Monday, January 2, 2017

ပျော်ပွဲစားထွက်လာရာမှ ကလေးငယ်တစ်ဦး ရေနစ်သေဆုံး


စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၊ ဧရာဝတီမြစ် သဲသောင်ပြင်သို့ ပျော်ပွဲစားထွက်လာပြီး ဆော့ကစားရာမှ ကလေးငယ်တစ်ဦး ဒီဇင်ဘာလ(၃၁)ရက်ညနေ(၃)နာရီခန့်က ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ကသာမြို့ ရပ်ကွက်(၉) အပိုင်း(၃)နေ ဒေါ်စုစုနိုင်၊ ဒေါ်နိုသင်္ကြန် ညီအစ်အမ အပါအဝင်သားသမီး (၆)ဦး တို့သည် ကသာမြို့၊ မြောက်ကျောင်းဘုန်းကြီးကျောင်းရှေ့ ဧရာဝတီမြစ် သဲသောင်ပြင်တွင် ပျော်ပွဲစားထွက်လာရာ မောင်မင်းခန့်ဝင်း အသက်(၁၂)သည် မြစ်အတွင်း ဘောကွင်းဖြင့် ဆော့ကစားရာမှ ဘောကွင်းလွတ်ပြီး ရေနစ်မြှပ်ခဲ့သောကြောင့် အဒေါ်ဖြစ်သူမှာ လိုက်လံဆယ်ယူသော်လည်း ရေနစ်မြှပ်သွားခဲ့ကြောင်း သိရသည်။
“ရေက၁၆တောင်ကျော်နစ်တယ်။ စီးတိမ်(ဒယ်အိုးပုံသဏ္ဍန်ခွက်)နေတော့ ရေကူးတတ်တဲ့သူတောင် မလွယ် ဘူး။ ရပ်ကွက်(၁)က လူပေါင်းလေးဆယ်လောက် သိသိချင်းကူရှာပေးပေမယ့် မရလို့ ရပ်ကွက်(၁၀)က ရေငုတ် ကိရိယာတွေနဲ့ရှာလို့ညနေ ၄နာရီခွဲကျော်ကျော်မှာရတယ်။ မနှစ်က ဒီလိုအချိန် ဒီနေရာမှာပဲ နိုင်ငံခြားသင်္ဘောက ဝန်ထမ်းတစ်ယောက်နစ်သွားဘူးတယ်။ ရေကျချိန် သောင်ပြင်ပေါ်မှာ ကျွန်တော်တို့သိရသလောက်ဆိုရင် (၇)ဦးလောက်ရှိပြီ ရေနစ်တာ။ ဒါကြောင့် သတိထားကြဖို့လိုပါတယ်” ဟု ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူးဦးမြင့်ဆွေက ပြောသည်။

ရေနစ်သေဆုံးသူ ကလေးငယ်အား ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိဘဲ သေဆုံးလျက်ရှိပြီ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သေမှုသေခင်းအမှတ်စဉ် ၁၅/၂၀၁၆ ဖြင့် ကသာမြို့မရဲစခန်း၌ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ

No comments: