Sunday, June 1, 2014

"ဦးဇင်းကို လူထွက်ခိုင်းတဲ့ Wunna Tun သိစေရန်" ****************************************************** ဒီ post ကိုတင်တဲ့ အရှင်ဝိမလဝံသ ကိုလဲ တပည့်တော်လျှောက်ထားပါရစေ ဒီလိုမျိုး စာတွေနောက်ထပ်မတင်ပါနဲ့ဘုရား မြန်မာမိန်းကလေးတွေ ကုလားနဲ့တွဲတာက အရှင်ဘုရားတို့ဘုန်းကြီးတွေနဲ့ တိုက်ရိုက်မပတ်သက်ပါဘူးဘုရား တပည့်တော်တို့ လူပုဂ္ဂိုလ်များနဲ့သာ တိုက်ရိုက်ပတ်သက်နေပါသည် အရှင်ဘုရားအဆဲခံရတာကအရေးမကြီးငြားသော်လည်း တပည့်တော်တို့ကိုးကွယ်တဲ့ ဘာသာအတွက် စ်တ်မကောင်းဖြစ်ရပါတယ် အရှင်ဘုရားတို့ကဘာသာရေးခေါင်းဆောင်ဆိုသော်လည်း အရှင်ဘုရားတို့ကို ဘာသာခြားတွေက ဆဲကြပြီဆိုရင် တပည့်တော်တို့ နာကြည်းကြတယ် အရှင်ဘုရား ကိုယ့်ဆွမ်းကိုခံစားပြီးအေးအေးဆေးဆေးနေစမ်းပါ တွေ့ကရာနေရာမပါစေချင်ပါ။ အရှင်ဝိမလဝံသ ဒီလောက် ဝံသာနုစိတ်ဓါတ်ပြင်းထန်ရင် လူထွတ်လိုက်ပါ တပည့်တော်တို့ကြိုဆိုပါတယ် အရှင်ဘုရား ဘုန်းကြီးဝတ်နဲ့ ပက်ပက်စက်စက်အဆဲခံရတာကတော့ တပည့်တော်တို့ဗုဒ္ဓဘာသာ သိက္ခာကျပါတယ် သာသနာမှာဘုန်းကြီးဝတ်နဲ့နေမယ်ဆိုရင်လဲ ခွေးလိုမိုက်နေတဲ့အကောင်တွေဆဲတတ်တာကိုသတိထားနေပါ အရှင်ဘုရားအဆဲခံရတာအရေးမကြီးပါ သင်္ကန်းကိုတော့ အားနာပေးစေချင်ပါသည်။ https://www.facebook.com/wana.tun.52?fref=ufi ဒါက Wanna Tun ရဲ့ ကွန်မင့်ဖြစ်ပါတယ်။ မြန်မာလူမျိုးဆိုတာ ဒီလိုပါပဲ။ မျိုးရိုးအစဉ်အဆက်က အေးအေးဆေးဆေး နေတတ်ကြပါတယ်။ အမှုမဲ့နေနိုင်လွန်းပါတယ်။ ဘဝရှေ့ရေး၊ လောကရှေ့ရေး၊ သာသနာ့ရှေ့ရေးကို လေးလေးနက်နက် တွေးတောကြံဆခြင်း မရှိတတ်။ လူတစ်ဖက်သားကို ကဲ့ရဲ့သန်ပြီး အပြစ်တင်မြန်ပါတယ်။ ကိုယ့်မိသားစုကောင်းစားရေးတစ်ခုကိုပဲ အလေးပေးလွန်းသူများလှပါတယ်။ ဘယ်သူသေသေ ငတေ မာရင်ပြီးရောဆိုတဲ့ ခပ်ညံ့ညံ့ ခပ်ပေါ့ပေါ့ အတ္တကြီးလွန်းသူ များပါတယ်။ ပေါ့ပေါ့နေနေ ပေါ့ပေါ့စားပြီး ပေါ့ပေါ့လေးသေသွားတဲ့သူ၊ လူမျိုးအတွက်၊ ဘာသာအတွက်၊ သာသနာအတွက်၊ လောကအတွက် တစ်ချက်လေးမှ ငဲ့စောင်းပြီး ကိုယ်ချင်းစာတရား မပေးသူက ခပ်များများရယ်။ ရှေ့ကလည်းမနေတတ်၊ နောက်ကလည်းမလိုက်တတ်၊ ကန့်လန့်တိုက်တတ်တဲ့ ဂဏန်းလိုကောင်တွေက ခပ်များများပါ။ ဘုန်းကြီးတွေ နေရတကာပါတယ်။ သူတို့ကြောင့် ဘာဖြစ်ရတယ်၊ ညာဖြစ်ရတယ်ဆိုပြီး အဓိပ္ပါယ်မဲ့ အခြေအမြစ်မရှိ စွပ်စွဲပုတ်ခတ်တတ်ပါတယ်။ ဒကာပြောသလို ဘယ်ဦးဇင်းဖြစ်ဖြစ် ကိုယ့်ဆွမ်းကိုယ်ခံစားပြီး အေးအေးဆေးဆေး နေချင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်လာနေပြီး မြန်မာလူမျိုးတို့ကို စော်ကားသတ်ဖြတ် အနိုင်ကျင့်တာကို ဦးဇင်းတို့ လက်ပိုက်ကြည့်နေပေးရမလား။ ကုလားကျွန်ဖြစ်ချင်ဖြစ်ပါစေဆိုပြီး မျက်ကွယ်ပြုပေးရမလား။ ဒီလိုပိုစ့်မျိုးကို နောက်ထပ်မတင်ပါနဲ့လို့ ပြောရအောင် ဒကာရော ဘာသာ သာသနာအတွက် အရေးပါတဲ့ မှတ်သားစရာ စာကြောင်းလေးတစ်ကြောင်း ဆောင်းပါးလေးတစ်ပုဒ်၊ ကဗျာတစ်ခုလောက် ရေးသားဖြန့်ဝေဖူးပါသလား။ သာသနာတစ်ရပ်တည်တံ့ တိုးတက် ပြန့်ပွားဖို့ ကိုယ့်ဆွမ်းကိုယ်ခံစားပြီး အေးအေးနေ၊ ပေါ့ပေါ့နေ၊ အမှုမဲ့ အမှတ်မဲ့ နေလို့ရပါသလား။ ဘာသာခြားတို့ကြောင့် ပျက်စီးခဲ့ရတဲ့ ထင်ရှားတဲ့ နာလန္ဒာတက္ကသိုလ်အဟောင်းကြီး၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ သမိုင်းကြောင်းတွေကို ပြန်လေ့လာကြည့်ပါ။ အဲဒီနေရာ၊ အဲဒီနိုင်ငံတွေမှာ ဗုဒ္ဓသာသနာကွယ်ပျောက်ခဲ့ ရတာက ရဟန်းတွေ စာပေမသင်ကြားခြင်းကြောင့်လား၊ မြတ်စွာဘုရားတရားတော်တွေကို မကျင့်ကြံကြလို့လား၊ အစာရေစာ ရှားပါးတဲ့ ကပ်တွေကြောင့်လား၊ အနာရောဂါတွေကြောင့်လား၊ ထေရဝါဒ မဟာယနဂိုဏ်ဂဏကွဲပြားခြင်းကြောင့်လား၊ ဒါမှမဟုတ် ဘာသာခြားတို့၏ ကိုယ့်ဆွမ်းကိုယ်ခံစားပြီး မေတ္တာဘာဝနာ၊ ဝိပဿနာဘာဝနာ၊ ကမ္မဋ္ဌာန်းတရားတွေနဲ့ အေးအေးဆေးဆေးအားထုတ်ပြီး နေတော်မူကြတဲ့ သံဃာတော်အရှင်မြတ်များကို နှစ်ရှည်လများ မီးရှို့သတ်ဖြတ်ခြင်းကြောင့်လား၊ အမျိုးသားရေး အမြင် မရှိတဲ့ ဗုဒ္ဓဘာသာပုဂ္ဂိုလ်များအား လူဖောက်သာသနာအပြုခံရခြင်းကြောင့်လား ဆိုတာ သမိုင်းစာမျက်နှာတွေကို ပြန်ကြည့်လိုက်ပါ။ မြန်မာမိန်းကလေးတွေ ကုလားနဲ့တွဲနေတာ ဦးဇင်းတို့နဲ့ တိုက်ရိုက်မပတ်သတ်ဘဲ ဒကာတို့ လူပုဂ္ဂိုလ်များနှင့်သာ ဆိုင်တယ်ဆိုတော့ ဒကာအနေနဲ့ လမ်းမှားရောက်နေတဲ့ မြန်မာမိန်းကလေး တစ်ယောက်ကို လမ်းမှန်ရောက်အောင် ဟောပြောဆုံးမဖူးပါသလား။ ကယ်တင်ဖူးပါသလား။ မြန်မာမိန်းကလေးတစ်ယောက် ကုလားနဲ့တွဲနေတာဟာ ဘာသာရေး လူမျိုးရေးနဲ့ သက်ဆိုင်တယ်ဆိုတာရော ဒကာငြင်းမလား။ လူမျိုးရေး ဘာသာရေးလို့ပြောလိုက်ရင် ဒကာတွေမှာသာ တာဝန်ရှိပါသလား။ သံဃာတော်တွေမှာရော တာဝန်မရှိဘူးလား။ တာဝန်မဲ့၊ ကြောင့်ကြမဲ့၊ အမှုမဲ့ အမှတ်မဲ့ နေလို့ရနိုင်ပါသလား။ ဦးဇင်းအဆဲခံရတာကို စိတ်မကောင်းဖြစ်ရင် ဒီလိုအမိန့်ပေးတဲ့ ကွန်မင့်တောင် ဒကာပေးမှာမဟုတ်ဘူး။ အဆဲခံရတာ ဘာသာအတွက် သိက္ခာကျတယ်လို့ဆိုရအောင် (၄၅)ဝါ ပတ်လုံး သာသနာပြုတော် မူသွားခဲ့တဲ့ မြတ်စွာဘုရားရှင်ကို ဆန့်ကျင်ဘက် မိစ္ဆာဒိဋ္ဌိတွေ ဆဲတာဆိုတာ စွပ်စွဲတာ၊ ကဲ့ရဲ့တာတွေဟာ သုတ္တန်တော်တော်များများမှာ ရှိနေတယ်ဆိုရင်ရော ဒကာဘယ်လိုဖြေရှင်းချက်ပေးမလဲ၊ ဦးဇင်းကို လူထွက်လို့ပြောတာဟာ သူတော်ကောင်းပါးစပ်လား၊ သူယုတ်မာပါးစပ်လားဆိုတာ ဒကာကိုယ်တိုင် ပြန်လည်စမ်းစစ်ပါ။ မြတ်စွာဘုရားနဲ့ သူတော်ကောင်းကြီးများဟာ သာသနာမှာ မပျော်ပိုက်လို့ လူထွက်မည့် ရဟန်းများကိုတောင် သာသနာမှာပျော်မွေ့လာအောင် တရားဒေသနာများ ဟောပြောပြီး လူဝတ်မလဲစေခဲ့တဲ့ အချက်ကိုထောက်ဆကြည့်ရင် သာသနာတာဝန်ကို ဆောင်ရွတ်နေတဲ့ ဦးဇင်းကို လူဝတ်လဲပါလို့ ပြောလိုက်တဲ့ ဒကာ့ပါးစပ်ဟာ သူယုတ်မာတစ်ယောက်ရဲ့ ပါးစပ်ဖြစ်သွားတာကိုရော ဒကာသတိထားမိပါသလား။ ဒကာသိထားဖို့က ဦးဇင်းဝတ်ရုံထားတဲ့ သင်္ကန်းကို ဦးဇင်းကိုယ်တိုင်ချွတ်မှ ကျွတ်မှာပါ။ ဦးဇင်းကလွဲလို့ ဘယ်သူကမှ လက်နက်၊ အာဏာ၊ ငွေကြေး အသုံးပြုပြီး ဘယ်လိုနည်းနဲ့မှ ချွတ်လို့ရမည်မဟုတ်ကြောင်း ပြောချင်ပါတယ်။ တာဝန်မသိတတ်တဲ့ဒကာရဲ့ စိတ်နေစိတ်ထားအရ အမျိုး ဘာသာ သာသနာ့အရေးကို မမျှော်တွေးဘဲ အေးအေးဆေးဆေးနေချင်နေပါ။ ဦးဇင်းကို မနေခိုင်းပါနဲ့၊ ပြီးတော့ ဒီလိုပိုစ့်မျိုးတွေကို ထပ်ပြီးဦးဇင်းတင်နေဦးမှာပါ။ မဖတ်ချင် မမြင်ချင် မခံစားနိုင်ပါဘူးဆိုပါလျှင်တော့ ဦးဇင်းအား ချက်ချင်း ဘလော့ပစ်လိုက်ပါဟု တိုက်တွန်းလိုက်ပါသည်။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments: