Thursday, July 9, 2015

ငြိမ်းချမ်းရေးသံစဉ်ကို နားဝင်မချိုသော ရာဇ၀တ်ကောင်ကြီးများ၏ နေ၀င်ချိန် အပိုင်း(၂)

Myanmar Military News ငြိမ်းချမ်းရေးသံစဉ်ကို နားဝင်မချိုသော ရာဇ၀တ်ကောင်ကြီးများ၏ နေ၀င်ချိန် အပိုင်း(၂) --------------------------------------------------------------------------------- ငြိမ်းချမ်းရေးအတွက် အခြေခံဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်း(NCA)မှာလည်း ဒို့တာဝန်အရေးသုံးပါးနဲ့ တပ်မတော်၏ မူဝါဒ ၆ ချက်ကလွဲရင် အားလုံးလိုက်လျောပြီးဖြစ်တာကြောင့် ဒီရာဇ၀တ်ကောင်တွေရဲ့ နောက်ထပ် တောင်းဆိုချက်တွေကို လိုက်လျောဖို့မလိုသလို ဒီငွေကြေးခ၀ါ ချမှုလုပ်ငန်းတွေကိုလည်း အစိုးရအနေနဲ့ တားဆီးသင့်ပြီ ဖြစ်ပါသည်။ ကိုယ်ကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးကို ခုတုံးလုပ်ကာ လူမဆန်သော လုပ်ရပ်များဆောင်ရွက်နေသော ရာဇ၀တ်ကောင်တွေကို အစိုးရအနေဖြင့် မျက်ကွယ်မှာတရားစီရင်ပြီး ၀ရမ်းပြေးများအဖြစ်လည်း ထုတ်ပြန်ကြေညာ သင့်ကြောင်း အကြံပေးလိုပါသည်။ ၎င်းအပြင် ငွေကြေးခ၀ါချမှု များတွင် ရာဇ၀တ်ကောင်များနှင့် တိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက်ဆက်ဆံနေသော ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းရှင်များကိုလည်း တရားဝင် အခွန်ဆောင်ခိုင်းဖို့ လိုအပ်မည် ဖြစ်ပါသည်။ ဒါ့အပြင် ရာဇ၀တ်ကောင်များ၏ အဓိကစီးပွားရေးဖြစ်သော မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှု မပြုလုပ် နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ဆောင်ရွက်သင့်သလို ပြည်တွင်းတွင်လည်း မူးယစ် ဆေးဝါးတိုက်ဖျက်ရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်စစ်ကြောင်းများစုပေါင်းကာ ဖမ်းဆီးရမည် ဖြစ်ပါသည်။ ယနေ့ခေတ်ကာလသည် သတင်းခေတ်ဖြစ်သည်နှင့်အညီ မည်သည့်မကောင်းမှုဒုစရိုက် လုပ်ငန်းများမဆို ဖုံးကွယ်၍ မရနိုင်ကြောင်း ရာဇ၀တ်ကောင်ကြီးများ သိသင့်ပြီဖြစ်ပါသည်။ ဒါကြောင့် မြန်မာပြည် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း အစွန်အဖျားဒေသတို့မှာ သူပုန်အဖြစ် အသက်ထက်ဆုံး နေထိုင်ကြမှာလား၊ မိမိ၏သားသမီး၊ မြေး၊ မြစ် ဆွေစဉ်မျိုးဆက် သည်လည်း ရာဇ၀တ်ကောင်များ၏ အမျိုးအနွယ်အနေဖြင့် ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမျှ သွားလို့မရသူတွေအဖြစ် အမွေပေးခဲ့ချင်သလား၊ ထိုသို့မဟုတ်ဘဲ ငြိမ်းချမ်းရေး မျှော်လင့်နေတဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့ ဆွေမျိုးသားချင်းများ၏ အနာဂတ်လှပဖို့အတွက် ငြိမ်းချမ်းရေးခရီး အဆုံးသတ်မှာလား ရာဇ၀တ်ကောင်ကြီးများ ရွေးချယ်ဖို့လိုအပ်နေပြီဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တည်ငြိမ်အေးချမ်းမှုရှိရမည်ဖြစ်သလို တည်ငြိမ်အေးချမ်းမှု ရှိအောင်လည်း ဥပဒေဖြင့်ထိန်းချုပ်ရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ အစိုးရအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထု၊ အများစု အတွက်ကြည့်ကာ ငြိမ်းချမ်းရေးသံစဉ်ကို နားဝင်မချိုတော့သော တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် ရာဇ၀တ်ကောင်ကြီးများ၏ မူးယစ်ဆေးဝါးရောင်းချမှု၊ တရားမ၀င်သစ်ခိုးထုတ်မှု၊ ငွေကြေးခ၀ါချမှု၊ ပြည်သူလူထုအပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်စေမှုတို့အတွက် တည်ဆဲဥပဒေများအတိုင်း ပြတ်ပြတ်သားသား အရေးယူမည်ဆိုပါက ကျွန်တော်တို့ ပြည်သူတွေအနေဖြင့်လည်း ၎င်းတို့၏ရာဇ၀တ်မှု ကျူးလွန်ခြင်းများအပေါ် ၀ိုင်းဝန်းပူးပေါင်း ဖော်ထုတ်သတင်းပေးသွားဖို့ အသင့်ရှိပါကြောင်း သိစေချင်မိပါသည်။ ဒီလိုသာ အစိုးရ၊ တပ်မတော်၊ ဒေသခံတိုင်းရင်းသားများနှင့် ကျွန်တော်တို့ ပြည်သူများ၏ စုပေါင်းအားနှင့်သာ တိုက်ပွဲဝင်ပါက ရာဇ၀တ်ကောင်တို့၏ နေ၀င်ချိန်ရက်များ မကြာမီရောက်ရှိသွားမည်မှာ သေချာလျက်ရှိပါကြောင်း ဖော်ထုတ်ရေးသားလိုက်ရပါသည်။ (တာဝန်သိပြည်သူတစ်ဦး) ငြိမ်းချမ်းရေးသံစဉ်ကို နားဝင်မချိုသော ရာဇ၀တ်ကောင်ကြီးများ၏ နေ၀င်ချိန် အပိုင်း(၁)

No comments:

Post a Comment