အယ်လ်ကိုင်ဒါခေါင်းဆောင် ဇဝါဟရီက အိန္ဒိယတိုက်ငယ် အယ်လ်ကိုင်ဒါ ဖွဲ့စည်းပြီး ဂျီဟာ့ဒ်မယ်လို့ ဆိုပြီးနောက်မှာ အိန္ဒိယရော မြန်မာမှာပါ တကယ်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်သူနည်းပြီး လှန့်လုံးတစ်ခုအနေနှင့်ပဲ သဘောထားကြပါတယ်။ အိန္ဒိယရော မြန်မာပါ လုံခြုံရေးတိုးမြှင့်ကြတယ်ဆိုပေမယ့် လုပ်ရိုးလုပ်စဉ်ကနေ ပိုပြီးတင်ကျပ်လိုက်တဲ့ သဘောသာဖြစ်ပြီး တကယ်တမ်း အယ်လ်ကိုင်ဒါ ဝင်လာချိန်မှာ ဒီလုံခြုံရေးအစီအစဉ်တွေသည် မလုံလောက်ဘူး၊ မကာကွယ်နိုင်ဘူး ဖြစ်သွားပါလိမ့်မယ်။ အယ်လ်ကိုင်ဒါ သက်တမ်းတစ်လျှောက်မှာ အထူးသဖြင့် ဇဝါဟရီလက်ထက်မှာ ၎င်းတို့ပိုင်ပြီဆိုတဲ့ အနေအထားမှ ကြေငြာတတ်၊ ဝန်ခံတတ်၊ ထိုးစစ်ဆင်တတ်တာတွေကို သတိပြုရပါမယ်။ ဇဝါဟရီက အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် အယ်လ်ကိုင်ဒါ ဖွဲ့စည်းမယ်လို့ ကြေငြာလိုက်တာသည် အိန္ဒိယတိုက်ငယ် ဒေသတွင်းမှာ အယ်လ်ကိုင်ဒါတွေ ခြေကုပ်ရယူထားပြီးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေပါတယ်။ ကျွန်တော်တို့ သိရမှာက ဘယ်သူတွေလဲ၊ ဘယ်မှာလဲ၊ ဘယ်လိုကာကွယ်ကြမလဲ။ တစ်နည်းပြောရလျှင် ဘာတွေသိထားသင့်ပြီး ဘာတွေပြင်ဆင်ထားရမလဲ။
ကျွန်တော်တို့ အနေနှင့် သိထားသင့်တဲ့ အကြောင်းအရာ ၃ ခု ပြင်ဆင်ထားရမယ့် လုပ်ငန်းစဉ် ၃ ခု ရှိပါမယ်။
၁။ သိထားသင့်သော အကြောင်းအရာ ၃ ခု
၁.၁။ အယ်လ်ကိုင်ဒါ စတင်ထိုးဖောက်နိုင်သည့် နိုင်ငံ
၁.၂။ အယ်လ်ကိုင်ဒါ သူလျှို ဝင်ရောက်နိုင်သည့် နည်းလမ်း
၁.၃။ အယ်လ်ကိုင်ဒါ၏ လက်ရှိ စစ်အင်အား
၂။ ပြင်ဆင်ထားရမည့် အကြောင်းအရာ ၃ ခု
၂.၁။ အကြမ်းဖက်မှုအားပေးသူ၊ အဖွဲ့အစည်းအား ထိရောက်စွာ အရေးယူမည့် ဥပဒေ
၂.၂။ အယ်လ်ကိုင်ဒါ၏ ပစ်မှတ်နိုင်ငံများအချင်းချင်း နည်းပညာ၊ သတင်းအချက်အလက်၊ စစ်လက်နက်အင်အား ပူးပေါင်းဖလှယ်ခြင်း
၂.၃။ အကြမ်းဖက်မှု အထူးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရန်
၁.၁။ အယ်လ်ကိုင်ဒါ စတင်ထိုးဖောက်နိုင်သည့် နိုင်ငံ
အယ်လ်ကိုင်ဒါပစ်မှတ်ထားတဲ့ အိန္ဒိယတိုက်နယ် နိုင်ငံတွေက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အာသမ်၊ ဂူဂျရတ်၊ အာမက်ဒဘတ် နှင့် ကက်ရှ်မီးယားတို့ ဖြစ်ပါတယ်။ မှန်တန်းစဉ်းစားလျှင်တော့ သူပုန်နယ်မြေ ကက်ရှ်မီးယားကို အရင်ဆုံး ထိုးဖောက်နိုင်တယ် စဉ်းစားစရာပါ။ ဒါပေမယ့် တကယ်ဖြစ်နိုင်တာက ကက်ရှ်မီးယားသည် နောက်ဆုံးဖြစ်နိုင်ပြီး မဝင်မှာတောင် ဖြစ်နိုင်ပါတယ်။ ကမ္ဘာ့အင်အားကြီး စစ်အင်အား ပိုင်ဆိုင်ထားတဲ့ နိုင်ငံနှစ်နိုင်ငံကြား အယ်လ်ကိုင်ဒါ မရပ်ရဲပါဘူး။ ပါကစ္စတန်ရော အိန္ဒိယပါ အယ်လ်ကိုင်ဒါကို ချေမှုန်းနေကြတာကလည်း အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ တစ်ခါ ဒေသခံ ကက်ရှ်မီးယား သူပုန်ကလည်း အယ်လ်ကိုင်ဒါကို လက်မခံပါဘူး။ အထက်ပါအချက်တွေအရ ကက်ရှမီးယားကနေ အယ်လ်ကိုင်ဒါ မစနိုင်ဘူး။ ကက်ရှမီးယား မဖြစ်နိုင်လျှင် မူဆလင်အများစု နိုင်ငံတွေ (တစ်ချို့ အိန္ဒိယပြည်နယ်တွေ) ဖြစ်တဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂူဂျရတ် ကို စဉ်းစားရမယ်။ ဒီအထဲမှာ မြန်မာဘက်က မူဆလင်နယ်မြေနှင့်လည်း ဆက်စပ်တယ်၊ ပါကစ္စတန် အကြမ်းဖက်နယ်တွေနှင့်လည်း ဆက်စပ်တယ်၊ တိုင်းပြည်ကိုယ်၌ကလည်း မူဆလင်တိုင်းပြည်ဖြစ်ပြီး စစ်အင်အားမှာလည်း လျော့တယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်ကို အယ်လ်ကိုင်ဒါ စတင်မည့် နေရာအဖြစ် တွေးလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်က စတယ်ဆိုလျှင် မြန်မာက ပြင်ဆင်ချိန် ရပါသေးတယ်။
၁.၂။ အယ်လ်ကိုင်ဒါ သူလျှိုများ ဝင်ရောက်နိုင်သည့် နည်းလမ်းများ
အယ်လ်ကိုင်ဒါရဲ့ ဒေသတစ်ခုအတွင်း ဝင်ရောက်လာခဲ့ဖူးသမျှကို လေ့လာကြည့်လျှင် ပထမ plot လို့ ခေါ်တဲ့ လျှို့ဝှက်ကြံစည်မှုတွေ နှင့် တိုက်ခိုက်တာကို တွေ့ရပါမယ်။ ကားဗုံးခွဲခြင်း၊ အသေခံဗုံးခွဲခြင်း၊ ပြန်ပေးဆွဲခြင်း တွေနှင့် စပါတယ်။ နောက်မှ military ခေါ်တဲ့ စစ်အင်အားက တွဲဖက်ပါတယ်။ ပထမ အစီအစဉ်ဖြစ်တဲ့ plot မှာ အကြမ်းဖက်သမားများက ပြည်ပက ဝင်ရောက်လာပြီး ပြည်တွင်းနေများနှင့် ပူးပေါင်းလုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနှင့် သိထားရမှာက ပြည်ပက ဝင်လာတတ်တဲ့လမ်းကြောင်းပုံစံ နှင့် ပြည်တွင်းနေတွေကို ဘယ်လို radicalize လုပ်မယ်၊ သင်တန်းပေးမယ် ဆိုတဲ့ ပုံစံတွေပါ။
အကြမ်းဖက်သမားတွေ ပြည်တွင်းကို ဝင်ရောက်ရာမှာ နည်းသုံးနည်းကတော့
- နယ်စပ်ဂိတ်တွေကနေတစ်ဆင့် ပိုက်ဆံပေး လာဘ်ထိုးဝင် (သို့မဟုတ်) ခိုးဝင်
- ပြည်ပက ဗီဇာဖြင့် ဝင်လာပြီး ပြည်တွင်းနေတစ်ယောက် ၎င်း၏ နေရာတွင် ဝင်ရောက်ကာ လူချင်းလဲလိုက်ခြင်း
- ပြည်ပ NGO အဖွဲ့ဝင်များအဖြစ် ဝင်ရောက်လာခြင်း တို့ ဖြစ်ပါတယ်။
ခုအချိန်မှ ဒီဝင်ပေါက်တွေကို ပိတ်မယ်ဆိုလည်း အချိန်မမီလောက်တော့ပါဘူး။ အယ်လ်ကိုင်ဒါ ဖွဲ့စည်းမယ်လို့ ကြေငြာကတည်းက အကြမ်းဖက်သမားတွေ စိမ့်ဝင်နေပြီး ဖြစ်မှာပါ။
သူတို့တွေ ဘယ်နေရာမှာ ပုန်းအောင်းနေမလဲ။ ဗလီတွေနှင့် မူဆလင်အိမ်တွေမှာပဲ ပုန်းခိုနေမှာပါ။ တစ်ချို့ဆိုလျှင် နှစ်လတာရှည်ကတည်းက ရောက်နေတာ ဖြစ်နိုင်ပြီး တစ်ချို့သော ပါတီ၊ အဖွဲ့အစည်းများရဲ့ အကာအကွယ်ကို ရယူဖို့ အသင်းဝင်တစ်ယောက်တောင် ဖြစ်နေနိုင်ပါတယ်။
၁.၃။ အယ်လ်ကိုင်ဒါ၏ လက်ရှိစစ်အင်အား
အယ်လ်ကိုင်ဒါက အကြမ်းဖက်မှုကျူးလွန်လျှင် plot ကျူးလွန်မှာလား၊ စစ်အင်အားပြ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ရဲမှာလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် အယ်လ်ကိုင်ဒါ စစ်အင်အားကို မှန်းဆနိုင်ဖို့ လိုပါတယ်။ အယ်လ်ကိုင်ဒါရဲ့ စစ်အင်အားက ၎င်းနှင့် ချိတ်ဆက်ထားတဲ့ အဖွဲ့တွေကို အားကိုးအားထားပြုနေရတာပါ။ တစ်ဖက်မှာလည်း ဘဂ္ဂဒက်ဒီရဲ့ အစ္စလမ္မစ်နိုင်ငံတော်အဖွဲ့က အယ်လ်ကိုင်ဒါဆီက လူအင်အား ဖဲ့ယူနေလို့ အယ်လ်ကိုင်ဒါသည် အရင်လို အင်အားမရှိတော့ပါဘူး။ အိန္ဒိယတိုက်ငယ် အယ်လ်ကိုင်ဒါရဲ့ အင်အားဆိုတာသည်လည်း အင်ဒီးယန်း မူဂျာဟစ်ဒင် ကို အယ်လ်ကိုင်ဒါ နာမည်ပြောင်း ဖွဲ့စည်းရန်သာ ဖြစ်နိုင်ပါတယ်။ အဆိုပါ စစ်အင်အားနှင့် ဆိုလျှင်ကတော့ အင်အားကြီးမားလှတဲ့ အိန္ဒိယ စစ်တပ်၊ မြန်မာစစ်တပ်ကို မထိုးဖောက်နိုင်သေးပါဘူး။ အယ်လ်ကိုင်ဒါရဲ့ အဓိက ရည်ရွယ်ချက်သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအခြေပြု လေ့ကျင့်ပေးထားသော အကြမ်းဖက်သမားများနှင့် ဖောက်ခွဲရေး၊ ထိပ်ပိုင်းပုဂ္ဂိုလ်များအား လုပ်ကြံခြင်းတို့သာ ဖြစ်နိုင်ပါတယ်။
၂.၁။ အကြမ်းဖက်မှုအားပေးသူ၊ အဖွဲ့အစည်းအား ထိရောက်စွာ အရေးယူမည့် ဥပဒေ
ပြည်ထောင်စုလွှတ်တော်မှာ မဖြစ်မနေ အမြန်ပြဌာန်းရပါမယ်။ အယ်လ်ကိုင်ဒါ၏ အကြမ်းဖက်မှု ဖြစ်ပေါ်လာလျှင် ကိုယ့်တုတ်နှင့် ကိုယ့်ကို ပြန်ရိုက်တယ် ဆိုသလို ကိုယ့်နိုင်ငံသား မူဆလင်တွေကို အကြမ်းဖက်သင်တန်းပေးပြီး ဒီအကြမ်းဖက်သင်တန်းဆင်း မူဆလင်တွေက အယ်လ်ကိုင်ဒါနာမည်ခံပြီး အကြမ်းဖက်တာတွေ ဖြစ်ပါမယ်။ ဒါကို ကာကွယ်ဖို့အတွက် အကြမ်းဖက်မှုနှင့် ပတ်သက်သမျှကို အရေးယူဖို့ လိုပါတယ်။ လက်ရှိ criminal law, penal code, အထူးဥပဒေများအရ အကြမ်းဖက်မှု ဖြစ်ရပ်များကို အရေးယူရာမှာ လက်တစ်လုံးခြား ရှောင်တိမ်းနိုင်မှုတွေ ရှိနေပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ဗလီများ၊ ဘာသာရေးအဖွဲ့အစည်းများ ရဲ့ အကာအကွယ်ယူ လွတ်မြောက်နေတာတွေ ရှိပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုနှင့် ဆက်နွှယ်သည်ဟု ယူဆရသူများကို ရက်အကန့်အသတ်မရှိ ထိန်းသိမ်းထားခြင်း၊ ဗလီများကို အပြီးအပိုင် ပိတ်သိမ်းခြင်း၊ မသင်္ကာလျှင် ထိန်းသိမ်းကာလာအဖြစ် ပိတ်သိမ်းခြင်း၊ အကြမ်းဖက်မှုနှင့် ဆက်နွှယ်သူများကို ကြီးလေးသော ပြစ်ဒဏ်များ စီရင်ခြင်းတို့ကို ပြဌာန်းသင့်ပါတယ်။
၂.၂။ အယ်လ်ကိုင်ဒါ၏ ပစ်မှတ်နိုင်ငံများအချင်းချင်း နည်းပညာ၊ သတင်းအချက်အလက်၊ စစ်လက်နက်အင်အား ပူးပေါင်းဖလှယ်ခြင်း
အယ်လ်ကိုင်ဒါ၏ ပစ်မှတ်နိုင်ငံများ ဆိုရာဝယ် အိန္ဒိယ ပြည်နယ်အစိုးရအချို့၊ အိန္ဒိယ ဗဟိုအစိုးရ နှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်အစိုးရများကို ဆိုလိုပါတယ်။ အထူးသဖြင့် aအိန္ဒိယထောက်လှမ်းရေးနှင့် မြန်မာ၊ ဘင်္ဂလားထောက်လှမ်းရေးများ ပူးတွဲ အလုပ်လုပ်ကြရန် ဖြစ်ပါတယ်။ မြန်မာအစိုးရ၊ အိန္ဒိယအစိုးရတို့သည် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နယ်စပ်ရေးရာကိစ္စ မပြေလည်မှုများ ရှိသည်ဆိုလင့်ကစား အယ်လ်ကိုင်ဒါကာကွယ်ရေးကိစ္စ၌ သုံးနိုင်ငံ သဘောတူညီ အလုပ်လုပ်နိုင်သော ဘုံသဘောတူညီမှုတစ်ခုကို ညှိနှိုင်းထားရှိရပါမယ်။ အယ်လ်ကိုင်ဒါတပ်ဖွဲ့များအား နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခြင်း၊ အကြမ်းဖက်သံသယရှိသူအား နယ်စပ်ဖြတ်ကျော် ဖမ်းဆီးခြင်းတို့၌ ကြိုတင်ညှိနှိုင်း၍ သဘောတူညီချက် ယူထားကြရပါမယ်။
၂.၃။ အကြမ်းဖက်မှု အထူးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရန်
ဖွဲ့စည်းရန် စောလွန်းသေးသည်၊ ၎င်းအတွက် ကုန်ကျမည့် ဘတ်ဂျက်ကို နိုင်ငံတော်မှ ချမပေးနိုင် ဆိုသည့် အကြောင်းပြချက်များ ရှိနိုင်ပါတယ်။ သို့သော် မြန်မာနိုင်ငံ၏ လက်ရှိ law enforcement agencies များ၏ စွမ်းဆောင်ရည်အရ အယ်လ်ကိုင်ဒါ ရုတ်တရက် ဝင်ရောက်လာပါလျှင် ကိုင်တွယ်ဖြေရှင်းနိုင်ဖွယ် မရှိပါ။ အကြမ်းဖက်မှု ကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ရန်၊ အယ်လ်ကိုင်ဒါ၏ ရှုပ်ထွေးပွေလီသော လျှို့ဝှုက်ကြံစည်မှုများကို ဖော်ထုတ်တားဆီးကာကွယ်နိုင်ရန် အကြမ်းဖက် အထူးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရန် လိုအပ်ပါတယ်။
မျိုးမင်းသန့်
ဖော်ပြပါဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။
No comments:
Post a Comment