Sunday, April 26, 2015

"၀" ဌာနချုပ်မှာ ကျင်းပမယ့် ပန်ဆန်း ဆွေးနွေးပွဲ ဘာအတွက်လဲ ?

မကြာခင်မှာ ‘၀’ ပြည်သွေးစည်းညီ ညွတ်ရေးပါတီ/တပ်မတော် (UWSP/ UWSA)ဌာနချုပ်တည်ရှိရာ ပန် ဆန်း(ပန်းခမ်း)တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့၏တွေ့ ဆုံဆွေးနွေးပွဲကို မေလ ၁ရက်မှ စတင်ကာ သုံးရက်ကြာ ပြုလုပ် ရန် ရှိနေသည်။တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အကြံ ပြုချက်အရ ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း UWSA က ဆိုသော် လည်း ယခု ပန်ဆန်းတွေ့ဆုံပွဲ ကျင်းပခြင်းမှာ မည်သူ၏စိတ်ကူး စိတ်သန်းဖြစ်သနည်းဆိုသည်နှင့် ပတ်သက်၍ ဝေဖန်မှုအချို့ရှိနေ သည်။ဒါကြောင့်၎င်း ပန်းဆန်း ဆွေးနွေးပွဲဟာ ဘာအတွက်လဲ ဆိုတာ ဒီအပါတ် ဆွေးနွေးသွားပါ့မယ်။ ယခင်ပြု လုပ်ခဲ့သော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၏လိုင် ဇာ ထိပ်သီးညီလာခံ၊ လော်ခီးလာ ထိပ်သီးညီလာခံများသို့ တက် ရောက်ဆွေးနွေးမှုမရှိခဲ့သည့် UWSA သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်လည်းမဟုတ် ပေ။ “၀” ဌာနချုပ် ဖြစ်တဲ့ ပန်ဆန်း (ပန်ခမ်း)ဆွေးနွေးပွဲဟာ မကြာခင် လက်မှတ်ရေးထိုးတော့မည့် NCA(National Ceasefire Agreement) အတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတိုင်ပင်ဖို့ ဖြစ်တယ်လို့ UWSP/UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က အကြောင်းပြချက် ပေးထားပေမယ့်လည်း အစိုးရနဲ့ ဆွေးနွေးဖက်ဖြစ်တဲ့ NCA ထဲကအဖွဲ့အား လုံးမပါသောအကြောင်းအရင်းတစ်ခုဖြင့်ပင် မခိုင်လုံသောအကြောင်းပြချက် အဖြစ်ဝေဖန် မှုများရှိနေသည်။ ‘‘တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း များ၏ခေါင်းဆောင်များ ပန်းခမ်း မြို့တွင် တွေ့ဆုံဆွေးနွေးပွဲ’’ဟု ခေါင်းစဉ်တပ်ထားသည့်ပွဲကို တက်ရောက်ရန် အစိုးရနှင့်ဆွေးနွေးဖက် ၁၆ ဖွဲ့အနက် ကိုးဖွဲ့ကိုသာ ဖိတ်ကြားပြီး ကျန်ခုနစ်ဖွဲ့ မပါဝင်သလို၊ အစိုးရ နှင့် ဆွေးနွေးဖက် မဟုတ်သည့် အဖွဲ့များလည်း ပါဝင်နေသည်ကိုတွေ့ရသည်။ UWSA က သတ်မှတ်ဖိတ် ကြားသော လက်နက်ကိုင်အဖွဲ့ များမှာ လက်ရှိ တိုက်ပွဲများဖြစ် ပွားနေသည့် ကိုးကန့်လက်နက် ကိုင်အဖွဲ့ မြန်မာအမျိုးသားဒီ မိုကရေစီမဟာမိတ်တပ်မတော် (MNDAA)၊ တအာင်န်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် မတော်(TNLA)၊ ရက္ခိုင့်တပ်မ တော်(AA) တို့နှင့်အတူ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူ ထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ ရှမ်း ပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ မွန် ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ(KNPP)နှင့် အမျိုး သားဒီမိုကရေစီသွေးစည်း ညီ ညွတ်ရေးတပ်မတော်မိုင်းလား တပ်ဖွဲ့(NDAA)တို့ဖြစ်ကြသည်။ ပန်ဆန်းဆွေးနွေးပွဲသို့ ဖိတ် ကြားခြင်းမခံရသော အစိုးရနှင့် ဆွေးနွေးဖက်အဖွဲ့များမှာ မြန်မာ နိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတစ်ဦး(CNF)၊ ဒီမို ကရေစီအကျိုးပြု ကရင့်တပ်မ တော်(DKBA-5)၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မ တော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်လွတ် မြောက်ရေးပါတီ (ALP)၊ နာဂအ မျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ်လပန် (NSCN-K)တို့ဖြစ်ကြ ပြီး လားဟူဒီမိုကရက်တစ်အစည်း အရုံး(LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ ချုပ်(WNO)၊ ရခိုင်အမျိုးသား ကောင်စီ(ANC) အစရှိသည့် အဖွဲ့ တို့လည်း ဖိတ်ကြားခြင်းမရှိ။ တစ်ဖက်တွင်လည်း လောက်ကိုင်စစ်မြေပြင်တွင် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့များနှင့် တပ်မတော်၏ ထိုးစစ်များကြောင့် UWSA-MNDAA-NDAA တို့ရဲ့ မိတ်ဖက်စီးပွားရေး ဖြစ်တဲ့ မူးယစ်ဆေးဝါး တန်ချိန် ထောင်ပေါင်းများစွာ ပိတ်မိနေသည့် သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ ခနတဖြုတ်ဖြင့် တိုက်၍ ရမည်ဟု ထင်မှတ်ထားသည့် ဖုန်ကြားရှင်၏ လောက်ကိုင်စစ်ပွဲသည် အချိန်ကြာလာသည်နှင့်အမျှ စစ်သုံး စားရိတ် မြင့်တက်၍ လာနေသည်။လက်ရှိတွင်ပင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလံကျော်ကုန်ကျနေကြောင်း သိရသည်။ထို့အပြင်တရုတ် တရုတ်နိုင်ငံ နယ်စပ်ရှိ နမ်ခမ်းဆေးရုံတွင် တက်ရောက်ကုသ နေရသည့် ကြေးစား စစ်သားတို့၏ ဆေးကုသ စားရိတ်များပေးရန်နှင့်၊ သေဆုံး သူကြေးစားများအတွက် လျှော်ကြေးပေးရန် အတွက် ထောင်နှင့်ချီသော မူးယစ်ဆေးဝါးများကို ရောင်းချရန် အရေးတကြီးလိုလာသည်။ထို တန်ချီထောင်ချီ မူး ယစ်ဆေးဝါးများကို “၀” က တာဝန်ယူဖြန့်ခွဲပေးမည် ဟူသည့် သတင်းများလည်းထွက်ပေါ်လာသည်။ထို အတွက် အရေးတကြီး ခေါင်းချင်းဆိုင် ဆွေးနွေးကြ ရန်လိုလာသည်။ထိုသို့ဖြင့် ‘‘တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း များ၏ခေါင်းဆောင်များ ပန်းခမ်း မြို့တွင် တွေ့ဆုံဆွေးနွေးပွဲ’’ဟု ခေါင်းစဉ်လှ လှတပ်ကာ တွေ့ဆုံကြဖို့ ကြိုးစားနေကြသည်။ တွေ့ဆုံခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပိတ်မိနေသော တန်ချိန်ထောင်ချီနေသည့် မူးယစ်ဆေးဝါး များကို မည်သို့ ဖြန့်ခွဲပို့ဆောင်ရောင်းချမည်လဲဟုသည့် အကြောင်းအရင်းဖြစ်သည်။၎င်းတို့၏ ဆွေးနွေးပွဲ အန္တိမ ရည်မှန်းချက်အား ၎င်းတို့ ဖိတ်ကြားထားသည့် အဖွဲ့များကို ကြည့်လျှင်အလွယ်တကူပင် ခန့်မှန်း နိုင်သည်။UWSA သတ်မှတ်ဖိတ်ကြားထားသည့် စာရင်းတွင် ဖုန်ကြားရှင် ကိုးကန့်အဖွဲ့မှာထိပ်ဆုံး ကဖြစ်သည်။ ထို့အပြင် ဖုန်ကြားရှင်နှင့် လောက်ကိုင်တိုက်ပွဲအစတွင် အတူ ပါဝင်ခဲ့သောKIA ၊ AA ၊ TNLA အဖွဲ့များလည်း ဖိတ်ကြားမှုတွင် ပါဝင်သည်။ ကိုးကန့်အဖွဲ့ ၊ AA ၊ TNLA တို့မှာ NCCT အဖွဲဝင်များမဟုတ်ပေ။၎င်းတို့သည် NCA စာချုပ်အတွက် အစိုးရနှင့်ဆွေးနွေးဖက် ၁၆ ဖွဲတွင်မပါဝင်။ ကိုးကန့်အဖွဲ့ ၊ AA ၊ TNLA တို့ကို ဖိတ်ကြားခြင်း မပြုရန် အစိုးရကတားမြစ်ကန့်ကွက်သော်လည်း UWSA အဖွဲ့မှ ခွင့်ပြုသည်ဟု ပြန်လည်ထုတ်ပြန်ထားသည်။အကြောင်းမှာ ရှင်းသည်။၎င်းတို့ ယခုတွေ့ဆုံပွဲသည် ၎င်း တို့မပါ၍မဖြစ်။ ပန်ဆန်း ဆွေးနွေးပွဲဟု ခေါင်းစဉ်လှလှတပ်ပြီး ထောင်ချီပိတ်မိနေတဲ့ မူးယစ်ဆေးဝါးများ ရောင်း ချရေး ဆွေးနွေးရမည်မဟုတ်လား။ထို့ကြောင့်ယခုခေါင်းစဉ်လှလှပြီး ဟန်ပြရည်ရွယ်ချက်ဖြင့် UWSP/UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ဆိုနေသော်လည်း ယခုကိစ္စမှာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေသည်။ ယခုဆိုလျှင် ပန်ဆန်းဆွေးနွေးပွဲဟာ ဘာအတွက်လဲ ဆိုတာ အားလုံးရှင်းလောက်ပြီ ထင်ပါသည်။ စည်သူမောင်မြင့်

No comments: