Sunday, April 26, 2015

ကေအိုင်အေ(ကချင်)အဖွဲ့မှ မိုင်းထောင်စဉ် မိုင်းကွဲ၍ ၂ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့နယ်ခွဲအတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဧပြီ ၂၄ ရက် နံနက် ၆ နာရီခွဲတွင် နောင်းမီးကျေးရွာအနီး တနိုင်း-မြစ်ကြီးနား ကားလမ်း၏ အနောက်ဘက် ၈ ပေခန့်အကွာ၌ မိုင်းကွဲ၍ သေဆုံးနေသော အလောင်း ၂ လောင်းအား တွေ့ရှိခဲ့သည်။ အဆိုပါသေဆုံးသူများအား စိစစ်ရာ နောင်းမီးကျေးရွာတွင် နေထိုင်သူများ ဖြစ်သော ဘောက်ရာ ၂၆ နှစ်နှင့် ဆိုင်းလီ ၂၇ နှစ်တို့ဖြစ်ပြီး ဖြစ်စဉ်နေရာတွင် အကျယ် ၂ ပေ၊ အနက် ၆ လက်မခန့်ရှိ ကျင်း ၁ ကျင်းဖြစ်ပေါ်ခဲ့၍ အနီးဝန်းကျင်မှ ဓာတ်ခဲအသေး ၁၂ လုံး၊ ရီမုသုံးစနက်အုံ ၂ ခု၊ ဓာတ်မီး ၂ လက်၊ ကတ်ကြေး ၁ လက်၊ မီးတိပ် ၁ ခွနှေင့် ဓားမြှောင် ၂ လက်တို့အား သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်အား စိစစ်ရာ အဆိုပါ သေဆုံးသူများသည် ကေအိုင်အေ(ကချင်)အဖွဲ့မှ သင်တန်းပေးထားသည့် အမာခံဖောက်ခွဲရေးသမားများဖြစ်ပြီး တပ်မတော်စစ်ကြောင်း များနှင့် ကားလမ်းတွင်သွားလာနေသော မော်တော်ယာဉ်များအား နှောင့်ယှက်ရန် မိုင်းထောင်စဉ်မိုင်းကွဲ၍ သေဆုံးခြင်းဖြစ်ကြောင်းနှင့် နောင်းမီးကျေးရွာတွင် မိသားစုများရှိကာ လွန်ခဲ့သော ၃ နှစ်ခန့်က ကေအိုင်အေ(ကချင်)အဖွဲ့၏ အတင်းအဓမ်မ လူသစ်စုဆောင်းခြင်းခံရသူများဖြစ်ကြောင်း သိရှိရသည်။ တပ်မတော်စစ်ကြောင်းက သေဆုံးသူများအား နောင်းမီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ၎င်းင်းတို့၏ မိဘဆွမျေိုးများထံသို့ လွှဲပြောင်းပေးအပ်၍ ကျေးရွာသင်ချိုင်းတွင် ဒေသဓလေ့ ထုံးစံနှင့် အညီ ကောင်းမွန်စွာ သင်ဂြိုလ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ Popular Myanmar News Journal 

No comments: