Tuesday, September 2, 2014

အိမ်ထောင်စုလူဦးရေးစာရင်း ရှောင်တခွင်ဝင်ရောက်စစ်ဆေးသူများအား ဘင်္ဂလီ ၃၀၀ ခန့်မှ ဓား၊လှံတို့ဖြင့် ၀ိုင်းသဖြင့် သေနတ် ၁၃ ချက် ဖောက်ခဲ့ရ


မောင်တောမြို့ လောင်းဒုံကျေးရွာအုပ်စုကျွန်းဂေါင်းကျေးရွာတွင် ဒုရဲမှူးဇော်ညွန့်ဦးစီးပါ ၁၀ဦး လ၀က(မကဖ) ဦးစီးအရာရှိဦးရဲအောင်ပါ နှစ်ဦးတို့သည် လောင်းဒုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲကျော်၊ရာအိမ်မှူးမာ
မတ်အာလောင်၊ကာမာဟူစိန်တို့နှင့်ပူးပေါင်းပြီးအိမ်ထောင်စုလူဦးရေးစာရင်း ရှောင်တခွင်ဝင်ရောက်စစ်ဆေး

နေစဉ် ဘင်္ဂလီ ၃၀၀ခန့်မှ ဒုတ်၊ဓား၊ လှံ၊ ထမ်းပိုး များ ကိုင်ဆောင်ပြီး ၀ိုင်းရံလာသဖြင့် ဒုရဲမှူး ဇော်မြင့်ဦးစီးအဖွဲ့မှ သေနတ်မိုးပေါ်ထောင်၍ ၁၃ ချက်သတိပေးခြောက်လှန့်

ပစ်ဖေါက်လူစုခွဲခဲ့ရကြောင်း သိရသည်။

သြဂုတ်လ၂၉ရက်၊နံနက်၁၀း၀၀နာရီအချိန် ကတည်းက စတင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှောင်တခင် စစ်ဆေးခဲ့ရာ တွင် နေ့လည် ၂ နာရီခွဲ အချိန်ထိ ရွာသူ၊ရွာသားများ လာရောက်စစ်ဆေးခံခြင်းမရှိသဖြင့် တာဝန်ရှိသူများသည် မာမိတ်ဆီဒိတ်(၄၀)နှစ်(ဘ)ဘာဆာမျာ၏ ခြံဝင်းအတွင်းနေအိမ် ၃ အိမ်အား ၀င်ရောက်စစ်ဆေးစဉ် ၄င်း၏ ညီအစ်ကို ၀မ်းကွဲတော်စပ်သူ မာမိတ်ဟူဆောင်း (၃၉)နှစ် ဆိုသူဝင်ရောက်လာပြီး အိမ်ထောင်စုစာရင်းတစ်ခုသာထုတ်ပေးပြီး ကျန်အိမ်ထောင်စုစာရင်းတစ်ခုအားတောင်းခံရာမပေးဘဲ ဇနီးဖြစ်သူဇူလာဟတ်ထံမှဓားတောင်း၍ ဓားပြဟုအော်ဟစ်ကာ ထွက်ပြေးသွားခဲ့ကြောင်း၊

ဓားပေးလာသော ဇူလာဟတ်မှ ရဲတပ်သား ပြည့်ဖြိုးဦးအား ဓားဖြင့်ခုတ်ရာ အချိန်မီ ရှောင်တိမ်းနိုင်သဖြင့် ခုတ်မိခြင်းမရှိဘဲ ဇူလာဟတ်မှာလည်း ဓားကိုင်ကာ ရွာထဲသို့ထွက်ပြေးပြီး ဓားပြဟုအော်ဟစ်ဆဲဆိုပြီးသည်နှင့် တစ်ပြိုင်နက် အနီးပတ်ဝန်းကျင်ရှိ ရွာသူ၊ ရွာသား ၃၀၀ခန့်မှ ဒုတ်၊ဓား၊ လှံ၊ ထမ်းပိုး များ ကိုင်ဆောင်ပြီး ၀ိုင်းရံလာသဖြင့် ဒုရဲမှူး ဇော်မြင့်ဦးစီးအဖွဲ့မှ သေနတ်မိုးပေါ်ထောင်၍ ၁၃ ချက်သတိပေးခြောက်လှန့်ပစ်ဖေါက်လူစုခွဲခဲ့ရကြောင်းသိရသည်။

ရဲတပ်သားအား ၀င်ရောက်ဓါးဖြင့်ခုတ်သူ ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်းလည်းသိရသည်။ယခုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များ အသေအပျောက်မရှိ ၊ဒဏ်ရာရရှိခြင်းလည်းမရှိကြောင်း သိရသည်။

ဇန်န၀ါရီလ အတွင်းက ဒုချရားတန်းကျေးရွာတွင် ကင်းလှည့်ရဲတပ်ဖွဲ့အား ရွာသားများ ၀ိုင်းဝန်းတိုက်ခိုက်ရာတွင်လက်နက်နှင့်အတူ ပျောက်ဆုံးခဲ့သည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း မှာ ယခုအချိန်အထိ သတင်းအစအန မရသေးကြောင်းလည်း သိရသည်။

စိုးပြည့်မှူး




No comments: