Tuesday, November 8, 2016

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန် - ဟဲဟိုး သီးသန့်ခရီးစဉ် ပြေးဆွဲမည်

တောင်ကြီးတန်ဆောင် တိုင်ပွဲတော်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ သွားလာရေးလွယ် ကူရန် နိုင်ငံပိုင်လေကြောင်းလိုင်း ဖြစ်သည့် မြန်မာအမျိုးသားလေ ကြောင်း (MNA)သည် နိုဝင်ဘာ ၉ရက်ကစတင်ကာ သီးသန့်ခရီးစဉ် အဖြစ် ရန်ကုန်-ဟဲဟိုး ခရီးစဉ် များကို နေ့စဉ်ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘တောင်ကြီး တန်ဆောင် တိုင်အတွက်ကိုလည်း ၉ ရက်နေ့ ကစပြီး နေ့စဉ်မနက်ကို တစ် ခေါက်စီ Special Flight အနေနဲ့ ပျံသန်းပြေးဆွဲသွားဖို့ရှိတယ်။ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့ (နိုဝင်ဘာ ၁၅) လောက်ဆို ဟဲဟိုး-ရန်ကုန်ကို ညနေပိုင်းပါ ပျံသန်းသွားဖို့ရှိတယ်’’ဟု MNA စီးပွားရေးဆိုင်ရာ အရာရှိချုပ်ကပ္ပတိန် ဦးနိုင်စောလွင်က ပြောကြားသည်။

ခရီးသည်များ သွားလာရေး အဆင်ပြေစေရန်  ပျံသန်းပြေးဆွဲမည့် ခရီးစဉ် အသေးစိတ်ကို ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း   MNA မှ Brand Manager ကိုအောင်အောင်ဦးက  ပြော သည်။

MNA လေကြောင်းလိုင်းသည် လက်ရှိတွင် ပြည်တွင်းရှိ မြို့ပေါင်း ၂၈ မြို့သို့ ပျံသန်းပြေးဆွဲနေပြီး ပြည်ပ ခရီးစဉ်များဖြစ်သည့် စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ချင်းမိုင်အစရှိသည့် ပြည်ပရှိ မြို့လေးခုသို့ ပျံသန်းပြေးဆွဲနေသည်။

  မြန်မာအမျိုးသား လေ ကြောင်းလိုင်းကို ၁၉၄၈ က UBAမြန်မာနိုင်ငံ လေကြောင်း သယ်ယူပို့ဆောင်ရေး အမည်ဖြင့် စတင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ဒီဇင် ဘာ ၅ ရက်ကစတင်ကာ ဖွဲ့စည်းပုံ ပြောင်းလဲဖွဲ့စည်း၍ နိုင်ငံပိုင် လေကြောင်းလိုင်းအဖြစ် ဆက် လက် ရပ်တည်ကာ ပြည်တွင်း၊ပြည်ပခရီးစဉ်များ ပျံသန်းပြေးဆွဲ ပေးနေသည်။

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၆ ရက်မှ ၁၅ ရက်အထိ ၁၀ ရက်တိုင် ကျင်းပ လျက်ရှိသည်။

No comments:

Post a Comment