Saturday, April 25, 2015

၂၄.၄.၂၀၁၅ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ကားမိုင်းမြို့မှဖားကန့်ဘက်အထွက်ဘေလီတံတားအနီးတွင်KIAမှထောင်ထားသောမိုင်းပေါက်ကွဲမှုကြောင့်နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသောခလရ(၂၅၀)တပ်ရင်းမှရဲဘော်နှစ်ဦးဒါဏ်ရာရှိခဲ့ကြောင်းနှင့် ၎င်းစစ်သည်နှစ်ဦးအားမြစ်ကြီးနားစစ်ဆေးရုံသို့ပို့ဆောင်ကုသလျှက်ရှိကြောင်းသတင်းရရှိထားပါသည်

၂၄.၄.၂၀၁၅သောကြာနေ့ ယနေ့နံနက်(၆း၁၅)အချိန်ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ကားမိုင်းမြို့မှဖားကန့်ဘက်အထွက်ဘေလီတံတားအလွန်တွင်KIAမှထောင်ထားသောမိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်းသတင်းရရှိထားပါသည် အဆိုပါမိုင်းပေါက်ကွဲမှုကြောင့်နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှစစ်သည်တစ်ဦးဒါဏ်ရာရှိထားရာမြစ်ကြီးနားဆေးရုံသို့ပို့ဆောင်ကုသမည်ဖြစ်၍တာဝန်ရှိသူများမှလိုအပ်သလိုဆက်လက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသတင်းရရှိထားပါသည် အလားတူ(၂၃.၄.၂၀၁၅)ရက်နေ့နံနက်တွင်ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဒွန်ဘန်ကျေးရွာနှင့်လဝါးကျေးရွာအကြားတံတားတစ်စင်းအားမိုင်းထောင်းထားရာအရပ်သားကားတစ်စီးမိုင်းနင်းမိ၍အပြစ်မဲ့ပြည်သူတစ်ဦးဒါဏ်ရာရရှိသွားကြောင်းသတင်းရရှိထားပါသည် ယခုလက်ရှိအချိန်တွင်တနိုင်းမြို့နယ်နန်ဖြူရွှေမှော်တွင်အစိုးရစစ်တပ်နှင့်KIAတို့အပြင်းအထန်တိုက်ပွဲဖြစ်နေကြောင်းသတင်းရရှိထားပါသည်

No comments: