Friday, May 23, 2014

((((((((မောင်တောနပ်စပ် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်က လုံခြုံရေးတာဝန်ယူထား)))))))) ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် မောင်တော နယ်စပ်တွင် မေ ၁၇ ရက် နံနက်ပိုင်းက ကင်းလှည့်နေသည့် လုံခြုံရေး ရဲဝန်ထမ်းများနှင့် RSO အဖွဲ့တို့ တိုက်ခိုက်မှုတစ်ဖြစ်ပွားခဲ့သဖြင့် နယ်စပ်လုံခြုံရေးကို ဒေသတွင်းရှိ စစ်တပ်က တာဝန်ယူထားရသည်ဟု မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှူးဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူက မေ ၁၈ ရက်တွင် မဇ္ဈိမကို ပြောသည်။ မောင်တော မြို့နယ် မြောက်ပိုင်းရှိ မိုင်တိုင် ၅၂ အနီး နယ်စပ် ခြံစည်းရိုးတစ်လျှောက် လုံခြုံရေး ကင်းလှည့်နေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။ “ကင်းလှည့်နေချိန်မှာ အလစ်ဝင်တိုက်ခိုက်တဲ့အတွက် ထိတွေ့မှုဖြစ်ခဲ့ပါတယ်၊ ရဲတပ်သား လေးဦးကျပါတယ်”ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့(RSO) ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝှု လေးဦး ကျဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိကာ နှစ်ဦးမှာ လက်နက်နှင့်အတူ ပျောက်ဆုံးနေသည်ဟုဆိုသည်။ လက်ရှိတွင် မောင်တောနယ်စပ်လုံခြုံရေးကို ခမ ၃၅၂ တပ်ရင်းက တာဝန် ယူထားခြင်း ဖြစ်သည်ဟု ဆိုသည်။ မောင်တောနယ်စပ်ဒေသ လုံခြုံရေးနှင့်ပတ်သက်၍ နယ်စပ်တောင်ပိုင်းရှိ နယ်စပ် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ခံ ဗိုလ်ကြီးသန့်ဇင်က “နယ်စပ်ဒေသ လုံခြုံရေးယူတဲ့ တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအတွေ့အကြုံပြည့်ဝတဲ့ တပ်ဖွဲ့ဝင်တွေ တပ်မတော်သားတွေပဲ ဖြစ်သင့်တယ်”ဟု ဝေဖန်ထောက်ပြသည်။ “ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်တွင်းမှာ အဓိကရုဏ်း နှိမ်နှင်းတာ၊ ဒေသတွင်း လုံခြုံရေးရယူတာကို ကျွမ်းကျင်ပေမယ့် စစ်ရေးနဲ့ ပတ်သက်လာရင်တော့ အတွေ့အကြုံ နည်းတာကို တွေ့ရတယ်”ဟု သူကဆက်ပြောသည်။ လက်ရှိတွင် မောင်တော မြို့နယ်လုံခြုံရေးမှာ တည်ငြိမ်လျှက်ရှိသည်ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်မြင့်စိုးက ပြောသည်။ ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးကို ရဲမှူးချုပ် တင်ကိုကို ဦးဆောင်သည့် ရဲတပ်ဖွဲ့ကတာဝန်ယူထားသည်။ စစ်အစိုးရ လက်ထက်က ရခိုင်ပြည်နယ် နယ်စပ်ဒေလုံခြုံရေးကို စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်မှ စ၍ နယ်စပ်ဒေသ လူဝင်မှုကွက်ကဲရေး စစ်ဆေးရေးဌာနချုပ် (န.စ.က) က တာဝန်ယူခဲ့သည်။ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ရက်က နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြေညာစာထုတ်ပြန်၍ ဖျက်သိမ်းခဲ့ပြီး ယင်းနေရာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာဝန်ယူထားခဲ့ခြင်းဖြစ်သည်။ ကေဇူးTuesday, 20 May 2014 Mizzima - News in Burmese_________________________________________ Thu Ri Ya 14 mins · ဘင်္ဂလားဒေခ်ျ့ နိုင်ငံအားရောက်ရှိနေသည့် အီစ္စလာမ် မြေပေါ်အကြမ်းဖက်ဂျီဟတ်အဖွဲ့  တခုဖြစ်သည့် OIC အဖွဲ့ မှအဖွဲ့ ဝင်မွတ်ဆိုးနိုင်ငံများတို့ သည်ထိုဘင်္ဂလားဒေခ်ျ့ နိုင်ငံ မှသက်ဆိုင်ရာအစိုးရအရာရှိများနှင့်ယမန်နေ့ ၁၉.၅.၂၀၁၄ တွင်တွေ့ ဆုံဆွေးနွေးပွဲတခုပြုလုပ်ခဲ့ကြပြီးဘင်္ဂလား ဒေခ်ျ့ နိုင်ငံအားအကြွင်းမဲ့ အီစလာမ်မစ် နိုင်ငံတော် ဖြစ်တည်လာစေရန်အတွက်သံတမန် ရေး၊စီးပွားရေး၊ဘာသာရေးများနှင့်နိုင်ငံရေးများကိုအကွက်ချထောင့်ပိတ် စေပြီးဆွေးနွေး ညှိနိုင်းအကြပ်ကိုင်ခဲ့ကြောင်းသိရှိရသည်။ အိုအိုင်စီ အဖွဲ့ ဝင်နိုင်ငံများတို့ သည်ယင်းတို့ ၏ခေတ်သစ်ဂျီဟတ်စစ် ပေါ်လစီကိုလွန်ခဲ့သည့် ဆယ်စုနှစ်တဝက်ခန့် ကပင်စတင်ကျင့်သုံးနေခဲ့ကြကာစီးပွားရေးနှင့်နိုင်ငံတော်အထွေထွေအသုံး စရိတ်အလွန်အမင်းလိုအပ်နေသည့်ဘင်္ဂလားဒေခ်ျ့ နိုင်ငံအား ပေါ်ပေါ်ထင်ထင်ပင်တဖက်သတ် ကြီးစိုးလွမ်းမိုးချုပ်ကိုင်ကာလိုသလိုကြိုးဆွဲလာနေကြကြောင်းသိရသည်။ အိုအိုင်စီ မြေပေါ်အကြမ်းဖက်အီစလာမ်ဂျီဟတ်ဒီများအဖွဲ့ ကဘင်္ဂလားဒေခ်ျ့ အားလာမည့်နှစ်များတချို့ တွင်အကြွင်းမဲ့ အီစလာမ်မစ် နိုင်ငံဖြစ်စေနိုင်ရန်အသည်းအသန်လိုလားလုပ်ဆောင်နေပြီး၊ထိုမှတဆင့် အိန္ဒိယအရှေ့ မြောက်ဒေသနှင့်မြန်မာပြည်အနောက်ဖက်ပင်လယ်ကမ်းရိုးတမ်းတလျောက်လုံးကို အီစ္စလာမ် ဘာသာချဲ့ ထွင်သွားရန်လျှိုဝှက်ဆုံးဖြတ်ချက်ချထားကြကြောင်း ဝီကီလိခ် ဝတ်ဖ်ဆိုက်မှနေ ၍သိရှိခဲ့ကြရသည်။ အိုအိုင်စီ ၏ကျောထောက်နောက်ခံဖြင့်အစိုးရမဟုတ်သော အင်ဂျီအို ဆိုသည့်အဖွဲ့ များကိုလည်းမကြာ သေးမီကဖွဲ့ စည်းစေခဲ့ပြီးယင်း၏ဋ္ဌာနချုပ်ရှိရာ ဆော်ဒီနိုင်ငံတွင်လိုလေသေးမရှိအကူအညီများပေးထား ခဲ့သည်။ယင်းအပြင် ၁၇.၅.၂၀၁၄ နေ့ ကမောင်တောမြို့ နယ်ခြားမှတ်တိုင်(၅၁-၅၂)ကြားတွင်မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ များအားတိုက်ခိုက်သတ်ဖြတ်ပြီးရခိုင်ပြည်အားသိမ်းယူရန်ကြိုး စားအားထုတ်ခဲ့ကြသည့် RSO အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူဂျီဟတ်ဒီများအဖွဲ့ ၏ခေါင်း ဆောင်အားတရားဝင်ကော်ဇောနီဖြင့် အိုအိုင်စီ အားကြီးစိုးသူဆော်ဒီနိုင်ငံ ကဖိတ်ခေါ်ခဲ့ဖူးကာ နိုင်ငံကူးလက်မှတ်စာအုပ်ကိုပင် အချိန်တချိန်၌ထုတ်ပေးခဲ့ဖူးကြောင်းသိရှိရပါသည်။

No comments: