Tuesday, February 9, 2016

တာချီလိတ်မြို့တွင် အတူနေထိုင်သည့် တရုတ်နိုင်ငံသားအချင်းချင်း ဓါးပြတိုက်သူအား ဖမ်းဆီးမိ --- --- ---

တာချီလိတ်မြို့တွင် အတူနေထိုင်သည့် တရုတ်နိုင်ငံသားအချင်းချင်း ဓါးပြတိုက်သူအား ဖမ်းဆီးမိ --- --- --- ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အတူနေထိုင်သည့် တရုတ်နိုင်ငံသား အချင်းချင်း ဓါးပြတိုက်ပြီး ထွက်ပြေးသူ အား ထွက်ပြေးသွားစဉ် ဖမ်းဆီးနိုင်လိုက်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ "တာချီလိတ်မှာ သတ္တုလာတူးတဲ့ တရုတ်နိုင်ငံသားတွေလို့ ပြောတယ်။ အတူနေတဲ့သူအချင်းချင်း ဓါးပြပြန်တိုက်တာ။ ဘောင်းဘီအိတ်ထဲက ငွေတွေထည့်ထားတဲ့အိတ်ကို ယူနေတဲ့အချိန် ဓါးပြတိုက်ခံရတဲ့သူက အိမ်ထဲကထွက်ပြီး အပြင်ကို အော်ဟစ်အကူအညီတောင်းတော့ အိတ်ယူပြီးထွက်ပြေးသွားတာကြားတယ်"ဟု ဓါးပြတိုက်မှုဖြစ်ပွားသည့် ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ အဆိုပါအမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသား Mr. He Honbo အား တာချီလိတ်မြို့မ ရဲစခန်း(ပ)၃၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။ TNA The Ladies News Journal

No comments:

Post a Comment