Tuesday, November 5, 2013

လိုင်ဇာဘုံ

လိုင်ဇာဘုံသဘော တူညီချက်ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ စတင်ဆွေးနွေးသည့် မြစ်ကြီးနား ဆွေးနွေးပွဲ စတင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာဘုံသဘော တူညီချက်ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စတင်ဆွေးနွေးသည့် မြစ်ကြီးနား ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့၊ မနောကွင်းရှိ မဂျွယ်ခန်းမဆောင်တွင် နိုဝင်ဘာ ၄ ရက်က စတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြစ်ကြီးနား ဆွေးနွေးပွဲ၏ ပထမနေ့ နံနက်ပိုင်း အစီအစဉ်တွင် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် ၁၆ ဖွဲ့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များကလည်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။ လက်ရှိအချိန်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား ထပ်တူကျမှု တစ်ခုအဖြစ် ရှိနေသည်မှာ မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာမည် ဆိုသည့် နိုင်ငံရေး အာသီသ ရှိနေခြင်းပင် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။ ''ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို စိန်ခေါ်မှုတွေ အများကြီး ကြားထဲက လုပ်ရမယ်လို့ မျှော်လင့်ထားပါတယ်'' ဟု ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်ကမူ ၎င်းတို့အဖွဲ့သည် သမ္မတကိုယ်တိုင် ဖွဲ့စည်းပြီး စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ကာ ငြိမ်းချမ်းရေး အတွက် သမ္မတ၏ ပြောစကားများ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ မှာကြားချက်နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့၏ အမှာစကားများကို ပြောကြားခဲ့သည်။ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးနှင့် အမှတ် ၄ အထူးစစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် သမ္မတ၏ ပြောစကားများ၊ တပ်မတော်၏ သဘောထားများကို ပြောကြားခဲ့သည်။ ''တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ မူဝါဒခြောက်ရပ် ရှိပါတယ်။ (၁) အနေနဲ့ ကတော့ ထာဝရငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိရန် လိုပါတယ်။ ဒါတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ချမှတ်ထားတဲ့ မူဝါဒခြောက်ချက် ဖြစ်ပါတယ်။ (၂) အနေနဲ့ကတော့ သဘောတူ စာချုပ်များအတိုင်း ကတိတည်ရန် လိုပါတယ်။ (၃) ငြိမ်းချမ်းရေး သဘောတူညီချက်များ အပေါ်မှာ အမြတ်မထုတ်ရန်၊ (၄) ဒေသခံ ပြည်သူများ အပေါ်မှာ ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ (၅) နိုင်ငံတော်က ထုတ်ပြန်တဲ့ တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ (၆) ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန် စသည်ဖြင့် ကျွန်တော်တို့မူဝါဒ ခြောက်ချက်ကို ထုတ်ပြန်ထားတာ ရှိပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ပြောကြားသည်။ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး ရရှိရန် သန္နိဋ္ဌာန်ချထားပြီး ဖြစ်ကြောင်းနှင့် ဆုံးဖြတ်ပြီးလည်း ဖြစ်ကြောင်း ထပ်မံပြောကြားသည်။ Read More -----> http://www.news-eleven.com/politics/24905

No comments: