မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, February 10, 2016
တပ်မတော်ပိုင် လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူ ဒုတပ်ကြပ် သေဆုံး
#Eleven_Update_News 1:15 PM 10th Feb 2016.
တပ်မတော်ပိုင် လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူ ဒုတပ်ကြပ် သေဆုံး
လယ်ဝေးမြို့နယ်ရွှေပြည်သာကျေးရွာ အုပ်စု၊ ကြံခင်းကျေးရွာ တောင်ဘက် မတ်ပဲစိုက်ခင်းအတွင်းသို့ ယနေ့ (ဖေဖော်ဝါရီလ ၁ဝ ရက်) နံနက် ၉ နာရီ ၄၁ မိနစ်အချိန်ခန့်က တပ်မတော်လေယာဉ် ပျက်ကျခဲ့မှုတွင် အသက်ရှင်ကျန်ရစ်သည့် ဒုတပ်ကြပ် လှဝင်းသိန်း မှာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားကြောင်း သတင်းရရှိပါသည်။
ပျက်ကျခဲ့သော လေယာဉ်အမျိုးအစားမှာ တပ်မတော်(လေ)မှ BEECH-1900 D အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးဖြစ်ပြီး ကနဦးတွင် လေယာဉ်ပေါ် ပါရှိသူ ငါးဦးအနက် လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သူ လေးဦးမှာ ဗိုလ်မှူး အောင်ကျော်မိုး၊ ဗိုလ်ကြီး ထင်ကျော်ဦး၊ ဗိုလ်ကြီး အောင်ပိုင်စိုးနှင့် ဒုတပ်ကြပ် ကျော်ဋ္ဌေး တို့ ဖြစ်ကြောင်း သိရပြီး ဒုတပ်ကြပ် လှဝင်းသိန်းမှာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ဆေးကုသနေချိန်၌ သေဆုံးခဲ့ခြင်း ဖြစ်ပါသည်။
No comments:
Post a Comment