Tuesday, September 2, 2014

မူးယစ်ဆေးနှင့် ပြည်သူ့အသံ

                                         တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဘိန်း

ပြည်တွင်းငြိမ်းချမ်းရေး၊ အဂတိလိုက်စားမှု၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ ဆင်းရဲမွဲတေမှု စသည့် စိန်ခေါ်မှုများစွာရှိနေသော မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာမှာလည်း နိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်။

မူးယစ်ဆေးဝါးများကို လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်မှစကာ ကျောင်းအနီးဝန်းကျင်များမှာပင် ၀ယ်ယူရရှိနေသည့်အတွက် အလွန်စိုးရိမ်စရာ ကောင်းလာပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုယ်တိုင် အစိုးရအဖွဲ့၏ လေးလပတ်အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ငွေကြေးခ၀ါချမှုဖြစ်စဉ်များတွင်လည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုများမှ ရရှိထားသော ငွေမည်းများဖြင့် ငွေဖြူလုပ်သောလုပ်ငန်းရှင်အချို့ရှိနေကြောင်း ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး
အဖွဲ့က ပြောကြားထားသည်။

မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ပိုမိုအတင့်ရဲလာပြီး ဈေးနှုန်းမှာ လူအများစု လက်လှမ်းမီကာ သုံးစွဲသူလည်း ပိုမိုများလာသည့်အတွက် ဆေးကြောင်ပြီး ပြဿနာဖြစ်ပွားသော ဖြစ်ရပ်များကိုလည်း ခပ်စိပ်စိပ်တွေ့နေရသည်။

တိုင်းပြည်၏အနာဂတ်ဖြစ်သော လူငယ်ထုအပေါ် အဓိကခြိမ်းခြောက်နေသည့်မူးယစ်
ဆေးဝါးပြဿနာနှင့်ပတ်သက်၍ ပြည်သူများ၏အမြင်များကို စုစည်းဖော်ပြပေးလိုက်ပါသည်

ဦးဝင်းကို

မြင့်မိုရ်တိုင်းရင်းဆေးခန်း (မန္တလေးမြို့)

အခုမြန်မာပြည်မှာဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုတွေရော၊ ကုန်ဈေးနှုန်းကြီးနေတာတွေရော၊ ငြိမ်းချမ်းရေးမရသေးတာရော အားလုံးရဲ့ အခြေခံက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေကြောင့်ပဲလို့ ပြော လို့ရတယ်။ ပြောရရင် တိုင်းပြည်ရဲ့ အနာဂတ်ရှေ့ရေးအတွက် အင်မတန်ကို စိုးရိမ်ရတဲ့အနေအထားမှာ ရောက်နေပြီ။ ကော်ရှူနေတဲ့ကလေး တွေကိုတော့ အမြဲလိုလို တွေ့နေရတယ်။ တစ်နေ့တခြား ပိုပိုများလာ နေတယ်။ သူတို့တွေလည်း နောက်ကျရင် လွယ်လွယ်သုံးလို့ရတဲ့ မူးယစ်ဆေးတွေ၊ စိတ်ကြွဆေးတွေသုံးမလာဘူးလို့ မပြောနိုင်ဘူး။ အခုဖမ်းနေ တယ်ဆိုတာတွေကလည်း ဆင့်ပါးစပ်နှမ်းပက်သလိုပဲ။ ရယ်စရာကြီးကို ဖြစ်လို့။ မတော်တဆမိတာတို့၊ သူတို့နဲ့ မတည့်လို့ မိတာတွေလောက်ပဲ ရှိတယ်။ စနစ်တကျဖမ်းနိုင်တယ်ဆိုတာမျိုး မရှိသလောက်ပါပဲ။

ကိုဖြိုးလေး

ဒုတိယနှစ် ဥပဒေ (မုံရွာတက္ကသိုလ်)

မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ပညာရေးမှာ အလားအလာမကောင်း ဘူး။ နောင်မျိုးဆက်တွေအတွက်လည်း ဆိုးကျိုးတွေ ဖြစ်နိုင်တယ်။ မူးယစ်ဆေးဝါးပြဿနာက လူငယ်တွေသာမက လူကြီးလူငယ်အားလုံးနဲ့ သက် ဆိုင်ပါတယ်။ ကျောင်းအနီးပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ကို တွေ့ဖူးပါတယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်ဟာကိုယ်လျှောက် ဖို့လိုပါတယ်။ ဒါပေမဲ့ လမ်းမှန်ရောက်အောင် တိုက်တွန်းဖို့တော့ ကြိုးစား ချင်ပါတယ်။ အသိပေးဟောပြောတာလောက်နဲ့ အောင်မြင်မှုမရနိုင်ပါ ဘူး။ ကျောင်းအနီးမှာရှိတဲ့ ဈေးဆိုင်တွေမှာ မူးယစ်ဆေးဝါးရောင်းချတာ တွေ မရှိသင့်ပါဘူး။ ဥပမာ အသက် (၁၈)နှစ်အောက်ကလေးတွေကို ဆေးလိပ်ကအစ ရောင်းချမှုတွေ မရှိသင့်ပါဘူး။

ဦးသိန်းလွင် (မရမ်းကုန်းမြို့နယ်)

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး မလုပ်ကြဖို့ပဲ ပြောချင်ပါတယ်။ လုံးဝမကောင်းတဲ့အတွက် ကျွန်တော်နဲ့ ပေါင်းသင်းတဲ့လူတွေကိုလည်း မလုပ်ကြဖို့ အမြဲတမ်းတားတယ်။ လူငယ်တွေလုပ်နေတာမျိုးကိုလည်း မလုပ် ကြဖို့ တားဖို့လိုတယ်။ ဒါကိုလုပ်မယ့်အစား စိတ်ကိုတခြားဘက်မှာ ပျော်ရွှင်မှုရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားဖို့လိုတယ်။ လူ တစ်ယောက်ဟာ မူးယစ်ဆေးဝါးသုံးနေတာ သေချာတယ်ဆိုရင် ဌာနဆိုင်ရာကို အကြောင်းကြားသွားမယ်။ ပြည်သူတွေကလည်း ပူးပေါင်းဆောင် ရွက်ဖို့ လိုတယ်။

ဦးဝင်းစိန် (Nuture World ကုမ္ပဏီ လုံခြုံရေးဝန်ထမ်း)

အခုကလေးတွေ တော်တော်များများ မူးယစ်ဆေးသုံးနေကြတာတွေ ရှိနေကြပြီး ဒီလိုသုံးနေတဲ့ နေရာမှာအုပ်ထိန်းတဲ့ မိဘတွေအပေါ်မှာလည်း မူတည်တယ်။ ဖြစ်လာတော့မှ ရဲစခန်းရောက်တာ၊ မူးယစ်ဆေးဝါးကြောင့် အဖမ်းခံရတာတွေဟာ မဖြစ်သင့်ပါဘူး။ မိဘတွေက လက်ဦးဆရာပဲလေ အရင်ဆုံးကလေးတွေကို ပညာပေးလမ်းညွှန်ပေးဖို့ လိုအပ်တယ်။ အစိုးရ ဘက်ကလည်း ထိန်းချုပ်တာတွေကို လုပ်နေတာပဲ။

ကိုမြတ်သူဟိန်း

ကားလုပ်ငန်းရှင် (လှိုင်သာယာ)

အစိုးရအဖွဲ့တစ်ခုတည်းနှိမ်နင်းလို့မရဘူး။ ပြည်သူတစ်ရပ်လုံးပါ ၀င်မှသာ ဒီမူးယစ်ဆေးနှိမ်နင်းရေးက အောင်မြင်မှာပါ။ မိဘတွေအနေနဲ့ လည်း သားသမီးတွေရဲ့ ခြေလှမ်းကို မျက်ခြည်အပြတ်ခံလို့မရဘူး။ ကျွန် တော့်အနေနဲ့ကတော့ ကျွန်တော့်သားသမီးက မူးယစ်ဆေးရဲ့ သားကောင်ဖြစ်နေရင် သိသိချင်းကိုယ်တိုင် ရဲလက်အပ်မယ်။ မူးယစ်ဆေးသုံးစွဲခြင်း ရဲ့နောက်က အကျိုးအပြစ်ကို လက်တွေ့ခံစားစေရမယ်။ သူ့ရဲ့ အနာ ဂတ်က တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်နေတဲ့အတွက် သူ့ကို သနားလိုက်ရင်တိုင်းပြည်ကို ဖျက်ဆီးလိုက်ရာရောက်တယ်။ ဒီမူးယစ်ဆေးကို အမှန် တကယ်ပပျောက်စေချင်သလား။ ပင်စည်ကိုရှာပါ။ ရေသောက်မြစ်ကို တူးဖော်ပါ။ လူသားအားလုံးပူးပေါင်းရမှာပါ။

မမေဇင်

(ကြံခင်းမြို့နယ်)

သုံးတဲ့သူတွေက မရရတဲ့နည်းနဲ့ သုံးမှာ။ ရောင်းတဲ့သူတွေကလည်း မိတော့ အဖမ်းခံရပေမယ့် မမိခင်ထိတော့ လုပ်စားနေဦးမှာပဲ။ အဲဒီတော့ ပျက်ပြယ်သွားမှာ မဟုတ်ဘူး။ သေသေချာချာ ထိထိမိမိအရေးယူပြီး ၀ယ်သူရော ရောင်းသူပါ မျက်ခြည်မပျက်စောင့်ကြည့်ရမယ်။ ဒါပေမဲ့ လိုင်းကြေးပေးပြီး လုပ်နေတဲ့ သူတွေလည်း ရှိမှာပဲ။ လိုင်းကြေးပေးထား တော့လည်း မမြင်ချင်ယောင်ဆောင်ပြီး လုပ်နေတာတွေ လွှတ်ထားတော့ ဒီကိစ္စက လူတွေလက်ထဲမှာ အနည်းနဲ့အများရောက်နေဦးမှာပဲ။ အဲဒီတော့မလွယ်လှဘူးပေါ့။ အခုဆိုရင် ကျောင်းသားအရွယ် လူငယ်လေးတွေ ဆေးသုံးနေပြီဆိုတဲ့ သတင်းတွေ တော်တော်ကြားနေရပြီ။

ဦးထူးချစ်

အမှုဆောင်ဒါရိုက်တာ၊ ပညာရေးနှင့်

ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)

မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်မယ်ဆိုရင် အစိုးရအနေနဲ့ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ သတ်မှတ်ပြီး စနစ်တကျ၊ မဟာဗျူဟာနဲ့ နည်းဗျူဟာတွေရေးဆွဲဖို့ လိုပါမယ်။ အကောင် အထည်ဖော်တဲ့ နေရာမှာလည်း အဂတိလိုက်စားမှုကင်းအောင် စောင့် ကြည့်လေ့လာမှုတွေ လုပ်ရမယ်။ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာနနဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီးတော့လည်း မူးယစ်ဆေးဝါး သုံးစွဲမှုရဲ့ ဆိုးကျိုးတွေကို စနစ်တကျပညာပေးမှုတွေ လုပ်ရမှာဖြစ်ပြီး ကျန်းမာရေးအရ အကူအညီပေးမှုတွေလည်း ဆောင်ရွက်ရမှာဖြစ်ပါ တယ်။ တစ်ချိန်တည်းမှာပဲ အားကစားနဲ့ ကာယပညာဦးစီးဌာနလို ဌာန တွေကို စနစ်တကျဖွဲ့စည်းပြီး လူငယ်တွေအနေနဲ့ အားကစားကို စိတ် ၀င်စားလာအောင်။ ပံ့ပိုးမှုတွေလုပ်ရမှာ ဖြစ်ပါတယ်။

ဦးဇော်ဇော် ကျောက်စိမ်းကုန်သည် (မန္တလေးမြို့)

ကျောင်းတွေ၊ လမ်းဘေးတွေမှာကို အလွယ်တကူဝယ်လို့ရနေပြီလို့ နိုင်ငံတော်ရဲ့ အထွတ်အမြတ်သမ္မတကြီးကိုယ်တိုင်က ပြောပြီဆိုမှတော့ တော်တော်ကို စိတ်ပူစရာကောင်းတဲ့ အနေအထားကို ရောက်နေလို့ပဲ။ တကယ်က သမ္မတမပြောခင်ကတည်းက လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် ကတည်းက ကျောင်းတွေအနီးမှာရှိနေတာ။ သမ္မတမိန့်ခွန်းပြောပြီးမှ တစ်ခါမှ မကြားဖူးခဲ့တဲ့ စံချိန်တင်ပမာဏတွေ ဖမ်းမိတာမျိုးတွေ တွေ့ရတော့ တော်တော်တုန်လှုပ်မိတယ်။ ဒီလိုမျိုးတွေက ဘယ်နှကြိမ်၊ ဘယ်နှခါ လောက်လွှတ်ထားပြီးပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ကိုယ့်ရှေ့ မှာ မူးယစ်ဆေးသုံးနေတာမျိုးတော့ မကြုံဖူးပေမယ့် ကော်ရှူနေတဲ့ ကလေးတွေကိုတော့ မြင်ဖူးတယ်။ အဲဒါမျိုးတွေကို အင်န်ဂျီအိုတွေက စနစ်တကျနဲ့ ပညာပေးတာမျိုးတွေ ပြုလုပ်ပေးသင့်တယ်။ လူထုကကြောက် မယ့် ဥပဒေတွေ ထိထိရောက်ရောက်ထုတ်ပြီး တိတိကျကျအရေးယူဖို့၊ ပညာပေးတွေလုပ်ဖို့တော့ တာဝန်ရှိသူတွေကို ပြောချင်တယ်။

ကိုသန်းထိုက်အောင် မင်္ဂလာတောင်ညွန့်

မူးယစ်ဆေးက အခုဆို လူငယ်တွေကြားမှာ အလွယ်ရနေတာ။ အဲဒါလူငယ်တွေအတွက် မကောင်းဘူး။ ဆယ်ကျော်သက်လူငယ်တွေကို ပစ် မှတ်ထားပြီး လုပ်နေတာတွေလည်း ရှိတယ်။ မူးယစ်ဆေးမိနေတာတွေ လည်း ကြားနေရတယ်။ မြန်မာနိုင်ငံက မူးယစ်ဆေးထုတ်တဲ့ နိုင်ငံစာရင်း မှာလည်း ပါတယ်။ ရှမ်းဘက်မှာဆိုလည်း ထုတ်လုပ်နေတာတွေလည်း ရှိတယ်။ ဖမ်းဆီးတာတွေကိုလည်း တွေ့နေရတယ်။ စိတ်ကြွဆေးတို့၊ ဆေးပြားတို့အရမ်းပေါလာတာတွေ တွေ့ရတယ်။ ဖမ်းရင်လည်း သိန်းချီ ပြီး ဖမ်းမိနေတာ၊ မူးယစ်ဆေးကို အစိုးရကိုင်တွယ်ဖြေရှင်းပုံကတော့ လို သေးတယ်ထင်တယ်။ သူတို့မှာလည်း လိုအပ်ချက်လေးတွေရှိမှာပေါ့။ ပြီး တော့ အားလုံးနဲ့လည်း ဆိုင်တဲ့အတွက် ပြည်သူတွေကလည်း ပူးပေါင်း ပါဝင်ဖို့ လိုတယ်။ အားလုံးပါမှလည်း တားဆီးလို့ရမယ်။ တစ်ယောက် ကောင်းနဲ့တော့ မရဘူး။ သတင်းပေးတာတွေ၊ အကြောင်းကြားတာတွေ ကို လုပ်ပေးသင့်တယ်။ အစိုးရပိုင်းကလည်း ထိထိရောက်ရောက်လုပ်ဖို့ လိုတယ်။

ဦးတန်ခမ်

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်
(လမြန်ကျေးရွာ၊ကချင်ပြည်နယ်)

အနာဂတ်ကျွန်တော်တို့လူမျိုး ကျွန်တော်တို့ နိုင်ငံကို ဦးဆောင်မယ့် ကျောင်းသားလူငယ်တွေကြားမှာ တစ်ယောက်မှ တစ်ယောက်ဆင့်ပွားပြီးသုံးစွဲနေကြတော့ အနာဂတ်ရဲ့ လူ့အရင်းအမြစ်တွေ ပျောက်ဆုံးသွားမှာ စိုးရိမ်တယ်။ အစိုးရတွေလုပ်ဆောင်တာကို အားမရလို့ အခုကျွန်တော် တို့ ပြည်သူတွေကိုယ်တိုင်ပါဝင်လာတာပဲ။ အစိုးရအနေနဲ့ မူးယစ်ဆေးဝါး နဲ့ပတ်သက်ပြီး (၁၅) နှစ်စီမံကိန်းဆွဲပြီး လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အားနည်းချက်တွေ၊ ပြည်သူတွေရဲ့ ပါဝင်မှုအားနည်းချက်တွေကြောင့် အောင်မြင်မှုမရခဲ့ပါဘူး။ ဒါကြောင့် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်း တွေကနေ အားစိုက်ပြီး လုပ်ဆောင်နေခြင်း ဖြစ်တယ်။ တာဝန်ရှိသူတွေ မူးယစ်ဆေးဝါးအမှုတွေပါဝင်ပတ်သက်နေတာတွေလည်း ရှိတယ်။ ဒါတွေလည်း ပြုပြင်သွားဖို့ လိုအပ်တယ်။ ကျွန်တော်အကြံပေးချင်တာက မူးယစ်ဆေးဝါး တကယ်ပျောက်ဖို့ အစိုးရကလည်း ကျွန်တော်တို့ ပြည်သူတွေ နဲ့ ပူးပေါင်းပြီး လိုအပ်တယ်။ မူးယစ်ဆေးဝါးဥပဒေတွေကိုလည်း ပြည်သူ တွေနားလည်အောင် ပညာပေးဖို့ အောက်ခြေထိဆင်းပြီး ပညာပေးသင့် တယ်။

မသီသီဝင်းမောင်

အကူစာရင်းကိုင် (မွေ့ရာကုမ္ပဏီ)လူငယ်တွေကို ဖျက်ဆီးနေတဲ့ မူးယစ်ဆေးရှိတဲ့ နေရာအရင်းအမြစ်ကိုဖမ်းဆီးသင့်တယ်။ ပြည်သူတွေက သိခဲ့ရင်လည်း သတင်းအမှန်ကို အသိ ပေးသင့်တယ်။ အများပြည်သူတွေရှိနေတဲ့ နေရာမှာ မူးယစ်ဆေးသုံးနေတဲ့လူတွေကို ရပ်ကွက်ကနေ ရဲလက်အပ်လို့ရတယ်ဆိုတာ ပြည်သူတွေသိ သင့်တယ်။ သိအောင်လည်း တာဝန်ရှိတဲ့သူတွေက အခြေခံလူတန်းစား အထိ သိအောင် ပညာပေးတာမျိုးတွေ လုပ်သင့်တယ်ထင်တယ်။ သတင်းတွေကြားနေရလို့ ပတ်ဝန်းကျင်မှာနေရတာ မလုံခြုံသလို ခံစားနေရတဲ့ အထိ မူးယစ်ဆေးဝါးက လူတွေကြားထဲအထိ ရောက်နေတာ။

ဦးအောင်နိုင်
(ရွှေပြည်သာမြို့နယ်)

မူးယစ်ဆေးဝါးကြောင့် လူငယ်တွေလည်း လမ်းကြောင်းမှားပေါ်ကို ရောက်သွားနိုင်သလို တခြားလူတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ မူးယစ် ဆေးဝါးသုံးစွဲတဲ့ ပြဿနာက ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့လည်း ပြောလို့ရတယ်။ ဥပမာ-ကိုယ်က မလုပ်ပေမယ့် မူးယစ်ဆေးဝါးတွေသုံး ထားတဲ့လူက တက္ကစီငှားစီးတယ်။ ရဲက တစ်ခုခုကြောင့် စစ်လိုက်တယ် ဆိုရင် ကိုယ့်ပါပါလာပြီး အမှုပတ်နိုင်တယ်။ မဟုတ်တဲ့လူတွေကို မထိခိုက် စေချင်ဘူး။ မူးယစ်ဆေးဝါးဆိုတာကလည်း အသင့်အတင့်အဆင်ပြေတဲ့ လူတွေပဲ သုံးကြတာများတယ်။ လူငယ်တွေသုံးတာက အုပ်ထိန်းသူ မိဘနဲ့လည်း ဆိုင်တယ်။ တချို့မိဘတွေက ကိုယ့်သားသမီးကို လှည့် မကြည့်နိုင်ဘူး။

ဦးအောင်မျိုးမင်း (ရွှေပေါက်ကံမြို့နယ်)

လူငယ်တွေ မူးယစ်ဆေးဝါးကို အလွယ်တကူ ၀ယ်လို့ရနေတယ်ဆို တာ လုံးဝမကောင်းဘူး။ ကျွန်တော်တို့ မိဘတွေအတွက်လည်း စိတ်ပူ ရတယ်။ လူငယ်တွေတော်တော်များများက ပျက်စီးနေတာကို တွေ့ရ တယ်။ အဲဒီအတွက် စိုးရိမ်မိတယ်။ သူတို့တက်လမ်းအတွက် အနှော

No comments: