Wednesday, May 28, 2014

ဗိုလ်ချုပ်အောင်ဆန်းက အစည်းရုံးတော်လို့ ပါလာခဲ့ကြရတယ်။ ဦးနုကလိမ်တယ်။ ဦးနေ၀င်း ရက်စက်ခဲ့သမျှကို သန်းရွှေလက်ဆင့်ကမ်းတယ်။ ဥိးခင်ညွန့် ရဲ့ စည်းရုံးမှု အာ တလုံးကို ယုံခဲ့ကြပြန်တယ် “နိုင်ငံရေးကို ညီလာခံကျမှ ပြောကြပါ ခုလောလောဆယ် အပစါအခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့လိုပါတယ်” အရေခွံပြောင်း သိန်းစိန်က ရက်စက်ရင်း တပြိုင်နက် လိမ်ဖို့ပါ ထပ်ကြိုးစားနေတယ်..........။ ကနေ့အစိုးရက သူတို့ကိုယ်သူတို့ သန့်ရှင်းတဲ့ အစိုးရ ကောင်းတဲ့အစိုးရလို့ ခံယူထားတဲ့ အတွက်၂၀၁၅မှာတက်လာမယ့် ပြည်သူကအမှန်တကယ် ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရဖြစ်မဖြစ်ကို တိုင်းရင်းသားတွေဘက်က အရင်စောင့်ကြည့်ပြီးတော့မှ လက်မှတ်ထိုးသင့်တယ်။ ၂၀၁၅နောက်ပိုင်းမှ လက်မှတ်ထိုးဖို့သင့်တယ် ပြောလို့ စစ်ပွဲကို ဆက်ဖြစ်စေချင်နေတဲ့ သဘောတော့ မဟုတ်ဘူး။ ဖြစ်နေတဲ့ စစ်ပွဲတိုင်းက အစိုးရဘက်ကနေ တဘက်သတ် လာရောက်တိုက်ခိုက်နေတဲ့ အတွက်ကြောက်မို့ သူတို့ဘက်က ရပ်ရင် ရပ်ပြီ။ အစိုးရဘက်ကတော့ တိုင်းရင်းသားတွေကို ပြောနေတာပါပဲ “အမှန်တကယ် ငြိမ်းချမ်းရေးလိုလားတဲ့ စိတ်ရင်းရှိရန်”....တဲ့။ အမှန်တကယ် ငြိမ်းချမ်းရေးလိုလားတဲ့ စိတ်ရင်းရှိဖို့လိုတယ်လို့ တဘက်သားကို ပြောနေဖို့ မလိုပါဘူး။ စစ်တပ်အားပေးတဲ့ လူမဟုတ်တဲ့လူတိုင်းက ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့စိတ်ရင်း ဘယ်သူ့ဆီရှိမရှိဆိုတာ သိတယ်။ Credit: Tsawra Tsaw

No comments: