Thursday, July 9, 2015

လက်တွဲခေါ်လို့ မရရင် TNLA ကို လက်တွဲဖြုတ်လို့ အပြတ်ချေမှုန်းပါ

လက်တွဲခေါ်လို့ မရရင် TNLA ကို လက်တွဲဖြုတ်လို့ အပြတ်ချေမှုန်းပါ ----------------------------------------------------------------------------- လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ TNLA ဆိုတဲ့ အမည်နာမကလည်း တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်လို့ နေပါတယ်။ UPWC နဲ့ NCCT၊ UPWC နဲ့ အဆင့်မြင့် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တို့ အပစ်ရပ်ကိစ္စ ဆွေးနွေးတဲ့ နောက်ဆုံးနှစ်ကြိမ်မှာ TNLA အတွက်လည်း တောင်းဆိုမှုတွေ ရှိနေပါတယ်။ ဇွန်လ ၂ ရက်နေ့ ကနေ ၉ ရက်နေ့အထိ လော်ခီးလာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အစည်းအဝေး၊ ဟိုတစ်နေ့က ချင်းမိုင်မှာ ပြုလုပ်ခဲ့တဲ့ အကြို တွေ့ဆုံဆွေးနွေးပွဲတွေမှာ TNLA အပါအ၀င် MNDAA၊ AA တို့ကို ငြိမ်းချမ်းရေး စားပွဲဝိုင်းထဲ ၀င်ခွင့်ရဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။ ဒါဆိုရင် TNLA အပေါ် အစိုးရရဲ့ သဘောထားကလည်း အရေးပါ တယ်လို့ ဆိုရပါမယ်။ ဒီတော့ TNLA အပေါ် အစိုးရက ဘယ်လို သဘောထားလဲ ကြည့်ရအောင်ပါ။ လော်ခီးလာ အစည်းအဝေး မကျင်းပခင် ဦးအောင်မင်း ဦးဆောင်တဲ့ UPWC နဲ့ NCCT တို့ အကြို တွေ့ဆုံခဲ့ကြတုန်းက TNLA အပေါ် အစိုးရက ထားတဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောကြားသွားတာ ရှိပါတယ်။ TNLA အဖွဲ့ကို အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့စပြီး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ အခုလည်း TNLA ကို ငြိမ်းချမ်းရေး တံခါးဖွင့်ထားတယ်။ ဒါပေမယ့် ကားလမ်းမပေါ်မှာ ကားတွေတားပြီး ဆက်ကြေးကောက်တာ၊ အပြစ်မဲ့ပြည်သူ တွေကို ပစ်ခတ်တိုက်ခိုက်တာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ရင်တော့ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါပေမယ့် TNLA က ဇူလိုင်လ ၄ ရက်နေ့က နမ္မတူအခြေစိုက် နယ်မြေခံ အစိုးရတပ်ရင်းကို TNLA အဖွဲ့က လက်နက်ကြီးတွေနဲ့ ရန်စပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစိုးရတပ်က တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးကာလမှာ TNLA အနေနဲ့ အစိုးရတပ်ကို ရန်စသွေးတိုးစမ်းမှုလုပ်တာ လုံးဝမှားပါတယ်။ အစိုးရတပ် တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေဖြစ်အောင် ဖန်တီးနေတဲ့ သဘောဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုရင်တော့ လက်တွဲစရာမလိုတော့ဘူးလို့ပဲ မြင်ပါတယ်။ ဆက်တိုက်ဆိုသလို ဟိုတစ်နေ့ကလည်း ကျောက်မဲမြို့နယ်ထဲမှာ TNLA အဖွဲ့က ဆက်ကြေးကောက်ပြီး အပြန် အစိုးရတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်လို့ သိရပါတယ်။ အစိုးရဘက်က တားမြစ်ထားတဲ့ လုပ်ရပ်ကို TNLA က အလေးမထားဘဲ ကျူးလွန်နေတာလို့ ပြောနိုင်ပါတယ်။ TNLA ကို အပစ်ရပ်လက်မှတ်ထိုးဖို့ NCCT အနေနဲ့ ဘယ်လိုပဲ တောင်းဆိုနေပါစေ၊ သူတို့ လုပ်နေတဲ့ လုပ်ရပ်က အပစ်ရပ်ချင်စိတ် မရှိဘူးဆိုတာ သိသာနေပါပြီ။ “ TNLA က ဘယ်တော့မှ ငြိမ်းချမ်းရေး ယူမှာ မဟုတ်ဘူး၊ ငါတို့ တိုင်းရင်းသားတွေဆီက ဆက်ကြေးကောက်မယ်၊ အတင်းအဓမ္မလူသစ်စုမယ်၊ ဘိန်းမှောင်ခို ကူးမယ်၊ အဲဒီလုပ်ရပ်တွေကို သူတို့ မစွန့်လွှတ်နိုင်ပါဘူး။ လွန်ခဲ့တဲ့ တစ်လလောက်တုန်းကလည်း နမ္မတူမြို့နယ်ထဲက ရွာတွေမှာ TNLA က လူသစ်အတင်းစုလို့ ရွာသား တွေ လားရှိုးမြို့ပေါ် ထွက်ပြေးလာတာ တွေ့တယ်။ မိသားစုဝင် ၁၅၀ လောက် ရှိမှာပေါ့။ တချို့ ရွာသားတွေက ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲတွေဆီ ထွက်ပြေးကြတယ်၊ အခုလည်း လူသစ်စု၊ ဆက်ကြေးကောက်တာတွေ မရပ်သေးဘူး၊ အစိုးရတပ်တွေနဲ့ တိုးလို့ တိုက်ပွဲဖြစ်နေတယ် ကြားတယ်၊ TNLA ကို ဒီအတိုင်း လွှတ်ထားလို့ကတော့ ပိုဆိုးလာဖို့ပဲ ရှိတယ်၊ ဒေသခံတွေလည်း ဒုက္ခမျိုးစုံကြုံနေရတယ်၊ အဲဒီ အဖွဲ့မရှိမှ အေးမှာ ” ဟု လားရှိုးမြို့ခံ ပလောင်တိုင်းရင်းသားတစ်ဦးက ဆိုပါတယ်။ တကယ်တော့ TNLA ဟာ အစိုးရက သနားလို့ ငြိမ်းချမ်းရေး ကမ်းလှမ်းခံထားရတဲ့အဖွဲ့ဖြစ်ပြီး အချိန်မီ အမြင်မှန်ရဖို့ လိုပါတယ်။ လူအင်အား ရာဂဏန်းလောက်ရှိတဲ့ အဲဒီအဖွဲ့ကို အစိုးရတပ်တွေ အနေနဲ့ တိုက်မယ် ဆိုရင် ခဏလေးပါပဲ။ KIA ရဲ့ လက်အောက်ခံလိုလို MNDAA ကို ကူတိုက်ပေးတဲ့ လူမိုက်အဖွဲ့လိုလို လုပ်နေ မယ်ဆိုရင် TNLA ကျဆုံးခန်း ရောက်တော့မှာ ဖြစ်ပါတယ်။ ပလောင်တိုင်းရင်းသားတွေကို ဒုက္ခပေးတယ်၊ ပလောင်ဒေသအတွက်လည်း အကျိုးမရှိဘူး၊ ငြိမ်းချမ်းရေးကိုလည်း မယူချင်ဘူးဆိုရင် TNLA ကို အစိုးရက ခွင့်မလွှတ်သင့်ဘူး။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုဖြစ်လာတဲ့ TNLA ကို အပြီးသတ်ချေမှုန်းပစ်ရမှာပဲ ဖြစ်ပါတယ်။ အခု အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ TNLA အဖွဲ့ဟာ မူလအဖွဲ့မဟုတ်တော့ဘဲ KIA အဖွဲ့ထဲ ၀င်သွားတဲ့ ပလောင် တွေကို KIA က ခိုင်းစေမှုကြောင့် ခြေဦးလှည့်လာတဲ့ အဖွဲ့လေးတစ်ဖွဲ့သာ ဖြစ်ပါတယ်။ တကယ်တော့ အင်အား ရာဂဏန်းလောက်နဲ့ ဗဟိုဌာနချုပ်တောင် မရှိတဲ့ အမည်ခံအဖွဲ့လေးတစ်ဖွဲ့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ TNLA အနေနဲ့ အခုချိန်မှာ အစိုးရက လက်တွဲခေါ်နေတာကို အမိအရ ဖမ်းဆုပ်ဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ လက်တွဲဖြုတ်မယ်ဆိုရင်တော့ ရလာမယ့် အကျိုးဆက်က မကောင်းနိုင်ပါဘူး။ ရှင်းရှင်းပြောရရင် လက်တွဲခေါ်လို့ မရရင် TNLA ကို လက်တွဲဖြုတ်ပြီး အပြတ်ချေမှုန်းပါလို့ ငြိမ်းချမ်းရေးလိုလားသူတစ်ဦး အနေနဲ့ တိုက်တွန်းလိုက်ချင်ပါတယ်။ #မိုင်းအိုက်ကျော်ရွှေ လက်တွဲခေါ်လို့ မရရင် TNLA ကို လက်တွဲဖြုတ်လို့ အပြတ်ချေမှုန်းပါ ----------------------------------------------------------------------------- လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ TNLA ဆိုတဲ့ အမည်နာမကလည်း တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်လို့ နေပါတယ်။ UPWC နဲ့ NCCT၊ UPWC နဲ့ အဆင့်မြင့် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တို့ အပစ်ရပ်ကိစ္စ ဆွေးနွေးတဲ့ နောက်ဆုံးနှစ်ကြိမ်မှာ TNLA အတွက်လည်း တောင်းဆိုမှုတွေ ရှိနေပါတယ်။ ဇွန်လ ၂ ရက်နေ့ ကနေ ၉ ရက်နေ့အထိ လော်ခီးလာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အစည်းအဝေး၊ ဟိုတစ်နေ့က ချင်းမိုင်မှာ ပြုလုပ်ခဲ့တဲ့ အကြို တွေ့ဆုံဆွေးနွေးပွဲတွေမှာ TNLA အပါအ၀င် MNDAA၊ AA တို့ကို ငြိမ်းချမ်းရေး စားပွဲဝိုင်းထဲ ၀င်ခွင့်ရဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။ ဒါဆိုရင် TNLA အပေါ် အစိုးရရဲ့ သဘောထားကလည်း အရေးပါ တယ်လို့ ဆိုရပါမယ်။ ဒီတော့ TNLA အပေါ် အစိုးရက ဘယ်လို သဘောထားလဲ ကြည့်ရအောင်ပါ။ လော်ခီးလာ အစည်းအဝေး မကျင်းပခင် ဦးအောင်မင်း ဦးဆောင်တဲ့ UPWC နဲ့ NCCT တို့ အကြို တွေ့ဆုံခဲ့ကြတုန်းက TNLA အပေါ် အစိုးရက ထားတဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောကြားသွားတာ ရှိပါတယ်။ TNLA အဖွဲ့ကို အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့စပြီး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ အခုလည်း TNLA ကို ငြိမ်းချမ်းရေး တံခါးဖွင့်ထားတယ်။ ဒါပေမယ့် ကားလမ်းမပေါ်မှာ ကားတွေတားပြီး ဆက်ကြေးကောက်တာ၊ အပြစ်မဲ့ပြည်သူ တွေကို ပစ်ခတ်တိုက်ခိုက်တာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ရင်တော့ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါပေမယ့် TNLA က ဇူလိုင်လ ၄ ရက်နေ့က နမ္မတူအခြေစိုက် နယ်မြေခံ အစိုးရတပ်ရင်းကို TNLA အဖွဲ့က လက်နက်ကြီးတွေနဲ့ ရန်စပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစိုးရတပ်က တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးကာလမှာ TNLA အနေနဲ့ အစိုးရတပ်ကို ရန်စသွေးတိုးစမ်းမှုလုပ်တာ လုံးဝမှားပါတယ်။ အစိုးရတပ် တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေဖြစ်အောင် ဖန်တီးနေတဲ့ သဘောဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုရင်တော့ လက်တွဲစရာမလိုတော့ဘူးလို့ပဲ မြင်ပါတယ်။ ဆက်တိုက်ဆိုသလို ဟိုတစ်နေ့ကလည်း ကျောက်မဲမြို့နယ်ထဲမှာ TNLA အဖွဲ့က ဆက်ကြေးကောက်ပြီး အပြန် အစိုးရတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်လို့ သိရပါတယ်။ အစိုးရဘက်က တားမြစ်ထားတဲ့ လုပ်ရပ်ကို TNLA က အလေးမထားဘဲ ကျူးလွန်နေတာလို့ ပြောနိုင်ပါတယ်။ TNLA ကို အပစ်ရပ်လက်မှတ်ထိုးဖို့ NCCT အနေနဲ့ ဘယ်လိုပဲ တောင်းဆိုနေပါစေ၊ သူတို့ လုပ်နေတဲ့ လုပ်ရပ်က အပစ်ရပ်ချင်စိတ် မရှိဘူးဆိုတာ သိသာနေပါပြီ။ “ TNLA က ဘယ်တော့မှ ငြိမ်းချမ်းရေး ယူမှာ မဟုတ်ဘူး၊ ငါတို့ တိုင်းရင်းသားတွေဆီက ဆက်ကြေးကောက်မယ်၊ အတင်းအဓမ္မလူသစ်စုမယ်၊ ဘိန်းမှောင်ခို ကူးမယ်၊ အဲဒီလုပ်ရပ်တွေကို သူတို့ မစွန့်လွှတ်နိုင်ပါဘူး။ လွန်ခဲ့တဲ့ တစ်လလောက်တုန်းကလည်း နမ္မတူမြို့နယ်ထဲက ရွာတွေမှာ TNLA က လူသစ်အတင်းစုလို့ ရွာသား တွေ လားရှိုးမြို့ပေါ် ထွက်ပြေးလာတာ တွေ့တယ်။ မိသားစုဝင် ၁၅၀ လောက် ရှိမှာပေါ့။ တချို့ ရွာသားတွေက ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲတွေဆီ ထွက်ပြေးကြတယ်၊ အခုလည်း လူသစ်စု၊ ဆက်ကြေးကောက်တာတွေ မရပ်သေးဘူး၊ အစိုးရတပ်တွေနဲ့ တိုးလို့ တိုက်ပွဲဖြစ်နေတယ် ကြားတယ်၊ TNLA ကို ဒီအတိုင်း လွှတ်ထားလို့ကတော့ ပိုဆိုးလာဖို့ပဲ ရှိတယ်၊ ဒေသခံတွေလည်း ဒုက္ခမျိုးစုံကြုံနေရတယ်၊ အဲဒီ အဖွဲ့မရှိမှ အေးမှာ ” ဟု လားရှိုးမြို့ခံ ပလောင်တိုင်းရင်းသားတစ်ဦးက ဆိုပါတယ်။ တကယ်တော့ TNLA ဟာ အစိုးရက သနားလို့ ငြိမ်းချမ်းရေး ကမ်းလှမ်းခံထားရတဲ့အဖွဲ့ဖြစ်ပြီး အချိန်မီ အမြင်မှန်ရဖို့ လိုပါတယ်။ လူအင်အား ရာဂဏန်းလောက်ရှိတဲ့ အဲဒီအဖွဲ့ကို အစိုးရတပ်တွေ အနေနဲ့ တိုက်မယ် ဆိုရင် ခဏလေးပါပဲ။ KIA ရဲ့ လက်အောက်ခံလိုလို MNDAA ကို ကူတိုက်ပေးတဲ့ လူမိုက်အဖွဲ့လိုလို လုပ်နေ မယ်ဆိုရင် TNLA ကျဆုံးခန်း ရောက်တော့မှာ ဖြစ်ပါတယ်။ ပလောင်တိုင်းရင်းသားတွေကို ဒုက္ခပေးတယ်၊ ပလောင်ဒေသအတွက်လည်း အကျိုးမရှိဘူး၊ ငြိမ်းချမ်းရေးကိုလည်း မယူချင်ဘူးဆိုရင် TNLA ကို အစိုးရက ခွင့်မလွှတ်သင့်ဘူး။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုဖြစ်လာတဲ့ TNLA ကို အပြီးသတ်ချေမှုန်းပစ်ရမှာပဲ ဖြစ်ပါတယ်။ အခု အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ TNLA အဖွဲ့ဟာ မူလအဖွဲ့မဟုတ်တော့ဘဲ KIA အဖွဲ့ထဲ ၀င်သွားတဲ့ ပလောင် တွေကို KIA က ခိုင်းစေမှုကြောင့် ခြေဦးလှည့်လာတဲ့ အဖွဲ့လေးတစ်ဖွဲ့သာ ဖြစ်ပါတယ်။ တကယ်တော့ အင်အား ရာဂဏန်းလောက်နဲ့ ဗဟိုဌာနချုပ်တောင် မရှိတဲ့ အမည်ခံအဖွဲ့လေးတစ်ဖွဲ့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ TNLA အနေနဲ့ အခုချိန်မှာ အစိုးရက လက်တွဲခေါ်နေတာကို အမိအရ ဖမ်းဆုပ်ဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ လက်တွဲဖြုတ်မယ်ဆိုရင်တော့ ရလာမယ့် အကျိုးဆက်က မကောင်းနိုင်ပါဘူး။ ရှင်းရှင်းပြောရရင် လက်တွဲခေါ်လို့ မရရင် TNLA ကို လက်တွဲဖြုတ်ပြီး အပြတ်ချေမှုန်းပါလို့ ငြိမ်းချမ်းရေးလိုလားသူတစ်ဦး အနေနဲ့ တိုက်တွန်းလိုက်ချင်ပါတယ်။ #မိုင်းအိုက်ကျော်ရွှေ

No comments:

Post a Comment