Wednesday, May 21, 2014

- အမျိုးသားရေးလား ... - ဘာသာရေးလား ... - တတိယအုပ်စုလား ... မင်းကြိုက်တာ လုပ်လို့ရတယ်။ ဒါဟာ မင်းရဲ့ လွတ်လပ်ခွင့်။ သို့သော် ... - တိုင်းပြည် တိုးတက်မယ့် စနစ်ကို မလိုလားတော့ဘူး ဆိုရင် - တိုင်းပြည်ကို ချောက်ထဲ ဆွဲချသူတွေနဲ့ သဘောထားချင်း တိုက်ဆိုင်နေပြီ ဆိုရင် - တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ပြီး မတရား ဖိနှိပ်ညှင်းဆဲ ခံခဲ့ရသူတွေကို အပြစ်မြင်လာပြီ ဆိုရင် - မမှန်တာတွေ ထောက်ပြနေတဲ့ စတုတ္တ မဏ္ဍိုင်တွေကို မုန်းတီးလာပြီ ဆိုရင် - ပြည်သူထု တစ်ရပ်လုံး တခဲနက် လိုလား ထောက်ခံနေတဲ့ ကိစ္စတွေကို သဘောမတူနိုင်ဘူး ဆိုရင် ကိုယ့်ရဲ့ လုပ်ရပ်တွေကို နောက်တစ်ကြိမ် ပြန်စဉ်းစားဖို့တော့ လိုလိမ့်မယ်။ ဇင်သော်နိုင်

No comments: