မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, February 10, 2016
မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦး လစာမရ၍ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ ------- -------- -----
မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦး လစာမရ၍ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ
------- -------- -------
မလေးရှားနိုင်ငံ၊ ပီတလင်ဂျာယာမြို့ရှိ မြန်မာနိုင်ငံသား တစ်ဦးသည် လုပ်ခလစာ မရရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံရဲတပ်ဖွဲ့က ပြောကြားသည်။ သေကြောင်းကြံစည်သူမှာ မုဒုံမြို့မှ အသက် ၂၄ နှစ်ရှိ ကိုကျော်လင်းထိုက် ဟု သိရသည်။
ယင်းသည် မှန်ကွဲစတစ်ခုဖြင့် မိမိလည်ပင်းကို လှီးဖြတ်ကာ သေကြောင်းကြံစည်ခြင်းဖြစ်ပြီး ယခုအခါ ဆန်ဂိုင်းဘူလိုဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသလျက်ရှိသည်ဟု ဆိုသည်။
ကိုကျော်လင်းထိုက်သည် ပါရမောင့်ဂါးဒင်းရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသူ ဟု ယုံကြည်ရပြီး အင်္ဂါနေ့ည ၇ နာရီခွဲခန့်တွင် အမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ပီတလင်ဂျာယာ ရဲတပ်ဖွဲ့မှ အရာရှိ မို့ဒ်ဇာနီက ပြောကြားသည်။
“အခင်းဖြစ်ပွားချိန်မှာ အနားမှာရှိနေတဲ့ ဆရာဝန်တစ်ဦးက လာရောက်ကူညီပေးခဲ့ပါတယ်။ ကျွန်တော်တို့ စစ်ဆေးမှုတွေအရ သူ (ကိုကျော်လင်းထိုက်) ဟာ လုပ်ခလစာပေးဖို့ ငြင်းပယ်ခံရတဲ့အတွက် စိတ်ဓာတ်ကျပြီး အခုလို လုပ်ခဲ့တာလို့ သိရပါတယ်” ဟု မို့ဒ်ဇာနီက ပြောကြားခဲ့သည်။
KHTun
Photo : The Star Online
The Ladies News
No comments:
Post a Comment