Saturday, November 2, 2013

နိုင်ငံ

နိုင်ငံသား အကျိုးစီးပွား ကာကွယ်ရေးဆိုကာ ကုမ္ပဏီကြီးများ ကြီးပွားတိုးတက်ရေး အတွက်သာ (ဆောင်းပါးရှင် - ရွှေဒါးမောင်လေးရည်) "လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြင်ဆင်ပြောင်းလဲ ကောက်ခံမည့် ကိစ္စအား အသိပေး ကြေညာခြင်း" ဟူသည့် ခေါင်းစဉ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၏ ကြေညာချက်ကို အစိုးရထုတ် သတင်းစာ၌ အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ဖတ်ရှုသိရှိ လိုက်ရပါသည်။ ဆက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းသည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှု အပေါ်မှ စတင်၍ တစ်ပြည်လုံး အတိုင်းအတာအထိ အောက်ပါနှုန်းထားအတိုင်း ပြင်ဆင်သတ်မှတ် လိုက်ပါသည်။ အများပြည်သူသုံးအတွက် ၁ ယူနစ်မှ ယူနစ် ၁၀၀ အထိ ၃၅ ကျပ်။ ၁၀၁ ယူနစ်မှ အထက် ကျပ် ၅၀။ စီးပွားရေး လုပ်ငန်းရှင်များအတွက် ၁ ယူနစ်မှ ယူနစ် ၅၀၀၀ အထိ ကျပ် ၁၀၀။ ၅၀၀၁ ယူနစ်မှ အထက် ကျပ် ၁၅၀ နှုန်းဖြစ်ပြီး အစိုးရ ဌာနများအတွက် ရုံးသုံးကျပ် ၅၀ နှင့် စက်မှုသုံး ကျပ် ၁၀၀ ဟု ဖော်ပြထားပါသည်။ ဤကဲ့သို့ ရုတ်တရက်နိုင်လှစွာ ဓာတ်အားခများ တိုးမြှင့်ကောက်ခံ လိုက်ခြင်းဖြင့် သုံးစွဲသူ အများပြည်သူတို့အတွက် "မြွေပူရာ ကင်းမှောင့်" သကဲ့သို့ ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ရာဒဏ်ချက်များဖြင့် အလူးလူး အလိမ့်လိမ့် ဖြစ်နေရချိန်၌ တစ်ပူပေါ် နှစ်ပူဆင့်လိုက်ခြင်းသာ ဖြစ်ပါသည်။ နောက်တစ်ချက်ကတော့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့် ရလိုက်သည့် ပုဂ္ဂလိက ကုမ္ပဏီများ၏ အကျိုးစီးပွားများ တိုးတက်ဖြစ်ထွန်းရေးအတွက် လောလောလတ်လတ် အကျိုးပြုလိုက်ခြင်းလည်း မည်ပါသည်။ ယခင် အစောပိုင်း တစ်လနှစ်လခန့်ကပင် လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံရေးအတွက် ကြိုတင်၍ ဟောကိန်းထုတ်ခဲ့သည်။ လျှပ်စစ်ဓာတ်အား ကျွမ်းကျင်သူတို့၏ စကားကို ပြန်လည်ကြားယောင် Read More ----->http://www.news-eleven.com/opinion/24828 နိုင်ငံသား အကျိုးစီးပွား ကာကွယ်ရေးဆိုကာ ကုမ္ပဏီကြီးများ ကြီးပွားတိုးတက်ရေး အတွက်သာ - Late ရန်ုကုန်မြို့တွင် အောက်တိုဘာ ၃၀ ရက်ညက လျှပ်စစ်မီး ပြတ်တောက်သွား၍ ဖယောင်းတိုင်မီး ထွန်းညှိထားသည်ကို

No comments: