မြှင့်လိုက်မှုကြောင့် နေရာအရေအတွက် ပိုများလာပါပြီလို့ Google က ထုတ်ဖော်ပြောဆို ထားပါတယ်။ Module တွေကို Frame နဲ့မြဲမြံစွာ တွယ်ဆက်နေစေဖို့အတွက် electro-permanent magnet တွေကို အသုံးပြုထားပါတယ်။ သုံးစွဲသူတွေက Project Ara ဖုန်းတွေကို ဘယ်လိုဝယ်ယူ ရမှာလဲ လက်ရှိအစီအစဉ် အရတော့ သုံးစွဲသူတွေဟာ Frame ကို Google ကနေ ဝယ်ယူရမှာပါ။ Module တွေ အတွက်ကတော့ Google ကနေ Play Store လိုပုံစံမျိုး Online Store တစ်ခုတည်ထောင် ပေးမှာပါ။ Play Store မှ apps တွေကို ဝယ်ယူရသလို Module Store မှာလည်း module တွေ ဝယ်ယူလို့ရမှာပါ။ Play Store လိုဘဲ Module Store မှာ ကုမ္ပဏီတွေက ထုတ်တဲ့ Module တစ်ခုချင်းစီရဲ့ user review တွေ၊ comment တွေကို ဖတ်နိုင်ရေးနိုင်မှာပါ။ ဘယ်ကုမ္ပဏီတွေက Project Ara အတွက် ပြင်ဆင်ထုတ်လုပ် နေသလဲ ကုမ္ပဏီအတော် များများကတော့ Project Ara စမတ်ဖုန်း တွေအတွက် module တွေကို လက်ရှိအချိန်မှာ သုတေသနပြု ထုတ်လုပ်နေကြပါပြီ။ အချို့ကုမ္ပဏီတွေဆို module အချို့ကိုတောင် ထုတ်ဖော်ပြသ ပြီးသွားပါပြီ၊ ခိုင်မာတဲ့ သတင်းအချက် အလက်တွေအရ Marvell နဲ့ Nvidia က application processor module တွေ၊ Toshiba က Camera, display, activity measurement နဲ့ အခြား module တွေ၊ Vestigen က health module တွေ၊ Yezz က module မျိုးစုံ၊ Innolux က display module တွေ၊ Phison နဲ့ Kingston က data storage module တွေ၊ Intersoft Eurasia က radiation sensor module တွေ၊ Sennheiser က audio module တွေ စသဖြင့် အသီးသီးထုတ်လုပ် နေကြပါတယ်။ Project Ara စမတ်ဖုန်းတွေ ဘယ်အချိန်မှ စျေးကွက်ထဲ ရောက်မှာလဲ Projcet Ara ကို စတင်ခဲ့တာဟာ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကတည်းကပါ။ ယခု ဇန်နဝါရီလ အထိဆိုရင် သုံးနှစ်နီးပါး ကြာနေပါပြီ။ ၂၀၁၄ ခုနှစ် ဧပြီလ ၁၅ ကနေ ၁၆ ရက်အထိ ပထမအကြိမ်မြောက် ကွန်းဖရန့်ကို ကျင်းပခဲ့ပါတယ်။ ဒုတိယအကြိမ်မြောက် ကွန်းဖရန့်ကိုတော့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလထဲမှာ ကျင်းပခဲ့ပါတယ်။ ဒုတိယအကြိမ် ကွန်းဖရန့်မှာ ရှေ့ပြေးပုံစံ Spiral 2 ကို မိတ်ဆက်ပြသ ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ ဖုန်းဟာ Boot Screen မှာပဲ ရပ်သွားပါတယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလထဲမှာ Google က Project Ara ကို နှစ်ကုန်ပိုင်းလောက်မှာ Puerto Rico မှာ စမ်းသပ်မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သို့ပေမယ့် ထိုစမ်းသပ်မယ့် အစီအစဉ်ကို ၂၀၁၆ ခုနှစ်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။ ဒါကြောင့်စျေးကွက်ထဲ ရောက်ဖို့အတွက် အချိန်အနည်းငယ်တော့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ Project Ara ဖုန်းတွေ ဘာလို့စိတ်ဝင်စားစရာ ကောင်းတာလဲ Project Ara ဖုန်းတွေဟာ စိတ်ကြိုက်လဲ လှယ်တပ်ဆင်နိုင်ခွင့်ကို အဆုံးစွန်အထိ လုပ်ဆောင်နိုင်စေ ပါတယ်။ သုံးစွဲသူတစ်ဦးအနေနဲ့ စိတ်ကြိုက်အရောင်၊ စိတ်ကြိုက်ဒီဇိုင်းနဲ့ စိတ်ကြိုက်အရည်အသွေး (specification) ရှိတဲ့ module တွေကို ရွေးချယ်တပ်ဆင် နိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူအနေနဲ့ ငွေကိုလည်း ချွေတာနိုင်ပါသေးတယ်။ ဥပမာအားဖြင့် သီချင်းနားထောင် ရတာကိုသာ အဓိကထားလိုတဲ့ သုံးစွဲသူတစ်ယောက်ဟာ speaker module ကိုသာ အဆင့်မြင့်တာဝယ်ပြီး ကျန်တဲ့ camera, cpu module တွေကို စျေးသက်သာတဲ့ဟာကို ရွေးချယ်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ဘယ်နေရာအတွက် ဘယ်လောက်ကို သုံးစွဲမယ်ဆိုတဲ့ ရွေးချယ်ပိုင်ခွင့်ကို ရရှိလာပါမယ်။ Speaker ကောင်းကောင်းလေး တစ်ခုသာ ရချင်ရုံနဲ့ အစိတ်အပိုင်း အားလုံးကို အကောင်းချည်း တပ်ဆင်ထားတဲ့ high-end စမတ်ဖုန်း တစ်လုံးကို မလိုအပ်ဘဲ ဝယ်ယူရတဲ့ အဖြစ်ကနေ ရှောင်လွှဲနိုင်ပါလိမ့်မယ်။ ဒါ့အပြင် Project Ara မှာ အခြားအ့ံအားသင့်ဖွယ် feature တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ module တွေကို ဖုန်းပါဝါ ပိတ်စရာမလိုဘဲ လဲလှယ်နိုင်တဲ့ 'hot-swapping' ဆိုတဲ့ feature ပါပဲ။ CPU, Display စတဲ့ module တချို့မှအပ ကျန် module များဟာ ဖုန်းကိုသုံးနေရင်း ချက်ချင်းလဲလှယ် နိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူဟာ အခြေအနေအလိုက် လိုအပ်တဲ့ အစိတ်အပိုင်းကို လဲလှယ်တပ်ဆင် နိုင်မှာပါ။ ဥပမာသူဟာ အပန်းဖြေခရီး ထွက်တော့မယ်ဆိုရင် သူ့ဖုန်းမှာ တပ်ဆင်ထားတဲ့ megapixel နိမ့်တဲ့ camera module ကိုဖြုတ်ပြီး megapixel ပိုမြင့်တဲ့ module ကို လဲလှယ်တပ်ဆင် နိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် သူဟာကျန်းမာရေးအတွက် နှလုံးခုန်နှုန်း တိုင်းချင်တယ်ဆိုရင်လည်း heart-rate sensor module ကို တပ်ဆင်နိုင်ပါ လိမ့်မယ်။ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတာကတော့ အသစ်အသစ်သော နည်းပညာတွေကို အသုံးပြုနိုင်ဖို့အတွက် ဖုန်းတစ်ခုလုံး လဲလှယ်ဖို့ မလိုတော့တာပါဘဲ။ ဒါ့အပြင် အချိန်အကြာကြီးလည်း စောင့်စရာမလိုတော့ပါဘူး။ ဒါဟာ နည်းပညာ ဝါသနာအိုးတွေအတွက် တွက်ခြေကိုက် စေပါတယ်။ မိမိက CPU နည်းပညာ အသစ်တွေကိုသာ စိတ်ဝင်စားတယ်ဆိုရင် CPU နည်းပညာ အသစ်တစ်ခု ထွက်လာတာနဲ့ ကောက်တပ်လိုက်ရုံပါပဲ။ အားနည်းချက်တွေ၊ ပြဿနာတွေ မရှိတော့ဘူးလား ဟုတ်ကဲ့။ Project Ara ဖုန်းတွေဟာ ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဟုတ်ပါဘူး။ သူ့မှာလည်း အားနည်းချက်တွေ၊ ပြဿနာတွေ ရှိပါတယ်။ ပထမတစ်ချက်အနေနဲ့ Project Ara ဖုန်းတွေဟာ module တစ်ခုစီ ဝယ်ရတာ ဖြစ်တာကြောင့် အားလုံးပေါင်းလိုက်တဲ့ အခါမှာ specification ချင်းတူတဲ့ သာမန်ဖုန်းတစ်လုံးထက် စျေးပိုကြီးသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် module တွေနဲ့ frame တွေကို အရှင်ဆက်ထားတာ ဖြစ်တဲ့အတွက် လွတ်ကျတာတွေ၊ ရေစိုတာတွေကို သိပ်ခံနိုင်မှာ မဟုတ်ပါဘူး။ Module တွေဟာ ကုမ္ပဏီ တစ်ခုထဲက ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကုမ္ပဏီပေါင်းများစွာက ထုတ်လုပ်ထားတာဖြစ်လို့ module တွေ အားလုံး တစ်ခုနဲ့တစ်ခု အကောင်းဆုံးချိတ်ဆက် ဆောင်ရွက်နိုင်မယ်လို့ အာမမခံနိုင်ပါဘူး။ ဒါ့အပြင် အချို့သော module ပေါင်းစပ်ပုံတွေဟာ အလုပ်မဖြစ်တာကိုလည်း သတိပြုရပါဦးမယ်။ ဥပမာ display module ကို full HD အဆင့်သုံးထားပြီး CPU module ကိုတော့ လိပ်လိုနှေးတာ သုံးမယ်ဆိုရင် သုံးစားရမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီပြဿနာတွေ ရှိနေလို့ Project Ara ကို မကောင်းဘူးလို့ ပြောလို့မရပါဘူး။ နည်းပညာ ကုမ္ပဏီကြီး Google ကလည်း ကြိုးစားပြင်ဆင်ပေးမှာပါ။ ဘာပဲပြောပြော အနာဂတ်ရဲ့ နည်းပညာတစ်ခု အနေနဲ့ ရင်ခုန်စွာ စောင့်မျှော်ဖို့ရာ ထိုက်တန်ပါတယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ References: itpro.co.uk, modularphonesforum.com, androidpit.com, cnet.com http://www.internetjournal.media/article/5448 ထိပ္တန္းနည္းပညာ ကုမၸဏီႀကီး Google ကေန ဦးေဆာင္ၿပီး ျပဳလုပ္ေနတဲ့ Project Ara ဟာ အသံုးျပဳသူကို မိမိစိတ္ႀကိဳက္ specification သို႔မဟုတ္ အစိတ္အပုိင္းေတြနဲ႔ စမတ္ဖုန္း တစ္ခုကို မိမိစိတ္ႀကိဳက္ တည္ေဆာက္ႏုိင္ေစဖုိ႔ ရည္ရြယ္ပါတယ္။ internetjournal.media

No comments: