လူနည်းစု တိုင်းရင်းသားများထဲမှ ခရစ်ယာန်ဘာသာဝင်တစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်မှုသည် NLD ၏ အမျိုးသား ရင်ကြားစေ့ရေး ကြိုးစားမှုဖြစ်ဟု ဆို
-------- ---- ---- ---
ဖေဖော်ဝါရီ ၃ က စတင်ခဲ့သည့် အမျိုးသားလွှတ်တော်သစ်တွင် ဥက္ကဋ္ဌအဖြစ် NLD ပါတီမှ ကရင်တိုင်းရင်းသား Baptist ခရစ်ယာန် ဘာသာဝင် (ဦး) မန်းဝင်းခိုင်သန်း ရွေးချယ်ခံခဲ့ရသည်။ လွှတ်တော်သစ်ရှိ ခရစ်ယာန် ဘာသာဝင်အမတ် ၄၀ ခန့်အနက် မန်းဝင်းခိုင်သန်းလည်း တစ်ဦးအပါအ၀င် ဖြစ်သည်။
အမျိုးသားလွှတ်တော်သစ်တွင် ဥက္ကဋ္ဌ (ဦး) မန်းဝင်းခိုင်သန်းသည် ၁၉၄၇ က ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံသတ်ဖြတ်ခံရကာ ကျဆုံးခဲ့သည့် အာဇာနည် ခေါင်းဆောင် မန်းဘခိုင်၏ မြေးဖြစ်သည်။ အသက် ၆၃ နှစ်ရှိပြီဖြစ်သည့် မန်းဝင်းခိုင်သန်းသည် ရှေ့နေတစ်ဦးဖြစ်ပြီး ကရင်ပြည်နယ်မှ ၀င်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းတွင် အတွင်းရေးမှူးဟောင်း ဖြစ်သည်။ မန်းဝင်းခိုင်သန်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကရင်အဖွဲ့ချုပ်သို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၄င်း၏ ဇနီးမှာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌအဖြစ် မန်းဝင်းခိုင်သန်း ရွေးချယ်ခံရခြင်းမှာ တိုင်းရင်းသား လူမျိုး ၁၀၀ ကျော်ရှိသော မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုတစ်ခုဟု လေ့လာသူများ၏ ချီးကျူးခံရသည်။ ၁၉၄၈ လွတ်လပ်ရေးရပြီး ကတည်းက မြန်မာနိုင်ငံတွင် အစိုးရနှင့် တိုင်းရင်းသားတပ်ဖွဲ့များကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကတ်သလစ် ဘာသာဝင် အမတ်တစ်ဦးဖြစ်သူ မန်းဂျွန်နီက မန်းဝင်းခိုင်သန်း၏ ရှေ့နေ အတွေ့အကြုံက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ရာတွင် အထောက်အကူ ဖြစ်စေမည် ဟု ပြောကြား ခဲ့သည်။ မန်းဂျွန်နီက သူ့(မန်းဝင်းခိုင်သန်း) အတွက် ကျွန်တော် အလွန် ဂုဏ်ယူပါတယ်။ လူနည်းစု တိုင်းရင်းသားများ ထဲမှာမှ ဘာသာခြား လူနည်းစု ခရစ်ယာန်တစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ် ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကြိုးစားမှုမှာ တိုးတက်မှုတစ်ခုလို့ မြင်ပါတယ်” ဟု ပြောကြားခဲ့သည်။
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌဖြစ်သည့် (ဦး) မန်းဝင်းခိုင်သန်းသည် အမျိုးသားလွတ်တော် နာယက ရာထူးကို ပူးတွဲရရှိထားရုံမျှမက ကာလုံအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်လာမည် ဖြစ်သည်။ ၁၉၆၂ နောက်ပိုင်း ဦးနေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရရာထူးကြီးများ နေရာကို ဗုဒ္ဓဘာသာများကိုသာ ခန့်အပ်လေ့ရှိရာ န၀တစစ်အစိုးရလက်ထက်တွင် ဗိုလ်မှုးချုပ်အေဘယ် တစ်ဦးသာ ထိပ်တန်းအရာရှိအဖြစ် ပါဝင်ခဲ့သည်။ န၀တအဖွဲ့အတွင်း အခြား စစ်ခေါင်းဆောင်များ၏ ရာထူးများ တရှိန်ထိုးတက်ခဲ့သော်လည်း ဗိုလ်မှုးချုပ်အေဘယ်မှာ ဗိုလ်ချုပ်ရာထူးအထိ မရခဲ့ပဲ ဗိုလ်မှုးချုပ်ရာထူးဖြင့်ပင် အငြိမ်းစားယူခဲ့သည်။
ယခုကဲ့သို့ ကရင်အမျိုးသား ခရစ်ယာန်ဘာသာဝင်တစ်ဦးကို ပထမဦးဆုံးအကြိမ်အဖြစ် တိုင်းပြည်၏ ထိပ်သီးရာထူးပေးအပ်ခြင်းမှာ အမျိုးသားရင်ကြားစေ့ရေး သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်ဟု လေ့လာသူများကို ဆိုသည်။
KHTun
The Ladies News
No comments:
Post a Comment