Wednesday, May 28, 2014

ကချင်ပြည်နယ်၊ ဟူးကောင်းတောင်သူများ၏ လယ်ယာမြေပြန်လည်ရရှိရေး သတင်းစာရှင်းလင်းပွဲ လေးစားအပ်ပါသော သတင်းမီးဒီယာနှင့် မိတ်ဆွေများ ကချင်ပြည်နယ်၊ ဟူးကောင်းဒေသရှိယုဇနကုမ္ပဏီမှ သိမ်းယူထားသော လယ်ယာမြေပြန်ရရှိရေး အတွက် ဒေသခံတောင်သူများသည် အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲ လုပ်ဆောင်သွားမည်ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲထပ်မံလုပ်ရခြင်းမှာယုဇနကုမ္ပဏီမှ သိမ်းယူထားသောလယ်ယာမြေများကို တောင်သူလယ်သမားများအား ဆုံးရှုံးသွားသောနှစ်နာကြေးနှင့်အတူလယ်ယာမြေများ ပြန်လည် ပေးအပ်မည်ဟု ၂၀၁၂ခုနှစ်၊ သြဂုတ်လ၊ နေပြည်တော်တွင် ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်က သဘောတူညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်ထိ လုပ်ဆောင်းပေးခြင်းမရှိသည့်အပြင်ရွာသားများအကြားပဋိပက္ခများ ပိုမိုဖြစ်ပွားစေသည်။ အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီးလာမည့် ၂၈ ရက်၊ မေလ၊ ၂၀၁၄ခုနှစ်တွင် နေ့လည် ၁နာရီမှ ၄ နာရီထိ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်သည်။သတင်းစာရှင်းလင်းပွဲအခမ်းအနားသို့ သတင်းမီဒီယာသမားများနှင့် လူကြီးမင်းများ တက်ရောက်ပေးပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။ ဖိတ်ကြားသူ ကချင်ပြည်နယ်၊ ဟူးကောင်းတောင်သူများ ဆက်သွယ်ရန် ဒေါ်ဘောက်ဂျာ - ၀၉၄ ၇၀၂ ၆၀၉၀၊၀၉၄ ၀၀၀ ၂၂၄၇၅ နေရာ ။ ။ ၄၄လမ်းနှင့် ကုန်သည်လမ်းတောင့်၊အိမ်အမှတ်( ၄၃၇)၊ ဒုတိယထပ်၊ ဗိုလ်တစ်ထောင်။ အချိန် ။ ။ နေ့လည် ( ၁ နာရီ မှ ၄နာရီထိ) — By Jade Land

No comments: