Saturday, April 25, 2015

တစ်သောင်းဝန်းကျင်ရှိလူငယများ သတ်ခံရသည့် ဆရာမနှစ်ဦးသုသာန်သို့သွားရောက်အလေးပြု

တစ်သောင်းဝန်းကျင်ရှိလူငယများ သတ်ခံရသည့် ဆရာမနှစ်ဦးသုသာန်သို့သွားရောက်အလေးပြု

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် လူငယ်ထု ညီလာခံတွင် ရောက်ရှိနေသော တစ်သောင်းဝန်းကျင့်ခန့်ရှိသည့် လူငယ်များသည် ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါကျေးရွာတွင် မုဒိမ်းကျင့်ပြီးသတ်ခဲ့ရသည့် ဆရာမနှစ်ဦး၏ အုတ်ဂူရှိရာသို့ သွားရောက် အလေးပြုခဲ့ကြသည်။

တစ်သောင်းခန့်ရှိသည့် လူငယ်များသည် ညနေပိုင်း (၄) နာရီမှစတင်ပြီး ကချင်ဓမ္မတက္ကသိုလ် (KTCS) ရှိ အေဒီ-၂၀၀၀ ခန်းမဆောင်ရှေ့မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အလံ နှင့် ကချင်အမျိုးသားအလံများကို ကိုင်ဆောင်ကာ တန်းစီပြီး သုသာန်ရှိရာသို့ သွားရန် ပြင်ဆင်နေကြသည်။ဆရာမနှစ်ဦး၏ ဓာတ်ပုံများကိုလည်း ကိုင်ဆောင်ထားကြသည်။

အေဒီ -၂၀၀၀ ခန်းမဆောင်မှ စတင်ထွက်ခွာပြီး များမကြာမီမှာတော့ သုသာန်သို့ရောက်ရှိပြီး ဆရာမနှစ်ဦး၏သုသာန်အနီးတ၀ိုက်တွင် နေရာယူခဲ့ကြသည်။

“ကျွန်တော်တို့သည် ကျွန်တော်တို့လူမျိုးများအတွက် အသက်ပေးဆပ်ခဲ့သည့် ခင်းဗျားတို့နှစ်ယောက်အား နှလုံးသားထဲ ထာဝရ သတိရရင်း
ဂုဏ်ပြုနေပါ့မယ်။” ဟု ဆရာနှစ်ဦးအား ပြိုင်တူ ဂုဏ်ပြုခဲ့ကြသည်။

ပြီးနောက် “ ကျွန်တော်တို့သည် ယခုဖြစ်စဉ်ကဲ့သို့ အဓမ္မသတ်ခံရသည့် ဖြစ်ရပ်မျိုး နောက် နောင်တွင် ထပ်မံမဖြစ်ပွားအောင် တစ်မျိုးသားလုံး၏ လုံခြုံရေးအား တာဝန်ယူ ပြီး တာဝန်ယူသွားပါ့မယ်။” ဟု ထပ်မံအော်ဆို ဂုဏ်ပြုခဲ့ကြသည်။

ထိုသို့ဂုဏ်ပြုစဉ် အချို့မှာ လူငယ်များ၏ မျက်နှာတွင် မျက်ရည်ဝှဲနေကြသည်။ တချို့မှာ ပါလာသည့် မျက်နှာသုတ်စက္ကူများဖြင့် မျက်ရည် သုတ်နေကြသည်။
ပြီးနောက် ကချင်နာမည်ကြီး တေးရေး တေးဆိုများဖြစ်ကြသည် အောင်းလာ၊ လတောင်ဇော်လတ် နှင့် နော်နီတို့မှလည်း သီချင်းများဖြင့် ပါဝင်သီးဆိုခဲ့သည်။

ထိုနောက်မှာတော့ ဆရာမနှစ်ဦးအတွက် ဆုတောင်းပြီး လူငယ်များသည်လည်း သုသာန်မှ ခန်းမဆောင်သို့ တစ်လမ်းလုံးပြည် ပြန်လာခဲ့ကြသည်။ လမ်းခရီးတစ်လျှောက်လုံးတွင်လည်း လွတ်လပ်တဲ့ နိုင်ငံ ကျွန်တော်တို့ နိုင်ငံဆိုသည့် စာသားအား ပြိုင်တူအော်ဆိုပြီး ပြန်လာခဲ့ကြသည်။

No comments: