အာဇာနည်ဗိမာန်အား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ယနေ့ (ဒီဇင်ဘာ ၁၂ ရက်) တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်၌ အာဇာနည်ဗိမာန်ကို နောင်လိုအပ်သည့်အခါမှသာ မိုးလုံလေလုံအဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောကြားခဲ့သည်။
မြိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း မေးမြန်းသည့် "အာဇာနည်ကုန်းမြေနေရာတွင် ခန့်ညားထည်ဝါသော အာဇာနည်ဗိမာန်ကြီးတစ်ခု ၂၀၁၇ ခုနှစ် အာဇာနည်နေ့အမီ တည်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ" မေးခွန်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြန်လည်ဖြေကြားရာတွင် ပထမဦးစွာ ၂၀၁၆ ခုနှစ် အာဇာနည်နေ့ မအတိုင်မီ အာဇာနည်ကုန်းမြေနေရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြုပြင်ဆောင်ရွက်မှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဖြေကြားချက်အတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က "လက်ရှိအနေအထားအရ အာဇာနည်ဗိမာန်ရဲ့ အသွင်သဏ္ဍာန်မှာ ခန့်ညားထည်ဝါသော အသွင်သဏ္ဍာန် ဖြစ်နေပါ၍ မိုးလုံလေလုံ ဆောင်ရွက်ရန်အတွက် လုံခြုံရေးအခြေအနေအရလည်း မလိုအပ်သေးပါကြောင်း တွေ့ရှိရပါသဖြင့် နောင်လိုအပ်သည့်အခါ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။
Eleven Media Group Co., Ltd
No comments:
Post a Comment