Wednesday, May 28, 2014

နေပြည်တော်အတွင်း အာဏပိုင်နှင့် တနပ်စား မြင့်လှိုင် ကြောက်ရွှံ့နေသော လက်မှတ်ထိုးပွဲ ×××××××××××××× ဒီနေ့ ၂၇-၅-၂၀၁၄မှာ နေပြည်တော်ရှိမြို့နယ်(၅)ခုကို ၄၃၆ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အမေစုက ဟောပြောပွဲတွေလုပ်ပါတယ်၊၊ဒါကိုသိထားတဲ့ အာဏာပိုင်တွေရဲ့လုပ်ရပ်ကိုချပြပါမယ်၊၊ဇေယျာသီရိမှာ ဒေါ်စုပွဲကိုလူနည်းအောင်လို့ ဟောပြောပွဲလုပ်မယ့်ရပ်ကွက်ပြည်သူတွေကို လယ်ထွန်စက်မဲနိုက်ဖို့ဆိုပြီး အင်အား၅၀၀လောက်ကြိုခေါ်သွားတယ်၊၊လူနဲအောင်လို့ပါ၊၊တဖန် ပုဗ္ဗသီရိနဲ့ဥတ္တရသီရိ (၂)မြို့နယ်ကိုလည်း သစ်သီးဝလံပန်းမန်ပြပွဲဆိုတဲ့ခေါင်းစဉ်နဲ့ အင်အား(၇၀၀)လောက်ခွဲထုတ်ခဲ့တယ်၊၊အဲ့ဒီအခမ်းအနားကို တနပ်စားမြင့်လှိုင်တက်ရောက်ပြီး စိုက်ပျိုးရေးနဲ့မဆီမဆိုင် ၄၃၆ ဟောပြောပွဲလုပ်သွားတယ်လို့သိရတယ်၊၊ပြည်သူတွေကိုလည်း ဒေါ်စုပွဲပြီးမှ ပြန်လွတ်လိုက်တယ်၊၊ဒက္ခိဏနဲ့ဇဗ္ဗူသီရိမှာလည်း ဒီလို အင်အားခွဲထုတ်တာတွေအသီးသီးလုပ်ခဲ့ကြတယ်၊၊သမ္မတအမိန့်နဲ့လုပ်တယ်လို့သိရတယ်၊၊အလားတူ စစ်ရုံးဝင်းထဲမှာလည်း မနေ့ညကတည်းက တပ်မိသားစုတွေကို တပ်ပြင်ထွက်ခွင့်ပိတ်ထားကြောင်း တပ်မိသားစုဝင်တစ်ဦးထံမှသိရပါတယ်၊၊ (နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်ချက်များ)

No comments: