မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 9, 2016
မော်လိုက်မြို့မရဲစခန်းမှူး ရဲစခန်း လိုင်းခန်းတွင် ကြိုးဆွဲချ သေဆုးံမှု ဖြစ်ပွား
မော်လိုက်မြို့မရဲစခန်းမှူး ရဲစခန်း လိုင်းခန်းတွင် ကြိုးဆွဲချ သေဆုးံမှု ဖြစ်ပွား
=========================================
စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း မော်လိုက် မြို့ မြို့မ (၁) ရပ်ကွက် ရှိ မော်လိုက်မြို့မ ရဲစခန်းမှူး ဒုရဲမှူး မြတ်စိုးနိုင်သည် ရဲစခန်းဝင်း နေ အိမ်လိုင်းခန်း၌ ကြိုးဆွဲချသေဆုးံ နေသည်ကို ရဲဒုတပ်ကြပ်တစ်ဦးမှ တွေ့ရှိ ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုးံမှ သိရသည် ။
မော်လိုက် ရဲစခန်းမှ ဒုတပ်ကြပ် သန်းထွန်းအောင်သည် ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၈ နာ ရီ အချိန်၌ ရဲစခန်းတန်းစီကွင်းသို့ စခန်းမှူးရောက် မလာသဖြင့် စခန်းမှူး တစ်ဦးတည်းနေထိုင်ရာ အခန်းသို့ သွားရောက်ကြောင်း သိရသည်။
ယင်းသို့ ကြည့်ရှုခဲ့ရာတွင် နေအိမ်များ ပိတ်ထားသဖြင့် အော်ခေါ် ရာ ပြန် လည်ဖြေကြားခြင်းမရှိသောကြောင့်တံခါးအား ဆွဲဖွင့် ကြည့်ရာ အိပ်ခန်း ကုတင်ဘေးပြ တင်းပေါက် တံခါးဘောင်တွင် နိုင်လွန်ကြိုးဖြင့် လည်ပင် အား ချည်လျက် ကုတင် အား ခြေဖြင့်တွန်းကန် အနေအ ထား နှင့်သေ ဆုးံနေ ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ကြိုးဆွဲချ သေဆုးံသည်ဟု ရဲတပ်ဖွဲ့မှ မှတ်ချက်ပြု ထားသော မြို့မရဲ စခန်းမှူးသေဆုးံမှုအား ဓမ္မတာအတိုင်း သေဆုးံခြင်း ဟုတ်၊မဟုတ် ဆက်လက် စုံစမ်း စစ်ဆေးနိုင်ရန် သေမှုသေခင်း (၃/၂၀၁၆)ဖြင့် အမှုရေးဖွင့် ၍ စစ်ဆေးနေကြောင်း သိရသည်။
KTS
#Democracytoday
No comments:
Post a Comment