Monday, May 19, 2014

*** အထောက်အထားမရှိဘဲ သမိုင်းမဖြစ်ဘူး *** ဒီနေ့ခေတ် သျှမ်းလူငယ်တွေဟာ သျှမ်းသမိုင်းကို သျှမ်းအစမိုင်းမောဝ်က သျှမ်ပြည်နယ် စော်ဘွား ၃၃ နဲ့ ၁၉၄၇ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် သျှမ်းပြည်နယ်စော်ဘွားတွေ လက်မှတ်ရေးထိုးခဲ့တဲ့ " ပင်လုံစာချုပ် " ၁၀ နစ်ကြာလျှင် သျှမ်းပြည်နယ်က သျှမ်းတွေခွဲထွက်ခွင့် ရှိထားတယ် အဲ့ဒီလောက် သိရင် သျှမ်းသမိုင်းကို ငါတို့အစဆုံးသိပြီ လို့ထင်နေကြပါတယ်။ အဓိက ငါတို့သျှမ်းလူငယ်တွေ သျှမ်းစော်ဘွာ သျှမ်းစော်ဘွား ဆိုပေမဲ့ ဧကရာဇ်စော်ဘွားနဲ့ ပဒေရာဇ်စော်ဘွား ဆိုပြီးခွဲခြားသိမြင်သူ နည်းပါတယ်… မြန်မာ့သမိုင်းကို သမိုင်းသက်သေ အထောက်ထား ခိုင်လုံစွာပြန်လှန်ကြည့်ရလျှင်.. မိုင်းမော ( ကူမဲအနီး ) ၂- ရာစုနှစ် ဘီစီ ပိဿနိုး (တောင်တွင်းကြီးအနီး) ၁- ရာစုနှစ် အေဒီ ဟံလင်း (၀က်လက်အနီး) ၃- ရာစုနှစ် အေဒီ သရေခေတ္တရာ (ပြည်အနီး) ၄- ရာစုနှစ် အေဒီ ဝေသာလီ (မြောင်ဦးအနီး) ၈- ရာစုနှစ် အေဒီ ပုဂံ ၁၁- ရာစုနှစ် အေဒီ ဒို့သျှမ်းတွေ ဘယ်နှစ်ရာစုကဆိုတာ သျှမ်းလူငယ်တွေမှတ်သွားဖို့လိုပါသည်။ မြန်မာနိုင်ငံတွင် မှီတင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ ၀င်ရောက် အခြေချ နေထိုင်မှုသည် မည်သည့်လူမျိုးများက စောသည် မည်သည့် လူမျိုးက နောက်ကြသည်။ မည်သည့်လူမျိုး၏ ယဉ်ကျေးမှုကို မည်သူက လုယူသည်ဟု ဆိုသော်ငြားလည်း လက်ရှိ မြန်မာနိုင်ငံ တွင်သို့ သမိုင်းမတင်မှီ ခေတ်နေထိုင် သူများကို သက်သေပြ နေသော နေရာတစ်ခုကို ပြပါဆိုပါက သျှမ်းပြည်နယ် တောင်ပိုင်း၊ ရွှာငံမြို့နယ်ရှိ ညောင်ချက်ရွှာ တွင်တည်ရှိသော ပြဒါးလင်းဂူပဲ ဖြစ်ပါသည်။ ကျောက်ခေတ် နှောင်းပိုင်းကတည်းက လူသားတို့ နေထိုင်ခဲ့သည့် သက်သေ အထောက်အထား များကို ပြဒါးလင်းဂူက ခိုင်မာစေခဲ့သည်။လူသားမျိုးနွယ်များနှင့် နှီးနွှယ်နေသည့် မြန်မာ့မြေပေါ်က ကျောက်ခေတ် လူနေမှုဘ၀၊ ယဉ်ကျေးမှု၊ အနုပညာများကို ကမ္ဘာ့ရှေးဟောင်း သုတေသန ပညာရှင်များကလည်း အသိအမှတ်ပြု မှတ်တမ်းတင် ခဲ့ကြသည်။ ယနေ့ကမ္ဘာတွင် သမိုင်း (History) နဲ့နေ့စဉ်မှတ် (Chronology) ကွဲလွဲခြားနားပုံကို ဥရောပစာပေမှာ ခရစ်တစ်ဆယ့်ခြောက် ရာစုနှစ်ကပဲ ထာရှားသိသာနေပါပြီ။ မြန်မာနိုင်ငံမှာဆိုရင် နောက်ဆုံးဘုရင့် အမိန့်တော်နဲ့ ပြုစုတဲ့ မဟာရာဇ၀င်တော်ကြီး (မှန်နန်း) ကိုနေ့စဉ်မှတ် အဆင့်ပဲရှိတယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေရဲ့ အဆက်အနွယ်ကို သိပ်ပြီး ပြည့်စုံအောင် ဖော်ပြဖို့ကြိုးစားတယ်၊ ပြီးတော့ ဘယ်ဘုရင်ရဲ့ ကောင်းမှုဟာ ဘာတွေဖြစ်တယ်လို့ ဖော်ပြတယ်။ အဲဒါလောက်ဆိုရင် အားလုံးကျေနပ်ကြတယ်။ ဒါကြောင့် ရာဇာဝင်ဟာ မင်းဆက်ကိုပဲပြောမယ်၊ မင်းတစ်ပါးစီ သာသနာ့ဒါယကာ ဖြစ်ကြောင်းပြောမယ်။ ဒီနှစ်ချက်ဟာ ရာဇာဝင်ကျမ်းရဲ့ ပဓာနတာဝန် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ " အထောက်အထားမရှိဘဲ သမိုင်းမဖြစ်ဘူး " ဆိုတဲ့စကားရှိတယ်။ မြန်မာရာဇ၀င်ကို ရှေးကရေးခဲ့တဲ့ ရှင်မဟာသီလ၀ံသ ရာဇ၀င်ကျော်၊ ဦးကုလားရေး မဟာရာဇ၀င်၊ ပုဂံရာဇ၀င်သစ်၊ ဦးထွန်းညိုရေး ရာဇ၀င်သစ် (မှန်နန်း) မရာဟာရာဇ၀င်တော်ကြီး အဲ့ဒါတွေ ရှိခဲ့တယ်၊ အားလုံးဟာ နေ့စဉ်မှတ် (Chronology) အဆင့်ပဲရှိတယ်။ သမိုင်းမတိုင်မှီခေတ်... ပြဒါးလင်းဂူဟာ ကျောက်ခေတ်နှောင်းပိုင်းက ဆိုပေမဲ့ ပါးစပ်ရာဇ၀င် ရှိခဲ့တဲ့ လူမျိုးဆိုလို့ ဒို့သျှမ်းလူမျိုးတမျိုးထဲသာလျှင် ရာဇာဝင်လေးပဲရှိပါတယ် ပြဒါးလင်းဂူများကို ယခင်က သျှမ်း လူမျိုး " နတ်ညီအစ်မနှစ်ဦး "က ပိုင်ဆိုင်သည်ဟု ဆိုကြသည်။ ပွဲသွားပွဲလာအတွက် ရတနာများကို လာရောက် ငှားရမ်းနိုင်ပြီး ပြန်လည်ထားရှိရသည် ဟုဆိုသည်။ နောက်ပိုင်းတွင် လာရောက် ငှားရမ်းသူများက ရတနာအစစ် နှင့် အတုများကို လဲလှယ်ထားရှိခဲ့ကြ သောကြောင့် ဂူပေါက်များကို ပိတ်ဆို့ ပစ်ခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံ သျှမ်းများက ယုံကြည်လျက်ရှိကြသည်။ သျှမ်းချစ်တဲ့.. ကျားပေါက် ကျောက်ခေတ်နှောင်းပိုင်းက မြန်မာပြည်….http://www.shannilay.com/2013/07/blog-post.html

No comments: