Wednesday, September 3, 2014

ကျွန်တော်တို့စောင့်ကြည့်နေပါတယ်


ရှစ်လေးလုံးအရေးအခင်းကာလ နိုင်ငံ့အချုပ်အခြာအာဏာ ယုတ်ပါးသွားချိန်ကို အခွင့်ကောင်းယူပြီး နယ်နမိတ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ဘင်္ဂလီအရေအတွက်ဟာ သိန်းဂဏန်းကျော်ထိ တိုးလာခဲ့ပါတယ်.. နယ်မြေဒေသခံတွေအတွက် နေထိုင်ရေးမှာ အခက်အခဲများစွာ ဖြစ်ခဲ့ပြီး တစ်ချိန်မှာ ပြဿနာဖြစ်လာနိုင်တာမို့ စစ်အစိုးရသစ်ဟာ နိုင်ငံ့အတွင်း တည်ငြိမ်စ ပြုချိန် ၁၉၉၁ ခုနှစ်မှာ ဘူးသီးတောင် မောင်တောဒေသအတွင်း စစ်ဆင်ရေးတစ်ခုအသွင် နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရပါတယ်..

မြန်မာနိုင်ငံအတွင်း ခိုးဝင်လာတဲ့ ဘင်္ဂလီများကော.. အရင်ကတည်းက အခြေစိုက် နေကြတဲ့ ဘင်္ဂလီများပါ တပ်မတော်စစ်ကြောင်းများကို ကြောက်လန့်ပြီး တဖက်ဘင်္ဂလားနိုင်ငံအတွင်း ထွက်ပြေးခဲ့ကြရပါတယ်.. ဒီကိစ္စဟာ UN အထိပါဂယက်ရိုက်ခဲ့ပြီး ရခိုင်ဒေသအတွင်း ဝင်ရောက်လာတဲ့ ကျူးကျော်ဘင်္ဂလီကိစ္စကို အတိုင်းအတာတစ်ခုထိ ဟန့်တားနိုင်ခဲ့ပါတယ်..

တဖက်ဘင်္ဂလားဒေရှ့် နိုင်ငံမှာတော့ ဒုက္ခသည်ယာယီစခန်းများ ဖွင့်လှစ် လက်ခံခဲ့ရပါတယ်.. အဲ့ဒီခေတ်ကာလ ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင် ကြီးကြပ်ခဲ့တာပါ.. နောက်ပိုင်းကုလသမဂ္ဂရဲ့ ကြားဝင် ညှိနှိုင်းမှု့ နဲ့ တဖက်နိုင်ငံထဲရောက်နေတဲ့ မြန်မာနိုင်ငံသားအဖြစ် သက်သေအထောက်အထား ( စာရွက်စာတမ်း / နေထိုင်ခဲ့ရာ ကျေးရွာဒေသပြနိုင်သူ ) နဲ့တိုက်ဆိုင်စစ်ဆေးပြီး ပြန်လည်လက်ခံခဲ့ပါတယ်.. တဖက်နိုင်ငံထဲ ရောက်သွားတဲ့ သိန်းနဲ့ချီတဲ့ဒုက္ခသည်များထဲမှ ဘင်္ဂလီသွေးနှော နိုင်ငံသား အထောက်အထားပြနိုင်သူ ၂၅၀၈၇၇ ယောက်ရှိခဲ့ပြီး ၂၀၀၅ ခုနှစ်အထိ အကြိမ်ကြိမ် စီစစ်ပြီး လက်ခံခဲ့ရာမှာ ၂၃၆၅၉၉ ဦးရေထိ ရှိခဲ့ပါတယ်..

မကြာသေးခင်က မြန်မာ-ဘင်္ဂလား အစိုးရကိုယ်စားလှယ်ဆွေးနွေးပွဲတစ်ခုမှာ ကျန်ရှိနေသူများထဲမှ ၂၄၅၁ ဦးကို မြန်မာဖက်က ပြန်လည်လက်ခံမယ်လို့ ဘင်္ဂလားမီဒီယာတွေမှာ သတင်းရေးသား ဖော်ပြခဲ့ကြတာကို တွေ့ရပေမဲ့ မြန်မာဖက်က တရားဝင် သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး.. ဆွေးနွေးပွဲမှာ အချက်အလက် အတော်များများ ညှိနှိုင်းလို့ မရဖြစ်ခဲ့တယ်လို့ သတင်းများအရ သိရပါတယ်..

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအစိုးရအနေနဲ့ အလေးအနက်ထား ဆောင်ရွက်သင့်တဲ့ ကိစ္စဖြစ်နေပါတယ်.. ရခိုင်ဒေသ ရခိုင်တိုင်းရင်းသားခေါင်းဆောင်များနဲ့ ပါတီအဖွဲ့အစည်းများ.. ရခိုင်ပြည်နယ်လွှတ်တော် အစိုးရသဘောထားများကို ခံယူပြီးမှ သေချာစဉ်းစား ဆောင်ရွက်စေချင်ပါတယ်..

အခုအနေအထားအရမှာတောင် သတင်းမီဒီယာ အသာစီးရယူမှု့ နဲ့ သူတို့ခြေလှမ်း ပြင်လာပါပြီ.. ထောင်ကနေသောင်း.. သောင်းကနေသိန်းအထိ ရပ်တန့်မှာ မဟုတ်ပါဘူး.. နိုင်ငံတကာ မျက်နှာစာ အလယ်မှာ လုပ်နည်းလုပ်ဟန်အတိုင်း လုပ်ပြရမယ်ဆိုရင်တော့ နိုင်ငံ့အတွင်းက အထောက်အထားမဲ့သူတွေကိုလဲ နှင်ထုတ်ပြရဲတဲ့ သတ္တိလဲ ရှိစေချင်ပါတယ်..

ကျွန်တော်တို့စောင့်ကြည့်နေပါတယ်။

Credit to: အက်ရှင်ဘဘ ဒီမို

No comments: