Monday, September 8, 2014

အကြမ်းဖက် တိုက်ခိုက်မည့် သတင်းများကြောင့် မောင်တောနယ်စပ် လုံခြုံရေးတိုးမြှင့်


အကြမ်းဖက်တိုက်ခိုက် မှုများ ပြုလုပ်မည့် သတင်းများ ထွက်ပေါ်နေမှုကြောင့် ရခိုင်ပြည် နယ် မောင်တောနယ်စပ်လုံခြုံရေးကို အထူးတင်းကျပ်ထားကြောင်း သတင်းရရှိသည်။

တစ်ဖက်နိုင်ငံ နယ်စပ်အ ခြေစိုက် ရိုဟင်ဂျာသွေးစည်းညီ ညွတ်ရေးအဖွဲ့ (RSO) မှ အ ကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ် မည့်သတင်းများ ထွက်ပေါ်နေမှု ကြောင့် နယ်စပ်လုံခြုံရေးကို တိုး မြှင့်ထားခြင်းဖြစ်ပြီး ဌာနဆိုင်ရာ ၀န်ထမ်းများကိုလည်း လုံခြုံရေး သတိထားရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း ရခိုင်ပြည် နယ် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောသည်။ အသေးစိတ်အချက် အလက်များကိုမူ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်သည့်အ တွက် ပြောဆိုနိုင်ခြင်းမရှိဟု ၎င်း က ဆိုသည်။

မကြာသေးမီ ရက်ပိုင်းက လည်း အယ်လ်ကိုင်ဒါအကြမ်း ဖက်အဖွဲ့ ခေါင်းဆောင် ဇာဝါဟီရီ က မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နိုင်ငံများတွင် ဂျီဟတ်လှုပ်ရှားမှု များ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။ မြန်မာအစိုးရတာဝန်ရှိ သူများက ယင်းခြိမ်းခြောက်မှုများအပေါ် လုံခြုံရေးအစီအမံများ ပြုလုပ်ထားပြီးဖြစ်၍ အစိုးရိမ်မလွန်ကြရန် ပြောကြားထားသည်။

စက်တင်ဘာ ၅ ရက်က မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အကြမ်းဖက် သောင်းကျန်းသူများ ၀င်ရောက်နေသည့် သတင်းကြောင့် လုံခြုံရေးကို ယခင်ကထက် သတိထားကြရန်၊ အစိုးရ၀န်ထမ်းများအနေဖြင့် သွားရောက်မည့်နေရာသို့ အကြီးအကဲများနှင့် လုံခြုံရေးတပ်ဖွဲ့သို့ အ ကြောင်းကြားကြရန် အစိုး ရဌာနများသို့ အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။

No comments: