Tuesday, November 8, 2016

မန္တလေး-မြစ်ကြီးနား ရထားများ အချိန်ပြောင်းလဲပြေးဆွဲမည်

Posted: November 8, 2016

မန္တလေး - မြစ်ကြီးနား လမ်းပိုင်းတွင် မန္တလေးဘူတာမှ မြစ်ကြီးနားဘူတာ အထိ နေ့စဉ် အစုန်အဆန် ပြေးဆွဲနေ သော လူစီးရထားများအား မြန်မာ့ မီးရထားက နိုဝင်ဘာ ၁၁ ရက်မှ စတင်၍ အချိန်ပြောင်းလဲ ပြင်ဆင်ပြေး ဆွဲမည်ဟု သိရသည်။

 

အမှတ်(၃၇) မန္တလာ- မြစ်ဆုံ အဆန် အမြန်ရထားသည် မန္တလေးဘူတာမှ နံနက် ၁ဝ နာရီ မိနစ် ၂ဝ စတင်ထွက်ခွာ ၍ မြစ်ကြီးနားဘူတာ သို့ နောက်တစ်နေ့ နံနက် ၅ နာရီ မိနစ် ၂ဝ တွင်လည်းကောင်း၊ အမှတ်(၅၅) အဆန် အမြန်ရထားသည် မန္တလေးဘူတာမှ မွန်းတည့် ၁၂ နာရီ စတင် ထွက်ခွာ ၍ မြစ်ကြီးနားဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီခွဲတွင် လည်း ကောင်း၊ အမှတ်(၅၇) အဆန်အမြန် ရထားသည် မန္တလေးဘူတာမှ ညနေ ၄ နာရီ စတင်ထွက်ခွာ၍ မြစ်ကြီးနားဘူတာ သို့ နောက်တစ်နေ့ မွန်းလွဲ ၁ နာရီတွင် လည်းကောင်း၊ အမှတ်(၄၁) အဆန်စာပို့ ရထားသည် မန္တလေးဘူတာမှ ညနေ ၆ နာရီစတင်ထွက်ခွာ၍ မြစ်ကြီးနားဘူတာ သို့ နောက်တစ်နေ့ ည ၉ နာရီတွင် လည်းကောင်း အသီးသီးဆိုက်ရောက် မည်ဖြစ်သည်။

 

အမှတ်(၄၂)အစုန်စာပို့ ရထားသည် မြစ်ကြီးနား ဘူတာမှ နံနက် ၅ နာရီ စတင်ထွက်ခွာ၍ မန္တလေးဘူတာ သို့ နောက်တစ်နေ့ နံနက် ၈ နာရီခွဲ တွင် လည်းကောင်း၊ အမှတ်(၅၆) အစုန်အမြန် ရထား သည် မြစ်ကြီးနား ဘူတာ မှ နံနက် ၇ နာရီခွဲစတင်ထွက်ခွာ၍ မန္တလေးဘူတာ သို့နောက်တစ်နေ့ နံနက် ၄ နာရီတွင် လည်းကောင်း၊ အမှတ်(၃၈) မြစ်ဆုံ- မန္တလာ အစုန်အမြန် ရထားသည် မြစ်ကြီးနားဘူတာမှ နံနက် ၁၁ နာရီခွဲ စတင် ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက် တစ်နေ့ နံနက် ၅ နာရီခွဲတွင် လည်း ကောင်း၊ အမှတ် (၅၈)အစုန်အမြန်ရထား သည် မြစ်ကြီးနားဘူတာမှ ညနေ ၃ နာရီ စတင်ထွက်ခွာ၍ မ္တလေးဘူတာသို့ နောက်တစ်နေ့ မွန်းလွဲ ၁ နာရီတွင် လည်း ကောင်း အသီးသီး ဆိုက်ရောက်မည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

 

The Ladies News

No comments:

Post a Comment