မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, February 10, 2016
ဩစတြေးလျတွင် ဆေးခြောက်ပင်များ ဆေးဝါးသုံး တရားဝင်စိုက်ပျိုးမည်
ဩစတြေးလျတွင် ဆေးခြောက်ပင်များ ဆေးဝါးသုံး တရားဝင်စိုက်ပျိုးမည်
++++++++++++++++++++++++++++++++++++++++++++++
ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၁၀ ။ ။ ဩစတြေးလျနိုင်ငံသည် ကျန်း မာရေး ကိစ္စရပ်နှင့် သိပ္ပံစမ်းသပ်မှု များအတွက် အသုံးပြုနိုင်ရန် အတွက် ဆေးပင် များအား တရားဝင်စိုက်ပျိုး ခွင့်ပြုနိုင်ရန် ဥပဒေကြမ်းတစ်ရပ် အား ဖေဖော်ဝါ ရီ ၁၀ ရက်က ပါလီ မန်သို့တင်သွင်း လိုက်ပြီဖြစ်ပြီး ယင်း သည် လူနာများ အနေဖြင့် နာတာရှည် ခံစားနေရသော နာကျင်မှုများပပျောက် ရန် ဆရာဝန် များမှ ဆေးခြောက်ပါ ဝင်သော ဆေးများပေးခြင်းမပြုနိုင် ရန်အတွက် ပထမခြေ လှမ်းကျင့်သုံး လိုက်ခြင်းဖြစ်သည်။
ဥပဒေကြမ်းတွင် ဆေးခြောက် အား ဩစတြေးလျနိုင်ငံတွင် ကျန်း မာရေး ကိစ္စရပ်နှင့် သိပ္ပံစမ်းသပ်ချက် များပြုလုပ်နိုင်ရန်အတွက် လိုင်စင် ထုတ်ပေးခြင်း ၊ ဆရာဝန်များမှ ဆေး ခြောက်ပါ ဆေးဝါးများအား လူနာ များသို့ လိုအပ်ပါက ပေးနိုင်ရန် စသည့် အချက်များပါဝင်သည်။
ဩစတြေးလျ နိုင်ငံတွင် ဆေး ခြောက်ပင်များစိုက်ပျိုးခြင်း၊ သုံးစွဲ ခြင်းဖြန့်ဖြူးခြင်း များ အတွက် ကျန်း မာရေးနှင့် သိပ္ပံစမ်းသပ်ချက်များပြု လုပ်ရန်ဖြစ်သော် လည်း မူးယစ်ဆေး ဝါးဥပဒေဖြင့် အရေးယူခံနေရသော ရိုးသားစွာအသုံးပြုသော်လည်း အ ဖမ်းခံနေရသော ဩစတြေးလျနိုင်ငံ သား အများအပြားရှိနေကြသည်။
''ယင်းဥပဒေကြမ်းအရ ဆေး ခြောက်ပင်များ တရားဝင်စိုက်ပျိုး ခွင့်ရရှိပါက ဩစတြေးလျနိုင်ငံသည် ကမ္ဘာ့ အခြားနိုင်ငံများသို့ ဆေး ဝါး နှင့် သိပ္ပံသုတေ သန များအလို့ငှာ ဆေးခြောက်များအား တရားဝင်ရရှိ လာနိုင်မည်ဖြစ် သည်။
သို့ရာတွင် ထုတ်လုပ်မှုစရိတ်စက များကြီးလေး ခြင်း၊ အရေအတွက် ကန့်သတ်စိုက် ပျိုးခြင်း စသည့်ပြဿ နာများရှိလာ နိုင်သည်။ သို့သော် တရားမဝင်စိုက် ပျိုးထုတ် လုပ်မှုများ ပပျောက်သွား နိုင်ပြီး ဆေးခြောက် ပါဝင်သော ဆေး များသောက်သုံးရမှ ရောဂါပျောက် ကင်းနိုင်မည့် ဩစတြေးလျလူနာများ အတွက် အနာဂတ်တွင် ကျန်းမာ ရေးရလဒ်များ ရရှိလာနိုင်မည်''ဟု ဩစတြေးလျကျန်းမာရေးဝန်ကြီး ဆူဆန်လေးက ပြော ဆိုလိုက်သည်။
Online News
#Democracytoday
No comments:
Post a Comment