Monday, December 12, 2016

အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် လက်နက်ကိုင် ရှစ်ဦး အိန္ဒိယဘက်မှဖမ်းဆီးထား



 

အိန္ဒိယ အရှေ့မြောက်ဘက်ဒေသဖြစ်သည့် မီဇိုရမ်နှင့် မြန်မာနယ်စပ်အနီးတွင် လက်နက်ကိုင် ရှစ်ဦးကို ဒေသခံရဲတပ်ဖွဲ့နှင့်စစ်ရေးအရ ဖွဲ့စည်းထားသည့် အိန္ဒိယအင်အားစုများက ဖမ်းဆီးရမိခဲ့ကြောင်း နယူးဒေလီသတင်းစာတွင်ဖော်ပြထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။  လက်နက်ကိုင်များကို မီဇိုရမ်တောင်ပိုင်းရှိ ဆိုင်ရာဟာဒေသမှ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ စနေနေ့က သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ ဆိုင်ရာဟာရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး အရေးယူဆောင်ရွက်မှုများ လုပ်ဆောင် လျက်ရှိကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားထားသည်။

ယင်း ဖမ်းဆီးရမိသော ၈ ယောက်မှာ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော Arakan Liberation Army (ALA) မှ ဖြစ်သည်ဟု The New Indian Express သတင်းက ဖော်ပြထားသည်။

“ ဘာသာစကားက အခက်အခဲဖြစ်နေပါတယ်။ ဒါကြောင့် သူတို့ဘာကြောင့် ၀င်ရောက်လာလဲ မသိရသေးပါဘူး။ ဒါပေမယ့် သူတို့ဟာ ALA အဖွဲ့ဝင်တွေဖြစ်နေတာတော့ ကျွန်တော်တို့ သိတယ်” ဟု အိန္ဒိယဖက်မှ ပြောထားသည်။

အဆိုပါဖမ်းဆီးရမိသူများထံမှ လောင်ချာတစ်ခု၊ ၇ ဒသမ ၆ မီလီမီတာ ပြောင်းရှိသည့် ရိုင်ဖယ်သေ နတ်တစ် လက်၊ ၅ ဒသမ ၅ မီလီမီတာရှိသည့် အမ် ၁၆ ရိုင်ဖယ်သေနတ် တစ်လက်၊ အမ် ၁၁ ရိုင်ဖယ်သေနတ်တစ်လက်၊ ဂျီသရီး ရိုင်ဖယ်သေနတ် တစ်လက်၊ လက် ပစ်ဗုံး ၁ဝ လုံးနှင့် ကျည်ဆန်များ၊ ကျည် အိမ်များ ပါသိမ်းဆည်းရမိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ယနေ့ထုတ်ပြန်ချက်အရသိရသည်။

စိုးသူအောင်

No comments:

Post a Comment