Sunday, January 1, 2017

ဆီဘောက်ဆာကားတစ်စီးတံတားကျွံကျမှုဖြစ် -----------------------


မိုးကောင်း ၊ ဇန်နဝါရီ - ၁

ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်၊လွယ်လီယံကျေးရွာအုပ်စု၊စံပါရီ-ရေရှင်+မရမ်ကထောင်ကျေးရွာ၊ကျေးရွာခြင်းဆက်လမ်းပေါ်ရှိ(ကျေးလက်ဒေသဖွံ့ဖြိုးရေးလမ်း)ဘိုကီသစ်သားတံတား(အရှည်၅၈ပေ၊အကျယ်၂၀ပေ)ပေါ်တွင်
ဇန်နဝါရီ(၁)ရက်နေ့နံနက်(၅)နာရီအချိန်ခန့်က၊ကသာမြို့နှင့်တနိုင်းမြို့သို့ထွက်ခွာလာသည့်ဆီဘောက်ဆာကား(ဒီဇယ်တင်)ယာဉ်အမှတ်8J/4111သည်တံတားပေါ်သို့ဖြတ်သန်းစဉ်တံတားကျွံကျမှုဖြစ်ခဲ့သည်၊
ယာဉ်မောင်းမောင်အောင်မျိုး(၃၀)နှစ်၊(ဘ)ဦးထွန်းရွှေ၊၂/ဘလခ(နိုင်)၀၀၄၅၆၁၊ဘော်လခဲမြို့နယ်၊ကယားပြည်နယ်၊
ယာဉ်နောက်လိုက်မောင်စိုးမြင့်(၂၇)နှစ်၊(ဘ)ဦးအောင်ဒင်၊၂/ဘလခ(နိုင်)၀၀၄၇၄၃၊နန်ဖဲကျေးရွာ၊ဘော်လခဲမြို့နယ်၊ကယားပြည်နယ်
တို့(၂)ဦးဖြစ်ပြီး
တံတားပျက်ဆီးဆုံးရှုံးမှုတန်ဘိုးမှာခန့်မှန်းကျပ်(၂၂)သိန်းခန့်ဖြစ်ကြောင်းသိရသည်၊
အဆိုပါယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်(၂)ဦးအားမိုးကောင်းမြို့မရဲစခန်းတွင်
ယာဉ်ပ-၁/၂၀၁၇၊ပုဒ်မ-၂၇၉ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန်စီစဉ်လျှက်ရှိကြောင်းသတင်းရရှိပါသည်။

(မိုးကောင်းသတင်းမီဒီယာ)

No comments: