Saturday, November 2, 2013

သိမှတ်စရာ

သိမှတ်စရာ ၁။ အစားထိုး မရတဲ့ ဆုံးရှုံးမှု ဟာ လူတစ်ယောက် ဘ၀မှာ နှစ်ခု ပဲ ရှိတယ် ... အဲ့ဒါ မိဘ နဲ့ အချိန် ... ၂။ လူ တစ်ယောက်ရဲ့ ဘုန်း တန်ခိုး ဟာ အလုပ် ပဲ ... ၃။ ဆင်ခြေ ပေးတဲ့ ပါးစပ် ထမင်းငတ် တတ်တယ် .. ၄။ မလုပ် တတ်ဘူး များများ ပြောလေ မင်း တကယ် မလုပ်တတ် လေပဲ ... ၅။ နှေးတာ အရေး မကြီး ဘူး ရပ်မနေဖို့ က ပို အရေးကြီး တယ် ... ၆။ လို သလောက်မရ နိုင်ပေမယ့် မင်း လုပ် သလောက် တော့ မင်း ရနိုင်တယ် .. ၇။ မေ့ တယ် ဆိုတာ မလေးစား လို့ .... ၈။ အလုပ် မလုပ်ဘဲ ထိုင်နေရုံနဲ့ မင်းဘ၀ တိုးတက်ဖို့ အခွင့် အရေး ဆိုတာ မရှိဘူး ... ၉။ အကျင့် စာရိတ္တ သည် ထိုသူ ၏ ကံကြမ္မာ ပင်ဖြစ်သည် ... ၁၀။ စာရိတ္တ ကောင်းရင် နောက်ကြောင်း ရှင်းတယ် ... ၁၁။ မခိုင်းဘဲ လုပ်တာ သခင် ၊ ခိုင်းမှ လုပ်တာ ကျွန် ...

No comments: