Thursday, September 11, 2014

ကိုးကန့် စီးပွားရေးဇုန် တည်ဆောက်မည် စက်တင်ဘာ ၁၁ ရက်၊ ၂၀၁၄ ခုနှစ် ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင် ကိုးကန့်စီးပွား ရေးဇုန်တည်ဆောက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိ သည်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ကိုးကန့်မာလီပါဖွံ့ဖြိုးရေး ကုမ္ပဏီတို့ ပူး ပေါင်းတည်ဆောက်မည့်အဆိုပါ စီးပွားရေးဇုန်မှာ မြေဧကပေါင်း တစ်ထောင်ကျော်ပေါ်တွင်တည် ဆောက်မည်ဖြစ်ပြီး မြေယာဖော် ထုတ်ခြင်းလုပ်ငန်းများကိုပါအဆို ပါအဖွဲ့အစည်းများက လုပ်ကိုင် သွားမည်ဖြစ်သည်။ ဇုန်ကို ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် ခရိုင်၊ လောက်ကိုင်မြို့နယ်၊ ထင် ပါကျိုင်းကျေးရွာအုပ်စု၊တာစင် ကျိုင်းကျေးရွာအုပ်စုနှင့်ရန်ကျင် ထင်ဦးပိုင်အမှတ်(၁၂၃)ရှိမြေနေ ရာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရင်း နှီးမြှုပ်နှံမှုကော်မရှင်ကသြဂုတ်လ လယ်ပိုင်းတွင် လုပ်ကိုင်ခွင့်ပြုခဲ့ သည်။ ရောင်းချခြင်းနှင့် ငှားရမ်း ခြင်းလုပ်ငန်းများကိုလည်း ကိုး ကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ထိုကုမ္ပဏီတို့ကအဓိကလုပ်ကိုင်သွားမည်ဖြစ်သည်။ အထက်ပါ စက်မှုဇုန်စီမံ ကိန်းကို သက်ဆိုင်ရာ တိုင်းဒေ သကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်း ဆက်စပ်သည့် ပြည် ထောင်စုဝန်ကြီးဌာနများ၊အဖွဲ့အ စည်းများမှ သဘောထားမှတ်ချက် များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၄ခုနှစ်အတွင်း ခွင့်ပြုပေးခဲ့သော နိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းပေါင်း ငါးဆယ် ကျော်ရှိပြီဖြစ်သည်။ 7Day DAILY

No comments: