Tuesday, September 9, 2014

စတုမဟာရာဇသုတ္တန်ဝယ် လဆန်း လဆုတ် ၈ရက် ဥပုသ်နေ့များဝယ် စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အခြွေအရံ ပရိသတ်ဖြစ်သောနတ်တို့သည် ကျွန်ုပ်တို့ လူ့ပြည်လောကသို့ လှည့်လည် ကျက်စားကြကုန်၏.. ၁၄ ရက်ဥပုသ်နေ့များ၌ဝယ် စတာမဟာရာဇ်နတ်မင်းကြီးတို့၏သားဖြစ်သောနတ်တို့သည် ကျွန်ုပ်တို့ လူ့ပြည်သို့လှည်လည်ကျက်စားကြကုန်၏... ၁၅ ရက် ဥပုသ်နေ့၌ကား စတုမဟာရာဇ်နတ်မင်း ကြီးတို့ကိုယ်တိုင်ပင် ကျွန်ုပ်တို့ လူ့ပြည်လောကသို့ လှည့်လည်ကျက်စားကြကုန်၏... အဘယ်ရည်ရွယ်ချက်နဲ့ လှည့်လည်ကြကုန်သနည်း မိဘကိုလုပ်ကျွေးသူ ရဟန်း အသက် သိက္ခာ ဂုဏ်ဝါ ကြီးသူတို့ကို ရိုသေလေ့ရှိသောသူ ၅ ရက်မြောက် ဥပုသ်၊ ၈ရက်မြောက်၊ ၁၄ ရက်၊ ၁၅ ရက်ဥပုသ်၊နေ့တို့၌ ဥပုသ်ကျင့်သုံးသူ၊ ၅ ရက် ဥပုသ်နေ့၏ အကြို အပို ဖြစ်သော ၄ ရက် ၆ ရက် ပဋိဇာဂရ ဥပုသ်၊ ၈ ရက် ဥပုသ်၏ အကြိုအပိုဖြစ်သော ပဋိဇာဂရ ၇ရက် ၉ ရက်ဥပုသ်၊ ၁၄ ရက်ဥပုသ်၏အကြို အပိုဖြစ်သော ၁၃ရက် ၁ ရက် ပဋိဇာဂရ ဥပုသ်နေ့တို့၌ ဥပုသ်ကျင့်သုံးသူ၊ ကုသိုလ်ကောင်းမှုပြုသောသူတို့သည် ဤလူ့ပြည် ဝယ် များစွာရှိကြပါကုန်၏လောဟု ရွှေပေလွှာကို ကိုင်ကာ လူ့ပြည်သို့သက်ဆင်း၍ စာရင်းယူကြလေ ကုန်၏။ ထိုမှနောက်၌ တာဝတိံသာနတ်ပြည် သုဓမ္မာနတ် သဘင်အစည်းအဝေးဝယ် ဆိုခဲ့ပြီးသော ကုသိုလ် ကောင်းမှုကိုပြုသူနည်းပါးကြတာကိုသိမြင်ရလျှင်ရွှေပေလွှာကိုဖတ်ကြားပြပြီး၍ ဒုဂ္ဂတိဘုံတို့၌ကျရောက်ကြရမည့်ဘေးကိုတွေး ကာ များစွာဝမ်းနည်းကြလေကုန်၏..... ဆိုခဲ့ပြီးသော ဥပုသ်နေ့တို့၌ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြသည်ကို သိရသောအခါ တာဝတိံသာ နတ်ပြည်၌ရွှေပေလွှာကို နတ်သဘင်အစည်းအဝေး ဝယ်ဖတ်ကြားပြပြီး နတ်အပေါင်းတို့မှာ ယခုအခါ၌ လောကလူသားတို့သည်သုဂတိဘုံသို့လားရောက်ရပြီး ဒုဂ္ဂတိဘုံသို့မကျရောက်ကြကုန်ဟုသိရကာ များစွာ ဝမ်းမြောက် ဝမ်းသာရှိကြလေကုန်၏။ ကျွန်ုပ်တို့သည် ရွှေပေလွှာဝယ် အရေးခံကြရတော့ မည် ဘယ်လိုအရေးခံကြမည်လည်း ဝမ်းသာခြင်းနဲ့ အရေးခံကြမည်လား ဝမ်းနည်းခြင်းနဲ့ အရေးခံကြမည်လား ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့ဖြင့်ဆုံးဖြတ်ချက်ချနိုင်ရန် ရေးသားတင်ပြလိုက်ရပါသည်.....။ ပင်ပန်းသမျှ ရွှင်လန်းကြပါစေ မောင်ခတ်

No comments: