Saturday, December 24, 2016

ခရစ္စမတ်အကြိုနေ့မှာ စင်္ကာပူမှာ မိုးကြီးပြီး လမ်းမများထက် ရေလျှံ

ခရစ္စမတ်အကြိုနေ့ ဖြစ်တဲ့ ယနေ့မှာ စင်္ကာပူနိုင်ငံရဲ့ နေရာအတော်များများမှာ လမ်းမတွေထက် ရေလျှံမှုတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ စင်္ကာပူနိုင်ငံသားတွေ တင်ထားတဲ့ ဓါတ်ပုံတွေအရ အထက်သွမ်မဆင်လမ်းမကြီးထက် ရေလျှံနေတာကို တွေ့ရှိရပါတယ်။

ဒါ့အပြင် Cairnhill Road၊ Newton Circus နဲ့ Pan Island Expressway (PIE) တို့မှာလည်း ရေလျှံမှုတွေနဲ့ ကြုံတွေ့ရမယ်လို့ စင်္ကာပူ ကုန်းလမ်းပို့ဆောင်ရေး ဌာနရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

ယနေ့ စင်္ကာပူ စံတော်ချိန် ညနေ ၄ နာရီခွဲနဲ့ ၆ နာရီကြားမှာ စင်္ကာပူနိုင်ငံ အနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းလိမ့်မယ်လို့ ခန့်မှန်းထားကြောင်းလည်း PUB Singapore ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။

Ref : CNA

No comments: