Friday, April 10, 2015

*** မိုးညှင်းမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်များအား KIA မှ ဆက်ကြေးကောက်ခံ ***



*** မိုးညှင်းမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်များအား KIA မှ ဆက်ကြေးကောက်ခံ ***

မြန်မာပြည်မြောက်ပိုင်း မိုးညှင်းမြို့ပေါ်ရှိ စားသောက်ဆိုင်ပိုင်ရှင်များအား ဧပြီလ ၇ ရက်နေ့က KIA မှ ဆင့်ခေါ်စာပေးပို့၍ ဆက်ကြေးမတရားကောက်ခံနေကြောင်း ထို့သို့ ပေးဆောင်မှုမရှိပါက ဆိုင်ပိုင်ရှင်များ၏ အသက်အန္တရာယ်များကို တာဝန်ယူမည်မဟုတ်ကြောင်း ပြောဆိုခြိမ်းခြောက်ကာ မတရာဆက်ကြေးကောက်ခံခဲ့သည်။

ထိုသို့ကောက်ခံမှုကြောင့် မိမိအသက်အန္တရာယ်လုံခြုံမှုမရှိသောကြောင့် မိုးညှင်းမြို့ပေါ်မှ စားသောက်ဆိုင်ပိုင်ရှင်များသည် တစ်ဦးလျှင် ကျပ် ၅ သိန်း ပေးဆောင်လိုက်ရဟု ဆိုင်ရှင်တစ်ဦး မှပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်ရပ်ကာ ငြိမ်းချမ်းမှုဆီသို့ ဦးတည်ကြိုးပမ်းနေချိန်တွင် KIA အနေဖြင့် ဆက်လက်ပြီး မတရားဆက်ကြေးကောက်ခံနေမည်ဆိုပါက လက်ရှိငြိမ်းချမ်းရေး လုပ်ဆောင်ချက်များအား အဟန့်အတား အနှောင့်အယှက်ဖြစ်နေပါမည်။

ရှမ်းနီအမျိုးသားရေး အစည်းအရုံး



သတင်းနှင့်ဓါတ်ပုံများပေးပို့နိုင်ပါပြီ ဘာသာရေးကြော်ငြာများ ပရဟိတပွဲများ အလှူပွဲများအခမဲ့ ကြော်ငြာပေးပါမည် mohnyinnews@gmail.com

No comments: